သရေစာများတဲ့ည ၊ စပိန်သားကြီးအတွက် ဆမ်ဘာခေါ်သံ ၊ နောက်ဆုံးရ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ သရေ ရလဒ်တွေ များပြားခဲ့ကြ ပါတယ် ။

အန်ဖီးလ် မှာ ကစားခဲ့တဲ့ လီဗာပူး နဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲစဉ်ဟာ အကျိတ်အနယ် ရှိခဲ့ကြပြီး ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ ပါတယ် ။

လက်စတာ စီးတီး ကလည်း ဘရိုက်တန် နဲ့ ၂ ဂိုးစီ သရေ ကျအောင် ကစားသွားခဲ့ ပါတယ် ။ ဘုန်းမောက် နဲ့ နော်တင်ဟမ် ဖောရက်စ် ၊ ခရစ္စတယ် ပဲလေ့စ် နဲ့ နယူးကာဆယ် ပွဲတွေလည်း သရေ ရလဒ်တွေ ထွက်ပေါ် ခဲ့ကြပါတယ် ။

တန်းဆင်းဇုန် က ၂ သင်း တွေ့ဆုံပွဲ မှာတော့ ဝက်စ်ဟမ်း က အဲဗာတန် အသင်းကို ဂျရတ် ဘိုဝင် ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ အက်စတွန် ဗီလာ ကလည်း အဝေးကွင်းမှာ ဆောက်သမ်တန် ကို တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ် ကတော့ လက်ရှိအချိန်ဟာ အသင်းအတွက် အခက်ခဲဆုံး အချိန်တွေ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပြီး သူ အထုတ်ပယ် ခံရနိုင်ချေ ရှိတာကို သဘောပေါက်ထားကြောင်းလည်း ပြောဆိုခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ အက်သလက်တီကို မက်ဒရစ် ဟာ ဗယ်လာဒိုးလစ် အသင်းကို ၃-၀ နဲ့ အနိုင် ရပြီး ဂရစ်ဇ်မန်း ၊ မိုရာတာ နဲ့ ဟာမိုဆို တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြ ပါတယ် ။

စီးရီးအေ မှာလည်း အဆင့် ၁ က နာပိုလီ တို့ နိုင်ပွဲဆက်နေပြီး ဆလာနီတာနာ အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဟာ စပိန် နည်းပြဟောင်း လူးဝစ် အန်နရီကေး ကို သူတို့ရဲ့ လက်ရွေးစင် နည်းပြသစ် အဖြစ် လာရောက် လုပ်ကိုင်စေလိုပြီး ဘရာဇီး ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ရိုနယ်ဒို ကို ဒီကိစ္စ အတွက် အကူအညီ တောင်းခံထားတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ က မမ်းဖစ် ဒီပိုင်း ဟာ အက်သလက်တီကို မက်ဒရစ် အသင်းဆီက ကမ်းလှမ်းမှု ရောက်ရှိ လာချိန်မှာ အသင်းပြောင်းခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ ကာမာဗင်ဂါ ကို အငှားချမယ်ဆိုတဲ့ သတင်းတွေကို လုံး၀ ငြင်းဆန် သွားခဲ့ပြီး ကာမာဗင်ဂါ ဟာ မိုဒရစ် ၊ ကရူးစ် တို့လို အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ငွေကြေး ခဝါချမှုတွေကြောင့် ၁၅ မှတ် လျော့ချပြစ်ဒဏ် ကျခံခဲ့ရတဲ့ ယူဗင်တပ် အသင်းမှာ ဆက်လက် ရှိနေပါမယ်လို့ နည်းပြ အယ်လီဂရီ က ထုတ်ဖော် ပြောဆို ခဲ့ ပါတယ် ။

ဒါပေမယ့် သူတို့ အသင်း အနေနဲ့ ရာသီအကုန်မှာ အဆင့် ၄ အတွင်း ဝင်ဖို့ကတော့ မယုံနိုင်လောက်တဲ့ အားထုတ်မှုတွေ လိုအပ်မယ်လို့ သတိပေးပြောဆို သွားခဲ့ ပါတယ် ။

နယူးကာဆယ် ကွင်းလယ်လူ ရှယ်လ်ဗေး ဟာ စပါး ကွင်းလယ်လူဟောင်း ဒယ်လီ အလီ ကစားနေတဲ့ တူရကီ ကလပ် ဘက်ရှီးတပ် အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR