” ကျွန်တော် ကွင်းထဲတောင် ရှိမနေချင်ခဲ့ပါဘူး ” ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့အခိုက်အတန့်တွေရဲ့ နောက်ကွယ်က ဖြစ်ကြောင်းကုန်စင်ကို ထုတ်ပြောလိုက်တဲ့ လင်ဂတ်

 

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂျက်စီ လင်ဂတ် က သူ့ရဲ့ မိခင် စိတ်ကျရောဂါ ခံစားနေခဲ့ရတဲ့ ရက်စွဲတွေ အတွင်း သူဟာ ဘောလုံးအပေါ် အာရုံမစိုက်နိုင်လောက်အောင်ထိ ဖြစ်ခဲ့ရကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆိုးလ်ရှား နဲ့ ရန်းဂနစ်တို့ ကိုင်တွယ်ခဲ့ကြတဲ့နှစ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်စီ လင်ဂတ် ရဲ့ စွမ်းဆောင်ရည်ဟာ အဆိုးရွားဆုံး ထိုးကျသွားခဲ့ရပါတယ် ။ သူဟာ ကွင်းထဲ ပုံစံကောင်းတွေ ပြသနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ဖြစ်သူက သူ့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက ကွင််းပြင်ပမှာ ကြုံတွေ့နေခဲ့ရတဲ့ အဖြစ်အပျက်တွေ အပေါ် အရမ်းကို မူတည်နေခဲ့ကြောင်း သူ့ရဲ့ ဇာတ်ကြောင်း ကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” သူမ (မိခင်) အတွက်တော့ စိတ်ကျ ဝေဒနာ ခံစားနေခဲ့ရတာက အရမ်းကို ဆိုးရွားခဲ့ရပါတယ် ။ သူ ဒီဒဏ်ကို မခံံစားနိုင်ခဲ့ပဲ အံတုနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒီလို အခိုက်အတန့်တွေမှာ သူဟာ တကယ်ပဲ ကျွန်တော်တို့ရဲ့ အကူအညီိတွေ လိုအပ်ခဲ့ပါတယ် ”

” ကျွန်တော်ဟာ အဲ့ဒီနောက်မှာတော့ အသက် 11 နှစ် အရွယ်် ညီမလေး ၊ အသက် 15 နှစ် ညီငယ်လေးနဲ့ အတူ ရှိနေခဲ့ရပြီး တဖက်မှာ ကျွန်တော် လုပ်စရာ ရှိနေခဲ့တာတွေကိုလည်း မပျက်မကွက် လုပ်ဆောင်နေခဲ့ရပါတယ် ။ အဲ့ဒီ အချိန်မှာ ကျွန်တော်ဟာ သူတို့ လိုချင်တဲ့ အစ်ကိုကြီးမျိုး မဖြစ်နိုင်ခဲ့ရပါဘူး ”

” သူတို့တွေဟာ ကျွန်တော့်ဆီက ပျော်ရွှင်စရာလေးတွေ ၊ ရယ်မောစရာလေးတွေ အနည်းနဲ့ အများ ရရှိခဲ့ကြပြီး အနည််းငယ်တော့ စိတ်သက်သာရာရရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ လုပ်စရာ ရှိတာတွေကိုပါ လိုက််လုပ်ရင်း autopilot လို ဖြစ်နေခဲ့ရပါတယ် ”

” ကျွန်တော် ကွင်းထဲ ရှိမနေခဲ့ပါဘူး ။ ကျွန်တော့်ရဲ့ စိတ်တွေက ကွင်းထဲမှာ ရှိမနေခဲ့ရပါဘူး ။ ကျွန်တော် ကွင်းထဲမှာ ရှိနေခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် ကွင်းထဲမှာ ရှိမနေချင်ခဲ့ပါဘူး ။ ကျွန်တော် တကယ်ပဲ ဘောလုံး မကစားချင်ခဲ့ရပါဘူး ”

” ဒါပေမဲ့ ကျွန်တော်ဟာ ဘောလုံး ကစားသမား အဖြစ်ကနေလည်း နှုတ်မထွက်လိုခဲ့ပါဘူး။ တကယ်တော့ ကျွန််တော်ဟာ အားလပ်ရက် လိုအပ်နေခဲ့တာပါ ။ အဲ့ဒီတုန်းက ကျွန်တော်ဟာ ပွဲစဥ်တွေ ကစားဖို့ ကွင်းထဲကို စိတ် ဗလာ (စိတ်ထဲ ဘာမှမရှိ) နဲ့ သွားခဲ့ရတာလေ ”

” ကျွန်တော် တကယ်ပဲ ကွင်းထဲမှာ ရှိမနေချင်ခဲ့ပါဘူး ။ ကျွန်တော် တကယ်ပဲ အဲ့ဒီကို မသွားလိုခဲ့ပါဘူး ။ အဲ့တာကြောင့် ကျွန်တော့်ရဲ့ ကစားပုံတွေ အရမ်းကို ဆိုးရွားသွားခဲ့ရတာပါ ” လို့ လင်ဂတ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar