အာဆင်နယ် vs မန်ယူနိုက်တက် ၊ လီဗာပူး vs ချဲလ်ဆီး ပွဲစဉ်တွေ အပါအ၀င် အီဗရာရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

 

ပက်ထရစ်အီဗရာဟာ ယနေ့ညမှာ ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ မတိုင်မီ သူ့ရဲ့ ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပါတယ်။ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကို ပိုမို အားကောင်းသွားရန် သူတို့ကို စိန်ခေါ်လာခဲ့တဲ့ မန်ယူနိုက်တက်ကို ဖြုတ်ချသွားရန် အားခဲနေပြီး အဲရစ်တန်းဟတ်ရဲ့ အသင်းကလည်း အာဆင်နယ်ကို အနိုင်ယူကာ သူတို့ဟာ title contenders တစ်ဦး ဖြစ်ကြောင်း သက်သေပြချင်နေပါတယ်။

ခြေစွမ်းမတည်ငြိမ်ကြတဲ့ လီဗာပူးနဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲစဉ်ဟာ စိတ်၀င်စားဖို့ ကောင်းနေမှာ ဖြစ်တဲ့ အပြင် ၀က်ဟမ်း နဲ့ အဲဗာတန် တို့ရဲ့ တန်းဆင်းဇုန်တိ်ုက်ပွဲကလည်း ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

လီဗာပူး vs ချဲလ်ဆီး

ဒါဟာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ အသင်း ၂ သင်းရဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမားသစ် မူဒရစ် ဒီပွဲမှာ ၀င်ကစားသွားဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ လက်ရှိ ချဲလ်ဆီး လူစာရင်းကို ကြည့်လိုက်ပါ။ တိုက်စစ်အင်အားက ကြောက်စရာပါပဲ။ ဒါပေမယ့် ဂရေဟမ်ပေါ်တာ အနေနဲ့ ချဲလ်ဆီးကို အသင်းတသင်း အနေနဲ့ ဟန်ချက်ညီညီ ဘယ်လို ကစားစေမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ။ တစ်ဦးကောင်း မဟုတ်ပါဘူး။ လီဗာပူးဟာ ဘရိုက်တန်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ ဒီပွဲအပြီးမှာ ကလော့က သူတို့ အနေနဲ့ အခြေခံကို ပြန်သွားရမယ်လို့ ပြောခဲ့ပါတယ်။

သူတို့ ၀န်ခံချင်မှာ မဟုတ်ပေမယ့် မာနေး ထွက်ခွာသွားခြင်းဟာ သူတို့ကို ဒီရာသီမှာ အတော်ကြီး ထိခိုက်စေပါတယ်။ လာမည့် ရာသီမှာ သူတို့ ပြန်လာမှာပါ။ ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး။ အရာအားလုံးဟာ ကစားသမားတစ်ဦးတည်း အပေါ် မူတည်နေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် မာနေးဟာ ကလော့ရဲ့ plan မှာ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး အသင်းရဲ့ ကျောရိုး ဖြစ်ခဲ့သူပါ။ ဒီပွဲစဉ်မှာ ဘယ်သူပဲ နိုင်နိုင် သူတို့ရဲ့ရာသီကို save လုပ်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးရဲ့ ကစားပုံဟာ တအားကို စိတ်ပျက်စရာကောင်းနေပြီး ပေါ်တာကလည်း ဒီအချိန်မှာ ချဲလ်ဆီးအတွက် key ကို မရှာပေးနိုင်သေးပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကတော့ ဒီပွဲကို သရေအဖြစ် ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : ၁-၁

မန်စီးတီး vs ဝုဖ်

မန်စီးတီးဟာ စပါးကို epic comeback နဲ့ အနိုင်ယူပြခဲ့ပေမယ့်လည်း ယူနိုက်တက်နဲ့ ပွဲစဉ်က မမျှတမှုကို ခံစားနေရအုံးမှာပါ။ ကျွန်တော် ဝုဖ်အတွက် စိုးရိမ်မိပါတယ် ဘာလို့လဲဆိုတော့ စီးတီးဟာ နိုင်ပွဲတွေ ဆက်တိ်ုက်ရယူသွားဖို့ လိုအပ်နေလို့ပါ။ သူတို့သာ အရှိန်အဟုန် ရသွားမယ်ဆိုရင် ဘယ်အသင်းကို မဆို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသား ဖြစ်ပါတယ်။

ခန့်မှန်းချက် : ၃-၁

အာဆင်နယ် vs မန်ယူနိုက်တက်

ကျွန်တော်ကတော့ ဒီပွဲစဉ်ကို အခွင့်အရေးလို့ မြင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မန်ယူနိုက်တက် ဖြစ်နေလို့ပါ။ ကျွန်တော်တို့ဟာ အာဆင်နယ်ကို တန်ပြန်တိုက်စစ်တွေကနေ နာကျင်မှု ပေးနိုင်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှုတုန်းကလိုမျိုးပေါ့။ ကျွန်တော် မြင်မိတာကတော့ အာဆင်နယ်ဟာ ပွဲကို လွှမ်းမိုးကစားနိုင်ပေမယ့် တန်ပြန်တိုက်စစ်ကနေ မန်ယူနိုက်တက်က ဂိုးရသွားကာ လူတွေက အာဆင်နယ် အနေနဲ့ ဒီပွဲကို ရှုံးဖို့ မထိုက်တန်ဘူးလို့ ဆိုနေကြမယ် ဆိုတာပါပဲ။ ဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် ယူနိ်ုက်တက်ကို ပုံဆိုးပန်းဆိုးနဲ့ နိုင်ပွဲ ရစေချင်ပါတယ်။

ယူနိုက်တက်ကို ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို နာကျင်မှု ပေးနိုင်စွမ်း ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ပွဲထိန်းချုပ် ကစားပုံဟာ ဘယ်အသင်း မဆို အတွက် ခက်ခဲမှု ရှိမှာပါ။ ယူနိ်ုက်တက်ဟာ အံ့ဖွယ်အရာကို ဖန်တီးနိုင်စွမ်း ရှိပါတယ်။ သူတို့ စီးတီးကို အနိုင်ရခဲ့ပေမယ့် ပွဲကို ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ဟာ စီးတီးကို အသာစီး ကစားခဲ့တာ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ တော့တင်ဟမ်ကို လွှမ်းမိုး ကစားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း တော့တင်ဟမ်ကို လွှမ်းမိုး ကစားခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ အာဆင်နယ်လိုမျိုး စပါးကို lesson ကောင်းကောင်း မပေးနိုင်ခဲ့ပါဘူး။ ယူနိုက်တက်တို့ အနိုင်ရဖို့ မျှော်လင့်မိပေမယ့် ဒါဟာ သရေပွဲပဲ ဖြစ်မှာပါ။

ခန့်မှန်းချက် : ၂-၂

ဖူဟမ် vs တော့တင်ဟမ်

ဖူဟမ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ကစားပုံ တအားကောင်းခဲ့ပါတယ်။ နည်းစနစ်ပိုင်းအရ သူတို့ရဲ့ ဘောလုံးကိုင်ကစားပုံဟာ ကောင်းမွန်ပြီး သူတို့ ဒီပွဲစဉ်မှာ အမှတ်ရယူနိုင်မယ်လို့ ကျွန်တော် မြင်မိပါတယ်။ စပါးဟာ ဒီအချိန်မှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေ ကြုံနေရပါတယ်။ စီးတီးကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ဟာ တစ်ပိုင်းသာ ကောင်းကောင်း ကစားနိုင်တဲ့ အသင်း ဖြစ်နေဆဲပါ။

အသင်းကောင်းတစ်သင်းကို တစ်နှစ်တည်းနဲ့ တည်ဆောက်လို့ မရနိုင်ဘူးဆိုတာ ကွန်တီ ကောင်းကောင်းသိပါတယ်။ သူတို့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၀င်ခွင့် ရအောင် လုပ်နိုင်ခဲ့တယ် ဆိုတာ တကယ့်ကို အံ့ဖွယ် ဖြစ်ပါတယ်။ ဒါပေမယ့် အခုက ရာသီသစ် ဖြစ်ပါတယ်။ အခု သူတို့ ကြည့်ရတာ နာကျင်နေပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ပုံစံပါပဲ။ ကွန်တီ အနေနဲ့ သူ့ရဲ့ အသင်းကို energy နဲ့ ယုံကြည်မှုကို ပြန်လည် ရရှိအောင် လုပ်ပေးသွားဖို့ လိုပါတယ်။

ခန့်မှန်းချက် : ၂-၁

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်
ဘုန်းမောက် ၀-၂ နော့တင်ဟမ်ဖောရက်စ်
လက်စတာ ၁-၂ ဘရိုက်တန်
ဆောက်သမ်တန် ၀-၁ အက်စတွန်ဗီလာ
၀က်ဟမ်း ၀-၀ အဲဗာတန်
ခရစ်စတယ်ပဲလေ့စ် ၁-၂ နယူးကာဆယ်
လိဒ် ၂-၂ ဘရန့်ဖို့ဒ်

 

 

SPORTS MYANMAR