” ဆိုးလ်ရှားကို သတိရလိုက်ပါ ” အမှတ်ပေး ဖလား ဆွတ်ခူးရေးနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တွေကို သတိပေးလိုက်တဲ့ ကာရေဂါ

လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ က ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်သေးတယ်ဆိုတဲ့ အပေါ် ယုံကြည်ချက် ထားရှိသင့်ကြောင်း ၊ 2020 – 21 ရာသီတုန်းက ဆိုးလ်ရှား လက်အောက်မှာ ရာသီဝက် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့တာ သတိရသင့်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို အနိုင် ကစားခဲ့တဲ့နောက် အမှတ်ပေး ဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ထင်ကြေးပေးခံခဲ့ရပြီး ပဲလေ့စ် နဲ့ အာဆင်နယ် အသင်းတွေကို အနိုင် ကစားနိုင်ခဲ့ပါက အဆင့် 1 နဲ့ 3 မှတ် အကွာကို ရောက်နိုင်ခွင့် ရှိခဲ့ပါသေးတယ် ။

ဒါပေမဲ့ ကြားရက်မှာ ယူနိုက်တက်တို့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် ဒါဟာ ဖြစ်နိုင်ခြေ နည်းပါးနေပြီလို့ သုံးသပ်သူတွေ ရှိလာခဲ့ကြပါတယ် ။ အခုချိန်မှာ ယူနိုက်တက်တို့ဟာ အဆင့် 1 နေရာမှာ အာဆင်နယ် အသင်းအောက် 8 မှတ် အကွာမှာ ရပ်တည်နေရပြီး မနက်ဖြန်ည ထိပ်တိုက် ရင်ဆိုင် ကစားရပါတော့မယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်မှ အားထားရတဲ့ ကွင်းလယ်လူ ကာစီမီရို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ယူနိုက်တက်တို့ အနိုင် ကစားနိုင်ခဲ့ရင်တော့ အာဆင်နယ်အောက် 5 မှတ် အကွာထိ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ် ။ အခုတော့ ကာရေဂါ က ယူနိုက်တက် Vs အာဆင်နယ် ပွဲဟာ အမှတ်ပေး ဖလား အပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” ဒီလို မဖြစ်ခဲ့တာ အရမ်းကို ကြာမြင့်ခဲ့ပါပြီ ။ မန်ချက်စတာ ယူနိုက်တက် Vs အာဆင်နယ် ပွဲစဥ်ဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေးလမ်းကြောင်းမှာ ကြီးကြီးမားမား သက်ရောက်မှု တစ်ဖန် ပြန်လည် ရှိလာပါလိမ့်မယ် ။ ဒီတစ််ပါတ် ရလဒ်က အာဆင်နယ် အသင်း အကွာအဝေး ဘယ််လောက်ထိ ရောက်မလဲဆိုတာ မြင်တွေ့စေမှာပါ ”

” ဒါဟာ ယူနိုက်တက် အပေါ်တော့ အများကြီး သက်ရောက််စေမှာ မဟုတ်ပါဘူး ။ သူတို့တွေဟာ တိုးတက်လာခဲ့ပါတယ် ။ ဒါပေမဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတဲ့ အသင်းမျိုး ဖြစ််မလာနိုင်သေးပါဘူး ။ ဒါကို အဲရစ် တန်ဟတ် လည်း သိမှာပါ ။ ပရိသတ်တွေကတော့ အိပ်မက်တွေ မက်ကြမှာပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မမက်ပါဘူး ”

” ယူနိုက်တက်တို့ ဘယ်လောက် အဝေးထိ သွားနိုင်မလဲ ဆိုတာကိုပဲ သူတွေးတောနေမှာပါ ။ အသင်းဟာ ဘယ်လောက််အထိ တိုးတက်လာခဲ့သလဲဆိုတာက သူတို့ကို စိတ်လှုပ်ရှားမှုတွေ ပေးဆောင်မှာပါ ။ ဒါပေမဲ့ အမှတ်ပေး ဖလား ၊ ဆုဖလားတွေ ဆွတ်ခူးနိုင်ရေးအတွက်တော့ အချိိန် တစ်နှစ်ကျော် ပေးရပါဦးမယ် ”

” နည်းပြကောင်း တစ်ဦး ရောက်လာရင် ဘာတွေ လုပ်ပြနိုင်မလဲဆိုတာမျိုးကို တန်ဟတ် က လုပ်ပြသွားနိုင်ခဲ့ပါတယ်် ။ အဲရစ် တန်ဟတ် ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက််လို့ ကျွန်တော်တို့ နှစ်သက်စရာတွေ အများကြီး ရှိနေခဲ့ရပါတယ် ။ ယူနိုက်တက်ဟာ လီဗာပူး ၊ အာဆင်နယ် ၊ မန်စီးတီး ပွဲတွေမှာ အကောင်းဆုံး အခိုက်အတန့်တွေ ပိုင်ဆိုင််ခဲ့ပါတယ် ”

” ဒါတွေက ခံစစ်လုံပြီး ကောင်တာ တိုက်စစ် ကစားတာ ကောင်းလို့ ဖြစ်လာခဲ့ရတာပါ ။ အမ်းမရိတ်မှာ အာဆင်နယ်ကို နိုင်နိုင်တဲ့ နည်းလမ်းက ဒါပဲ ရှိပါတယ် ။ ယူနိုက်တက်သာ အဲ့ဒီလို ကစားနိုင်ရင် အာဆင်နယ်ကို ကျော်ဖြတ််ပြနိုင်လိမ့်မယ်ဆိုတာကို တန်ဟတ် ကလည်း သိထားပါတယ် ”

” ဒါပေမဲ့ တန်ဟတ် ရဲ့ လက်အောက် ၊ ပထမ ရာသီမှာပဲ အမှတ်ပေး ဆုဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကြိုတင် ခန့်မှန်းတာက စောလွန်းပါဦးမယ် ။ ဆိုးလ်ရှား လက်ထက်တုန်းကတောင် နှစ်ရာသီ ကိုင်တွယ်ပြီးမှ ရာသီဝက်မှာ အဆင့် 1 နေရာ ရခဲ့တာကို ပြန်လည် သတိရသင့်ပါတယ် ” လို့ ကာရေဂါ က သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar