တန်ဟတ် ဖြေရှင်းဖို့ ကြိုးစားရမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြသနာကို ထုတ်ပြောလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ ဒါဟာ ယူနိုက်တက်အတွက် ကမ္ဘာ့ ဖလား ပြိုင်ပွဲ အပြီး ပထမဆုံး ရှုံးပွဲကြုံတွေ့ခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပုံစံကောင်းတွေ ပြသနေခဲ့တဲ့ ရပ်ရှ်ဖို့ က ပွဲချိန် 17 မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ 7 မိနစ်် အကြာမှာပဲ အာဆင်နယ် တိုက်စစ် ကစားသမား ဖြစ်တဲ့ အန်ကီးတီယား က ပြန်လည် ခြေပသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပထမပိုင်းဟာ 1 – 1 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံးခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ပွဲချိန် 53 မိနစ်မှ ဆာကာ ရဲ့ သွင််းဂိုး နဲ့ အိမ်ရှင်တို့ ပြန်လည် ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ 6 မိနစ် အကြာမှာပဲ မာတီနက်ဇ် က ပြန်လည် ခြေပသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် အာဆင်နယ်တို့ကပဲ ဆက်လက် ဖိအားပေး ကစားသွားနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် 90 အကျော်မှ အန်ကီးတီးယား ရဲ့ သွင်းဂိုးနဲ့ပဲ အနိုင်ယူ သွားနိုင်ခဲ့ကာ ပထမ အကျော့ ရှုံးကြွေးကို ဆပ်သွားနိုင်ခဲ့ကာ မန်စီးတီး အသင်းကို 5 မှတ် ပြန်ဖြတ်ခဲ့ကြပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရွိုင်ကိန်း က ကာစီမီရို သာ ပါဝင်ခဲ့ရင် ဒီထက် ပိုကောင်းတဲ့ ရလဒ် တစ်ခုကို ပိုင််ဆိုင်နိုင်မှာ ဖြစ်ကြောင်း ၊ သူမပါပဲ ဘယ်လို ရှေ့ဆက်ရမလဲဆိုတာကို တန်ဟတ် အနေနဲ့ အဖြေရှာသင့်ကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” သူသာ ပါဝင်နိုင်ခဲ့ရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို ဘယ်သူ သိနိုင်မလဲဗျာ ။ သူမပါတာက ကြီးမားတဲ့ဆုံးရှုံးမှု တစ်ခု ဖြစ်သွားခဲ့ရပါတယ် ။ မန်ချက်စတာ ယူနိုက်တက််လို အသင်းမျိုး အနေနဲ့ ဒီလို ပြသနာမျိုးကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လိုအပ်လှပါတယ် ”

” အခုလို အခိုက်အတန့်မျိုးမှာဆိုရင် အဝါကဒ်တွေထိတဲ့သူ များနေခဲ့ရပြီလေ ။ ဒီလို အချိန်မျိုးမှာ ပွဲပယ် ပြသနာတွေ ကြုံတွေ့လာရမှာပါပဲ ။ စကော့ မက် တော်မီနေးက ဒီပွဲမှာ ကစားပုံကောင်းခဲ့ပါတယ် ။ ကျွန်တော် ပြောတာကို နားလည်မှု မလွဲစေချင်ပါဘူး ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အခြားသော ရွေးချယ်မှုတွေကို ကြည့်လိုက်ရင် သိပ် အားရစရာ မကောင်းဘူးဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ခင်ဗျားတို့ ကစားသမားသစ် ခေါ်ယူတယ်ဆိုတာက အသင်းကို ပိုပြီး တောင့်တင်းစေချင်လို့လေ ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်အတွက် ဝင်ရောက် ကစားပေးကြတဲ့ သူတွေက အဲ့တာကို လုပ်နိုင်စွမ်း သိပ်မရှိဘူးလို့ ထင်မိပါတယ် ။ ဒါက ယူနိုက်တက်လို အသင်းမျိုးအတွက် အကြီးကြီး စိတ်ပျက်စရာပါပဲ ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar