အကြမ်းစား အင်တာဗျူး လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်ဒိုရဲ့လုပ်ရက်အချို့အပေါ် ထောက်ခံလိုက်တဲ့ လင်ဂတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း တစ်ဦးဖြစ်သူ ဂျက်စီ လင်ဂတ်က အသင်းဟာ ပြိုင်ဖက်တွေနဲ့ ဝေးကွာလွန်းတဲ့ နေရာကို ရောက်ရှိနေခဲ့တယ်လို့ပြောဆိုရင်း အသင်းဟောင်းနဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်ဒို ဖက်မှ ထောက်ခံသွားခဲ့လိုက်ပါတယ် ။

အသက် 30 ရှိနေပြီဖြစ်တဲ့ ဂျက်စီ လင်ဂတ်ဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှ နော်တင််ဟမ် ဖောရက်စ် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါက နေထိုင်ခဲ့တာ 22 နှစ် ရှိပြီဖြစ်တဲ့ အသင်းနဲ့ လမ်းခွဲခြင်း ဖြစ်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းဆီ ဒုတိယအကြိမ်မြောက် ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ ပျောက််ဆုံးခဲ့ရတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ် ။

အဲ့ဒီနောက် ကမ္ဘာ့ ဖလား ပြိုင်ပွဲ မတိုင်မီ သူဟာ အာဆင်နယ် ပရိသတ် တစ်ဦးဖြစ်တဲ့ ပီယာ့စ် မော်ဂန် အင်တာဗျူး လုပ်ဆောင်ခဲ့ပြီး ဂလေဇာ မိသားစု ၊ ရဲ့လ်ဖ် ရန်းဂနစ် ၊ အဲရစ် တန်ဟတ် ၊ ရွန်းနီ နဲ့ နဗီးလ် တို့ကို ဝေဖန်ခဲ့သလို အသင််းဟာ ဘောလုံးဖက် အာရုံမစိုက်ဘူးလို့ ထိုးနှက်ခဲ့ပါသေးတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူနဲ့ နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး အခုတော့ သူဟာ ကမ္ဘာ့ စံချိန်တင် လစာငွေနဲ့ ဆော်ဒီ အခြေစိုက်် အယ်လ် နဆာရ် အသင်းဆီ ပြောင်းရွှေ့ သွားခဲ့ပြီပဲ ဖြစ််ပါတယ် ။

အခုတော့ နော်တင်ဟမ် ဖောရက်စ် အသင်းဆီ ရောက်ရှိသွားခဲ့တဲ့ ကွင်းလယ်လူ လင်ဂတ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ facility အပါအဝင် ရော်နယ်ဒို ပြောဆိိုခဲ့တဲ့ အချက်အချို့အပေါ် သဘောတူညီကြောင်းထုတ််ပြောသွားခဲ့လိုက်ပါတယ် ။

” နောက်ကွယ်မှာ ဖြစ်ပျက်နေတာတွေ အများကြီး ရှိနေပါတယ် ။ ခင်ဗျားတို့ ယူနိုက်တက် နဲ့ တော့တင်ဟမ် တို့ရဲ့ facility တွေကို မြင်တွေ့ကြမှာပါ ။ ဒါတွေက အကွာကြီး ကွာခြားသွားခဲ့ရပါပြီ ။ ဆိုရှယ် မီဒီယာ အထက်မှာတောင်် ခြားနားချက်တွေ အများကြီး ရှိနေခဲ့ပြီလေ ”

” 2017 တုန်းက သူတို့ရဲ့ you tube တွေ ၊ content တွေကို ကျွန်တော် ကြည့်ရှုဖြစ်ခဲ့ပြီး အရာရာတိုင်းကို update to date ဖြစ်စေချင်ခဲ့ပါတယ် ။ အသစ်အသစ်တွေ ဖြစ်ပျက်နေခဲ့တာ အများကြီး ရှိနေတယ်လေ ။ ဒီနေရာမှာ သင့်တင့် ဆီလျှော်ဖို့ လိုအပ်တယ်လေ ”

” အခုတော့ သူတို့ (ဂလေဇာ) မိသားစုဟာ ဒီအသင်းကို ရောင်းချချင်နေကြပါပြီ ။ ဒါပေမဲ့ အသင်းဟာ အရာရာတိုင်းမှာ အခြားအသင်းတွေထက် မိုင်ပေါင်းများစွာ နောကွကျနေခဲ့ပါပြီ ။ ကျွန်တော်တို့ဟာ ခေတ်နဲ့ လိုက်လျောညီိထွေတဲ့ အရာတွေကို လိုချင်ကြတယ်လေ ” လို့ လင်ဂတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar