အာဆင်နယ်ကို ရှုံးခဲ့တဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ Rating များ

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက််စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ မ​​နေ့ညက အမ်းမရိတ်ကွင်းထဲ ပရီးမီးယားလိဂ် ပွဲစဥ် 21 ကစားခဲ့ကြပြီး အိမ်ရှင်တို့က ပထမ အ​ကျော့ ရှုံးပွဲကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ပြန်လည် ခြေပသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက််စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ပွဲချိန် 17 မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဧည့်သည် အသင််းကို ရင်ခုန်မှုတွေ ပေးခဲ့ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ကတော့ 7 မိနစ် အကြာမှာပဲ ခြေပနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်း 53 မိနစ် မှာလည်း ဆာကာရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်တို့ ဦးဆောင်ခွင့် ပြန်လည် ရရှိသွားခဲ့ကြပါတယ် ။ ဒါပေမဲ့ 6 မိနစ် အကြာမှာပဲ မာတီနက်ဇ် က ပြန်လည် ခြေပနိုင်ခဲ့တာကြောင့် ပွဲရှိန်ဟာ ပိုမို မြင့်တက်လာခဲ့ရပါတယ် ။

နောက်ဆုံးမှာတော့ အာဆင်နယ် အသင်းဟာ ပွဲချိန် 90+ မိနစ်မှ အငြင်းပွားဖွယ် သွင်းဂိုးကြောင့် လိုအပ်နေခဲ့တဲ့ အနိုင်် 3 မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီဂိုးမှာ ဂိုးသွင်းခဲ့ချိန် လူမကျွံခဲ့ပေမဲ့ ဇင်ချန်ကို ဘောလုံး ပေးချိန်မှာ ကျွံမကျွံ မစစ်ဆေးခဲ့တာက ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီပွဲမှာ ပိုကောင်းအောင် ကစားပြနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ အနိုင် 3 မှတ်နဲ့ ထိုက်တန််ခဲ့ပြီး အမှတ်ပေး ဇယားထိပ်မှာ မန်စီးတီးကို 5 မှတ် ဆက််လက် ဖြတ်ထားနိုင်ခဲ့ပါပြီ ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့လည်း အဆင့် 4 နေရာမှာ ရပ်တည်နေခဲ့ရပါပြီ ။

ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ကြပေမဲ့ အသင်းမှ ကစားသမားတွေရဲ့ စိတ်အားထက်သန်မှု ၊ ဒါဘီပွဲမှာ အရှုံးမပေးပဲ တိုက််ခိုက်လိုစိတ် ရှိနေမှုတွေကို ပြန်လည် မြင်တွေ့ခဲ့ရတဲ့ ပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက််ပါတယ် ။

ဒီဂီယာ (5)

ဘောလုံးကိုင် ကစားပုံ မသေသပ်ခဲ့တဲ့အတွက် ခြေပဂိုး ပေးခဲ့ရပါတယ် ။ ဆာကာ ရဲ့ ဂိုးကို ဟန့်တားနိုင်ခဲ့သင့်ပါတယ် ။

ဘစ်ဆာကာ (5)

ခံစစ်ပိုင်း ကစားပုံ စိတ်ချလို့ ရခဲ့တဲ့ ကစားသမားဟာ ဒီပွဲမှာတော့ အန်ကီးတီးယားကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အာဆင်နယ်ရဲ့ အနိုင်ဂိုးမှာလည်း လူကျွံ မဖမ်းနိုင်ခဲ့ပါဘူး ။

ဗာရန်း (6)

သူ့ရဲ့ နေရာမှာ တာဝန်ကျေခဲ့ပြီး ကစားပုံလည်း တည်ငြိမ််ခဲ့ပါတယ် ။ ဒါပေမဲ့ ဘစ်ဆာကာ ရဲ့ ကွက်လပ်ကို ဖြည့်ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး ။

မာတီနက်ဇ် (8)

တိုက်စစ်ရော ခံစစ်ပိုင်းပါ ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။ အန္တရာယ် ဖြစ်စေနိုင်မယ့် ဘောလုံးတွေကို အကောင်းဆုံး အနံ့ခံ ဟန့်တားပြနိုင်ခဲ့ပါတယ် ။

ရှော (6)

ပွဲချိန်တစ်လျှောက် နိုးနိုးကြားကြား ကစားနိုင်ခဲ့ပြီး ဆာကာကိုလည်း တက်နိုင်သမျှ ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ အကောင်းဆုံး မခုခံနိုင်ခဲ့သလို တိုက်စစ်ကိုလည်း ထိထိရောက်ရောက် မပံ့ပိုးနိုင်ခဲ့ပါဘူး ။

တော်မီနေး (6)

ကာစီမီရို ရဲ့ နေရာကို ဝင်ဖြည့်နိုင်မှာ မဟုတ်ဘူးလို့ ထင််ကြေးပေးခံခဲ့ရတဲ့ တော်မီနေးဟာ ထင်တာထက်ပိုပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးပေါက်လည်း ခြိမ်း​ခြောက်ပြနိုင်ခဲ့ပါတယ် ။

အဲရစ်ဆင် (5)

ကွင်းလယ်မှာ သူ့တာဝန် ကျေအောင် ကစားနိုင်ခဲ့ပေမဲ့ ဆာကာ ဂိုးသွင်းချိန်မှာ မဟန့်တားနိုင်ခဲ့ပါဘူး ။ အိုဒီဂတ် ရဲ့ ကန်ချက်ကိုတော့ ဟန့်တားနိုင်ခဲ့ပါတယ် ။

အန်တိုနီ (6)

တိုက်စစ်ပိုင်းမှာ မထူးကဲပြနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းကိုတော့ အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါတယ် ။ ပဲ​လေ့စ် နဲ့ ပွဲတုန််းကထက် ပိုကောင်းခဲ့ပေမဲ့ ယူနိုက်တက် ပရိသတ်တွေ မြင်ချင်တဲ့ ကစားသမားမျိုး မဖြစ်ပြနိုင်ခဲ့ပါဘူး ။

ဘရူနို (6)

ရပ်ရှ်ဖို့ရဲ့ အဖွင့်ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ပုံစံကောင််း အချို့လည်း ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ််ပိုင်း ပံ့ပိုးမှုက အကန့်အသတ် ဖြစ်ခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ (7)

ပုံစံကောင်း ဆက်လက် ပြသပြီး အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သလို အာဆင်နယ် ခံစစ်ကိုလည်း ဗျာများစေခဲ့ပါတယ် ။ နောက်တစ်ဂိုး ရရှိနိုင်ခဲ့သင့်ပေမဲ့ ရမ့်စ်ဒေးလ် လက်စွမ်းပြသွားခဲ့ပါတယ် ။

ဝဂ်ဟော့စ် (6)

ဂိုးသွင်းဖို့ ခေါ်ယူထားတဲ့ ကစားသမားဟာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျ ကစားပေးနိုင်ခဲ့ပြီး အသင်းဖော်တွေကို ကူညီပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဖရက်ဒ် (5)
ဂါနာချို (NA)

#Sports_Myanmar