အာဆင်နယ် Vs ယူနိုက်တက် ပွဲစဥ်မှာ ဘယ်အသင်းကို အားပေးမလဲဆိုတဲ့ မေးခွန်းအပေါ် တုန့်ပြန်လိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ပက် ဂွာဒီယိုလာ က ဒီနေ့ညမှာ ကစားကြမယ့် အာဆင်နယ် Vs မန််ချက်စတာ ယူနိုက်တက် ပွဲစဥ်မှာ မြို့ခံပြိုင်ဖက် ယူနိုက်တက် အသင်းကို အားပေးသွားမှာ မဟုတ်ကြောင်း ထုတ်ပြော သွားခဲ့လိုက််ပါတယ် ။

ဒီနေ့ညမှာတော့ အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ ကစားသွားကြဖို့ ရှိနေပါတယ် ။ ဒီပွဲမတိုင််မီမှာတော့ မန်စီးတီး အသင်းဟာ ဝုလ်ဗ် နဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီညရဲ့ ရလဒ်တွေက မန်စီးတီး ပရိသတ်တွေအတွက် ရင်ခုန်စရာ ဖြစ်နေခဲ့ပါတယ် ။

အကယ်လို့ ဒီညမှာ မန်စီးတီး အနိုင်ရရှိပြီး အာဆင်နယ်တို့ ယူနိုက်တက်ကို ရှုံးနိန့်ခဲ့ရင် သူတို့ နှစ်သင်း အကြား ရမှတ် ခြားနားချက် 2 မှတ်မျှသာ ရှိနေပါတော့မယ် ။ ဒါဟာ မန်စီးတီး အတွက်တော့ 3 ရာသီ ဆက်တိုက် ဖလား ဆွတ််ခူးဖို့ မျှော်လင့်ချက် ကောင်းစေမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဝုလ်ဗ် နဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က မြို့ခံ ပြိုင်ဖက် အသင််းကို အားပေးသွားမှာ မဟုတ်ကြောင်း ၊ သူတို့နဲ့ အာဆင်နယ် အသင်းကြား ခြားနားချက် ကြီးမားကြောင်း ထုတ််ပြောသွားခဲ့လိုက်ပါတယ် ။

” ယူနိုက်တက်ကို အားပေးဖို့လား ? ကျွန်တော်ကတော့ ဒီအကြောင်းကို တွေးတောမနေပါဘူး ။ အာဆင်နယ်တို့ ယူနိုက်တက်ကို ရှုံးစေချင်လား ? ကျွန်တော်တို့တွေသာ အခုလိုမျိုး ရှေ့ဆက် ကစားနေကြရင် သူတို့တွေကို လိုက်မီမှာ မဟုတ်ပါဘူး ”

” ကျွန်တော်တို့ကို ကျွန်တော်တို့ အရင်ဆုံး ပြုပြင်ပြောင််းလဲဖို့ လိုအပ်ပါလိမ့်မယ် ။ အာဆင်နယ် အသင်းသာ အခုလို ဆက်ပြီးကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဖက်က သူတို့ကို ဂုဏ်ပြုစကား ပြောကြရပါလိမ့်မယ် ။ ရမှတ် 3 ၊ 4 မှတ် ခြားနားတာက ကိစ္စကြီး မဟုတ်ပါဘူး ”

” ကျွန်တော်တို့ ကိုယ်တိုင်လည်း အချိန်မရွေးပဲ ကျဆင်းသွားနိုင်တယ်လေ ။ ရမှတ် ခြားနားချက် ကြီးမားနေခဲ့တာကို ကျော်ဖြတ်ပြီး ဖလားယူပြနိုင်တာက အတိတ်တစ်ခုပဲ ဖြစ်သွားခဲ့ရပါပြီ ။ အခုချိန်မှာ အရင်က လုပ်ပြနိုင်ခဲ့တာတွေကို ပြောလို့ ဘာမှ မထူးတော့ပါဘူး ”

” လက်ရှိ အာဆင်နယ် အသင်းဟာ အလွတ် တည်ကန်ဘောတွေ ကစားတာကောင်းတယ် ၊ အသင်းလိုက်စုဖွဲ့ပြီး ကစားနိုင်တယ် ၊ ခံစစ် ကစားချိန်မှာလည်း ကစားသမား 10 ယောက်လုံး ဂိုး ဧရိယာထဲ ရှိနေတတ်ကြတယ် ။ ပြီးရင် အသွင်ပြောင်းကစားရာမှာလည်း ထူးကဲကြပါတယ် ”

” သူတို့ရဲ့ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံပုံ ၊ စကားပြောဆိုပုံ ၊ တစ်ဦးကို တစ်ဦး ကြည့်ပုံတွေက အစ ဘယ်လောက် အထိ လူညီလဲဆိုတာကို ပြသနေခဲ့ပါတယ် ။ လက်ရှိ အချိန််မှာ သူတို့လို ဘောလုံး ကစားဟန်နဲ့ နည်းစနစ်တွေက ကျွန်တော်တို့ဆီမှာ ရှိမနေပါဘူး ” လို့ ဂွာဒီယိုလာ က ပြိုင််ဖက် အသင်းကို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar