အာဆင်နယ် ကစားသမား နှစ်ဦးနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းကို သတိပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာက သူ့ရဲ့ အသင်းဟောင််း အနေနဲ့ ဒီည ရင်ဆိုင်ရမဲ့ အာဆင်နယ် အသင်းရဲ့ ညာတောင်ပံ တစ်ကျောကို သတိထားဖို့ လိုအပ်ကြောင်း သတိိပေးသွားခဲ့လိုက်ပါတယ် ။

ဒီ​​နေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမ်းမရိတ် ကွင်းထဲမှာ အမှတ်ပေး ဇယား ထိပ်ပိုင်းမှ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒီပွဲမှာတော့ ထွက်ပေါ်လာတဲ့ ရလဒ်က အမှတ်ပေး ဖလား ချန််ပီယံဆု အတွက် အရေးပါသွားဖို့ ရှိနေပါတယ် ။

အကယ်လို့ ဒီပွဲမှာ အာဆင်နယ် အသင်းက အနိုင်ရသွားခဲ့ရင် အမှတ်ပေး ဇယား ဒုတိယ နေရာမှ မန်စီးတီး အသင််းကို 5 မှတ် ဖြတ်ထားနိုင်ဦးမှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရှုံးနိမ့်သွားခဲ့ရင်တော့ မန်စီးတီး အသင်းရဲ့ ရလဒ်အပေါ် မူတည်ပြီး ပြောင်းလဲသွားပါလိမ့်မယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ကလည်း ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ဖို့ အလားအလာကောင််းမွန်သွားပါလိမ့်မယ် ။ ဒီအတွက် ယူနိုက်တက်တို့ အာဆင်နယ် အသင်းရဲ့ အဓိက ကစားသမားတွေကို ခုခံဟန့်တားနိုင်ဖို့ လိုအပ်ပါလိမ့်မယ် ။

အခုတော့ ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်တဲ့ ပတ်ထရစ် အီဗရာ က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ညာတောင််ပံ တစ်လျှောက်မှာ အထူးခြေစွမ်းကောင်းတွေ ပြသနေခဲ့ကြတဲ့ အာဆင်နယ် မှ ဘူကာယို ဆာကာ နဲ့ ဘန်ဝှိုက် တို့ကို သတိထားရလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” စပါးနဲ့ ကစားခဲ့တဲ့ သူတို့ပွဲကို ကျွန်တော် ကြည့်ရှုဖြစ်ခဲ့ပါတယ် ။ ဒီပွဲအတွက် သူတို့တွေကို ကျွန်တော် ဂုဏ်ထူးမှတ််ပေးလိုပါတယ် ။ သူတို့ တကယ့် အသင်းကောင်း တစ်သင်း ပုံစံမျိုးပေါက်နေခဲ့တယ်လေ ။ လူတွေက သူတို့တွေရဲ့ တိုက်စစ် ကစားပုံ အကြောင်း ပြောတာများခဲ့ပါတယ် ”

” ဒါပေမဲ့ သူတို့ရဲ့ ခံစစ် ကစားပုံကလည်း စည်းကမ်းကျပြီး ကျစ်လျစ်လှပါတယ် ။ ဆာကာ နဲ့ မာတင်နယ်လီ တိုတောင် ခံစစ်ကို ဆင်းကူလေ့ ရှိခဲ့ကြတယ်လေ ။ တစ််ခါတလေ သူတို့ရဲ့ ခံစစ်မှာ ကစားသမား 5 ဦး ၊ 6 ဦးလောက်် အထိတောင် ရှိနေတတ်ခဲ့ပါတယ် ”

” အဲ့ဒီမှာ ဆာကာ နဲ့ ဘန်ဝှိုက် တို့ရဲ့ ပူးပေါင်းမှုက တကယ့်ကို မယုံကြည်နိုင်ဖွယ်ပါပဲ ။ ဆာကာ က ညာတောင်ပံ ကနေ ဂိုးဧရိယာထဲ တိုးဝင်လာတတ်တဲ့ ကစားသမားမျိုးပါ ။ ဒါကို မာလာစီယာ သိရှိထားဖို့ လိုပါတယ် ။ အဲ့ဒီလို ချိုးဝင် ကစားတာတွေက အန္တရာယ် များလွန်းတယ်လေ ” လို့ အီဗရာ က အသင်းဟောင်းကို သတိပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar