လီဗာပူးရဲ့ ရုန်းကန်ရမှုတွေကြားမှာ အကျိုးများခဲ့တဲ့ ကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က လက်ရှိ လီဗာပူး အသင်းရဲ့ ရုန်းကန်နေရမှုတွေကြားမှာ ရှားရှားပါးပါး အပေါင်းလက္ခဏာဆောင်ခဲ့တာ ကတော့ ကွင်းလယ်ပိုင်းမှာ စတီဖန်ဘက်ဆီတစ် ထွန်းတောက်လာခဲ့မှု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ စပိန် လူငယ်လက်ရွေးစင်ဟာ စနေနေ့က ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ကို ရရှိခဲ့ပြီး ယုံကြည်မှုပြည့်၀တဲ့ display ကို ပြသခဲ့ကာ ပြီးခဲ့တဲ့အပတ်က ဝုဖ်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်က သူ့ရဲ့ ကောင်းမွန်တဲ့ performance ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၂၀ က ဆယ်တာဗီဂို ကနေ ရောက်ရှိလာခဲ့တဲ့ ဘက်ဆီတစ်ဟာ ယာဂန်ကလော့ရဲ့ စီနီယာအသင်းကြီး အတွက် ၁၀ ပွဲ ကစားထားခဲ့ပြီး ဖြစ်ကာ လာမည့် အပတ် ဘရိုက်တန်နဲ့ ပွဲစဉ်မှာလည်း ပုံစံကောင်း ပျောက်နေတဲ့ ဖာဘင်ညိုကို ကျော်ကာ ပွဲထွက်ခွင့် ရဖို့ များနေပါတယ်။ ကလော့ရဲ့ အသင်းဟာ ဒီအချိန်မှာ ယုံကြည်မှုပိုင်း ပျောက်ဆုံးနေကာ ကစားပုံ ဆိုးရွားလျက် ရှိနေသလို top 4 နေရာနဲ့ ၁၀ မှတ် အကွာကို ရောက်နေကာ ဒါဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် ကောင်းမွန်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

 

ဒါပေမယ့်လည်း လီဗာပူးရဲ့ အဓိက ကစားသမားတွေ ရုန်းကန်နေရမှုဟာ ဘက်ဆီတစ် ဟာဗေးအယ်လီယော့ တို့လို ကစားသမားတွေ တိုးတက်မှု ရှိလာစေရန် လိုအပ်တဲ့ ပွဲကစားချိန်တွေ ရရှိစေခဲ့ပြီး အယ်လီယော့ ကလည်း ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ front three ရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ကစားသွားခဲ့ပါတယ်။

ကလော့က “ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေမှာ ကောင်းမွန်တဲ့ အရာ သိပ်အများကြီး ရှိမနေပါဘူး။ ဒါပေမယ့် ဒါဟာ လူငယ် ကစားသမားတွေ အတွက် အခွင့်အရေး တံခါးတွေ ပွင့်သွားစေပါတယ်။ ဒါဟာ ရှားရှားပါးပါး အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် စတီဖန်ဘက်ဆီတစ်ပေါ့။ တံခါးပွင့်ခဲ့သလား ဘာလားဆိုတာ ကျနော် မသိပေမယ့် စတီဖန် ကတော့ ဒါကို ဖြတ်သန်းကာ ဒီအခိုက်အတန့်မှာ သူဟာ အရမ်းကောင်းအောင် လုပ်ပြနေပါတယ်။ ဒါကတော့ ရှင်းလင်းတယ်လို့ ကျနော် ထင်ပါတယ်။

သူနဲ့ပက်သက်ပြီး ကျနော်တို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တအားကို ငယ်နေသေးလို့ပါ။ သူဟာ ချဲလ်ဆီးနဲ့ ပွဲမှာ အဝါကတ် ထိခဲ့ပေမယ့် ရိုးရိုးသားသား ပြောရရင် ဒါဟာ သူ့ရဲ့ အမှားချည်းပဲ မဟုတ်ပါဘူး။ အဝါထိထားခဲ့ပေမယ့် သူဟာ ပွဲအတွင်းမှာ တကယ်ကောင်းအောင် ကစားနိုင်ဆဲ ဖြစ်ခဲ့ပါတယ်။ အမှန်ပါပဲ။ ပွဲပြီးခါနီးမှာ သူ မောပန်းသွားခဲ့ပါတယ်။ အဝါကတ် ထိထားခဲ့တဲ့ ကစားသမားတိုင်းဟာ risk ရှိပါတယ်။ အထူးသဖြင့် မောပန်းနေတဲ့ အချိန်မှာပေါ့။ ဒါ့ကြောင့် ကျနော်တို့ သူနဲ့ ပက်သက်ပြီး မစွန့်စားချင်ခဲ့တာကြောင့် လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့မှုဟာ လွန်ခဲ့တဲ့ အောက်တိုဘာလက ၀က်ဟမ်းကို နိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ပထမဦးဆုံး ပရီးမီးယားလိဂ် clean sheet ဖြစ်ပြီး ကလော့က ဒါကို အခြေခံကာ အလုပ်လုပ်သွားရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူး မန်နေဂျာက “clean sheet ဟာ တကယ့်ကို အရေးပါပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး စက္ကန့်ပိုင်းမှာ ကျနော်တို့ ဘယ်လို block လုငပ်ခဲ့သလဲဆိုတာ မေ့လို့ မရနိုင်ပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာတော့ ဒီကာကွယ်မှုကို မေ့သွားကြမှာပါ။ ဒါလို clean sheet ရခဲ့တာ ကတော့ ကောင်းမွန်တဲ့ ခံစားချက်ကို ရစေပါတယ်။ ကျနော်တို့ တည်ဆောက်သွားရမယ့် အရာတွေ ရှိပါတယ်။ နောက်ထပ်ခြေလှမ်းကတော့ ဘရိုက်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်ပါ။ ဒီအသင်းနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲစဉ်မှာ ကျနော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော်တို့ ဒီတစ်ကြိမ်မှာ ပိုကောင်းအောင် လုပ်သွားရမှာပါ။ ဒီပွဲဟာ စိတ်၀င်စားစရာကောင်းပါလိမ့်မယ်။”

SM