ရှုံးကြွေးဆပ်တဲ့ ဆင်ပျံကြီး ၊ အရှိန်မပြတ်သေးတဲ့ ဘာဆာ ၊ ဇန်နဝါရီအပြောင်းအရွှေ့ အကြောင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အဆင့် ၁ နေရာက အာဆင်နယ် ဟာ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အာဆင်နယ် အတွက် လူငယ် တိုက်စစ်မှူးလေး အန်ကီတီယာ က ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဆာကာ က တဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ် ဟာ အဆင့် ၂ နေရာက မန်စီးတီး ကို ၅ မှတ် ဆက်လက် ဖြတ်ထားနိုင်ခဲ့ ပါတယ် ။

မန်စီးတီး ကလည်း ဝုဗ် ကို ၃-၀ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူး အာလင်း ဟာလန်း တယောက်တည်းက ဟက်ထရစ် သွင်းယူ ပေးသွားခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ ဂီတာဖေး အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကနေ ရီးရဲမက်ဒရစ် ကို ၃ မှတ်အသာ နဲ့ ဆက်လက် ဦးဆောင် နေခဲ့ပါတယ် ။

ဘာဆာ အတွက် တလုံးတည်းသော ဂိုးကိုတော့ ပက်ဒရီ က သွင်းယူ ပေးသွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ၁၅ မှတ် လျော့ခံလိုက်ရလို့ ဇယားအလယ် ရောက်သွားတဲ့ ယူဗင်တပ် ဟာ အတ္တလန်တာ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ၃ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ နီကိုလို ဇာနီယိုလို ဟာ ရိုးမား ကနေ ထွက်ခွာဖို့ ခွင့်တောင်းဆို ထားကြောင်း ၊ ဒါပေမယ့် ဒါဟာ လက်ရှိ ဇန်နဝါရီ အတွင်း ဖြစ်လာဖို့ လုံလောက်မှု ရှိမလားဆိုတာ ကိုတော့ သူ သေချာ မပြောနိုင်ကြောင်း ရိုးမား နည်းပြ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ ဇာနီယိုလို ကို အငှား + အပြီးသတ် ပုံစံမျိုးနဲ့ ကမ်းလှမ်းထားပြီး ရိုးမား ဘက်က ပြန်လည် သုံးသပ် နေတယ်လို့ သိရပါတယ် ။

မာဆေး အသင်းကတော့ ဗီရိုနာ အသင်းကစားသမား အိုင်ဗန် အီလစ် ကို ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ် ။

ဝုဗ် အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက် ရဲ့ ၃၂ နှစ် အရွယ် နောက်ခံလူ ခရစ် ဒေါ်ဆင် ကို ၂ နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ် နဲ့ ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ ပါတယ် ။

ဘိုင်ယန်မြူးနစ် အကြီးအကဲ အူလီဟိုးနက်စ် က သူတို့ဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူမှာ မဟုတ်ကြောင်း ၊ ပေါင် သန်း ၁၃၀ အထိ ပေးချေ ရမယ့် ဘက်ဂျက်စီမံကိန်းမျိုး သူတို့ ှမှာ မရှိနေကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စပီဇီယာ အသင်း နည်းပြ လူကာ ဂေါ့တီ ကတော့ Kiwior ရဲ့ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ သွားမှုဟာ သူ့ကို စိတ်ပျက်ရ စေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ ပါတယ် ။

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ် ဟာ ချဲလ်ဆီး ရဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စား နေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

သြစတြေးလျ အေ-လိဂ် ကလပ် မက် အာသာ အသင်းကို ကိုင်တွယ် နေတဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ် ဟာ နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံလိုက်ရပြီ လို့ သိရပါတယ် ။

SPORTS MYANMAR