ချဲလ်ဆီး or လီဗာပူး?? Top 4 ၀င်နိုင်ရန် အခြေအနေ ပိုကောင်းတဲ့ အသင်းကို ပြောပြလိုက်တဲ့ ဟယ်ဆယ်ဘိန့်

ဂျင်မီဖလွိုက်ဟယ်ဆယ်ဘိန့်က လီဗာပူးဟာ သူ့ရဲ့ အသင်းဟောင်းထက်စာရင် top 4 ၀င်ရန် အခြေအနေ ပိုကောင်းတယ်လို့ ဆိုလိုက်ပါတယ်။ the Reds တို့ဟာ စနေနေ့က အန်ဖီးမှာ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့ကာ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး top 4 နေရာနဲ့ ၁၀ မှတ် အကွာကို ရောက်နေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ နောက်ပိုင်း လီဗာပူးတို့ ပထမဦးဆုံး အကြိမ် clean sheet ရခဲ့တာလည်း ဖြစ်ပါတယ်။

အန်ဖီးမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးဟာ လီဗာပူးထက် ပိုမို ခြေစွမ်းကောင်းမွန်ခဲ့သလို ဒဏ်ရာရ ကစားသမားတွေ ပြန်လာခဲ့မယ်ဆိုရင် ယာဂန်ကလော့ရဲ့ အသင်းထက်လည်း အင်အား တောင့်တင်းနေမှာ ဖြစ်ပါတယ်။ လီဗာပူး ကတော့ ဒဏ်ရာရနေတဲ့ ဗန်ဒိုက် အပါအ၀င် ကွင်းလယ်ပိုင်းမှာ ဖာဘင်ညို ဟန်ဒါဆန် တီယာဂို တို့လို ကစားသမား အစုံအလင်နဲ့ ကစားရင်တောင် ရုန်းကန် နေရတာကြောင့် လူအများစုက ချဲလ်ဆီးဟာ top 4 နေရာအတွက် လီဗာပူးထက် ပိုမို ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ယူဆနေကြပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဟယ်ဆယ်ဘိန့်က လီဗာပူးဟာ နယူးကာဆယ်ကို အမှီလိုက်ကာ လာမည့် ရာသီ ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာစာ ရယူနိုင်ရန် ချဲလ်ဆီးထက် ဘာကြောင့် အခြေအနေ ကောင်းနေသလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

ဟယ်ဆယ်ဘိန့်က “ချန်ပီယံလိဂ်၀င်ခွင့် အတွက် နယူးကာဆယ်တို့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိနေပါတယ်။ သူတို့ဟာ top 4 battle မှာ မြင်တွေ့နေရတာဟာ refreshing ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားနေပုံ အရ သူတို့ဟာ top 4 နေရာနဲ့ ထိုက်တန်မှု ရှိပါတယ်။ ချဲလ်ဆီးဟာ အကူးအပြောင်း ကာလကို ဖြတ်သန်းနေရတယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူး ကတော့ ပြီးခဲ့တဲ့ နှစ်တွေက လုပ်ပြခဲ့သလိုမျိုး ၁၀ ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။

ဒါ့ကြောင့် လီဗာပူးဟာ နယူးကာဆယ်ကို အမှီလိုက်နိုင်ရန် ချဲလ်ဆီးထက် အခွင့်အရေး ပိုရှိနေပါတယ်။ အကယ်၍ သူတို့ ဒီလို clean sheets တွေ ရယူလာနိုင်ပြီ ဆိုရင် တစ်ဖက်မှာ သူတို့ဟာ ဂိုးတွေ သွင်းယူပြီး နိုင်ပွဲတွေ ရှာဖွေနိုင်မှာပါ။ ကျွန်တော့် အတွက် ကတော့ top 4 နေရာဟာ နယူးကာဆယ် လက်ထဲမှာ ရှိနေတယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယူးကာဆယ် အသင်းရဲ့ အားနည်းချက် ကတော့ တိုက်စစ်ပိုင်းပဲ ဖြစ်ပြီး အက်ဒီဟောင်းရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး လိဂ်ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲက ဂိုးမရှိသရေကျထားခဲ့ပါတယ်။

SM