သူ့ရဲ့သားဖြစ်သူဟာ အသင်း ၃ သင်းကို ကျော်ဖြတ်ပြီး အာဆင်နယ် ကို ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ထရော့ဆက်ဒ် ရဲ့ မိခင်

လီအန်ဒရို ထရော့ဆက်ဒ် ရဲ့ မိခင် ဖြစ်သူက သူ့သားကို ခေါ်ယူချင် ခဲ့တဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်း ရဲ့ မြို့ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်းလည်း အပါအဝင် ဖြစ်ခဲ့တယ်လို့ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ဘရိုက်တန် တိုက်စစ် ကစားသမား ထရော့ဆက်ဒ် ဟာ နည်းပြ ဒီဇာဘီ နဲ့ အဆင် မပြေ ဖြစ်ခဲ့ပြီးနောက် လီဗာပူး အသင်း နဲ့ ပွဲ ပွဲထွက်လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ ထရော့ဆက်ဒ် ဟာ ဘရိုက်တန် ကနေ ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့ပြီး အာဆင်နယ် အပါအဝင် နယူးကာဆယ် ၊ တော့တင်ဟမ် ၊ ချဲလ်ဆီး တို့ရဲ့ချဉ်းကပ် ကမ်းလှမ်းမှု ကို ရရှိ ခဲ့ပါတယ် ။

အဆိုပါ အသင်းတွေထဲမှာမှ ထရော့ဆက်ဒ် ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်း ကို ​ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ထရော့ဆက်ဒ် ရဲ့ မိခင် ဖြစ်သူကတော့ အာဆင်နယ် အသင်းကို ရွေးချယ် ခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုလိုက်ပါတယ် ။

” သားလေးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ် ၊ စိတ်လှုပ်ရှား ရင်ခုန် ခဲ့ရတဲ့ ရက်သတ္တပတ်တွေ ပြီးဆုံး သွားခဲ့ပါပြီ ၊ ရိုလာကိုစတာ စီးနေ ရသလို ခံစားချက်ပါပဲ ၊ ကလပ် အသင်းတော်များများက သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထား စိတ်ဝင်စား ခဲ့ကြတာပါ ။ နယူးကာဆယ် ၊ ချဲလ်ဆီး နှင့် တော့တင်ဟမ် လည်း ပါပါတယ် ။ ”

” အာဆင်နယ် ကလည်း စောင့်ကြည့် စိတ်ဝင်စားနေတယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် အာဆင်နယ် ဘက်က ခေါ်ချင်ကြောင်း တရားဝင် ဆက်သွယ်လာမယ်လို့ လုံးဝ မထင်ထား ခဲ့ပါဘူး ၊ ၄၈ နာရီ အတွင်းမှာပဲ အရာရာ အဆင်ပြေ သွားခဲ့တာ ဖြစ်ပါတယ် ၊ သူတို့ဘက်က သားဖြစ်သူ အပေါ် ယုံကြည်မှု လုံးဝ ရှိကြောင်း အချက်ပြ ခဲ့တာပါ ။ ”

” လီအန်ဒရို က စိတ်ဆန္ဒ အင်မတန် ပြင်းပြသူပါ ၊ သူ့အတွက် ခံစားချက် မကောင်းတဲ့သူဆိုရင် သု ရွေးမှာ မဟုတ်ပါဘူး ၊ သူ အာဆင်နယ် အသင်းကို ပြောင်းတာက သူ အဲ့ဒီမှာ အောင်မြင်မယ်လို့ လုံးဝ ယုံကြည်တာကြောင့် ဖြစ်ပါတယ် ။ ”

” တကယ့်ကို အိပ်မက် ဆန်ပါတယ် ၊ နောက်ပီး လာမယ့် လအနည်းငယ် အတွင်းမှာပဲ သူ့ရဲ့ဆုဖလား အောင်မြင်မှုတွေထဲ နောက်ထပ် အောင်မြင်မှုတွေ ထပ်ထည့်နိုင်တော့မှာပါ ၊ လီအန်ဒရို က ဘောလုံး နဲ့ အတူ မွေးဖွား လာသူ ဖြစ်ကြောင်း ကျမ အမြဲတမ်း ပြောလေ့ ရှိပါတယ် ၊ အာဆင်နယ် ကို ရောက်သွားတာက သူ့ရဲ့တိုက်ပွဲဝင် စိတ်ဓတ်အတွက် ပြန်ရတဲ့ ဆုလာဘ်ပါပဲ ၊ သူက ဘယ်တော့မှ အရှုံးမပေးတတ်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM