အာဆင်နယ် အသင်းကို အသစ်ရောက်လာတဲ့ ထရော့ဆက်ဒ် ကို သတိပေး စကားဆိုလိုက်တဲ့ ရေးပါလာ

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဘရိုက်တန် အသင်း ရဲ့တောင်ပံ ကစားသမား ထရော့ဆက်ဒ် ကို ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း + အပိုဆုကြေး ပေါင် ၆ သန်း ၊ ၄ နှစ် စာချုပ် နဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ဇန်နဝါရီ အဓိက ပစ်မှတ် မူဒရစ် ကို ချဲလ်ဆီး အသင်း ထံ လက်လွှတ် ဆုံးရှုံး ရပြီးနောက် ထရော့ဆက်ဒ် ကို အရ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ထရော့ဆက်ဒ် ကို ကာလရှည်ကြာ စိတ်ဝင်စား နေခဲ့တဲ့ အသင်း ဖြစ်ပြီး ဘယ်ဂျီယံသားဟာ ဂန်းနား လက်ထောက် နည်းပြ စတူဗန်ဘတ် ရဲ့တပည့်ဟောင်းလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ထရော့ဆက်ဒ် ကို ဆေးစစ်ပြီးနောက် မန်ယူနိုက်တက် နဲ့ ပွဲအမှီ စာရင်းသွင်း နိုင်ခဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ ပွဲမှာ ပါဝင်လာမှာပါ ။ အသက် ၂၈ နှစ် အရွယ် ထရော့ဆက်ဒ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၇ ဂိုး သွင်း ၊ ၂ ဂိုး ဖန်တီး ပေးထားသူ ဖြစ်ပါတယ် ။

ဂန်းနား ကွင်းလယ်လူဟောင်း ရေးပါလာ ကတော့ ထရော့ဆက်ဒ် အနေနဲ့ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားခွင့်ရဖို့ မသေချာကြောင်း talkSport မှာ ပြောကြား သွားခဲ့ပါတယ် ။ ” သူက တကယ်ကောင်းတဲ့ ကစားသမား တစ်ဦး ဆိုတာတော့ သေချာပါတယ် ။ ဒါပေမယ့် သူက ဆာကာ ၊ မာတင်နယ်လီ တို့ကို ကျော်ဖြတ်ပီး ပွဲထွက် ကစားခွင့် ရရှိမှာတော့ မဟုတ်ပါဘူး ။ ”

” အရန်ခုံမှာလည်း စမစ်ရို လို အရည်အသွေးမြင့် ကစားသမား ရှိနေပါတယ် ။ မန်ချက်စတာစီးတီး အသင်း ရဲ့ အရန်လူစာရင်း ကို ကြည့်ကြည့်ပါ ၊ တကယ့် ထိပ်တန်း အရည်အသွေး ရှိတဲ့ ကစားသမားတွေချည်းပါပဲ ၊ အာဆင်နယ် အသင်း ရဲ့ အရန်လူစာရင်း နဲ့ လုံးဝ ကွဲပြား ခြားနားပါတယ် ။ ”

” အာဆင်နယ် အသင်းမှာ လူလိုနေခဲ့တာပါ ၊ မူဒရစ် ကို ချဲလ်ဆီး ထံ ပေးလိုက်ရတော့ သူတို့ အင်အား ဖြည့်တင်းဖို့ လိုအပ် နေခဲ့ပါတယ် ၊ သူ့အတွက် ပေးရမယ့် ပိုက်ဆံ စာချုပ် က အရမ်းဈေးကြီးနေတော့ ခေါ်လိုက်ရင် လောင်းကစား ဆန်လွန်းသွားမှာပါ ။ ကျနော်ကတော့ မခေါ်စေချင်ခဲ့ပါဘူး ။ ”

” အာဆင်နယ် အသင်းက တောင်ပံ ကစားသမား ခေါ်ဖို့ ကြိုးပမ်း နေခဲ့တာပါ ၊ ထရော့ဆက်ဒ် က ဒီနှစ် အစောပိုင်းတုန်းက အန်ဖီးလ် မှာ ဟက်ထရစ် သွင်းခဲ့တဲ့ ကစားသမားပါ ။

သူ့အတွ​က် ပေးရတဲ့ ဈေးကလည်း သင့်တင့် ကောင်းမွန်ပါတယ် ၊ သူ့လို ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီး သား ကစားသမားကို ဒီဈေးနဲ့ ခေါ်ဖို့ အာဆင်နယ် အသင်း နှစ်ခါ စဉ်းစားစရာ လိုခဲ့မယ် မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM