မြို့ပြောင်းတဲ့ မမ်းဖစ် ၊ အယ်လ်နက်ဆာ ကို ငြင်းတဲ့ ဂန္ထဝင်ကွင်းလယ်လူ ၊ မနေ့ညက ပွဲရလဒ်တွေနဲ့ . . . နောက်ဆုံးရအားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပါတယ် ။

ယူနိုက်တက် အတွက် ဘရူနို ဖာနန်ဒက်စ် က ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး မိနစ် ၉၀ အထိ ဦးဆောင် ထားနိုင်ခဲ့ ပေမယ့် ၉၀+၁ မှာ ဖရီးကစ် ကနေ ချေပဂိုး ပြန်ပေးကာ အဖိုးတန် ၂ မှတ်ကို ဆုံးရှုံးခဲ့ရ ပါတယ် ။

ယူနိုက်တက် ကို ပိုမို အထိနာစေ ခဲ့တာကတော့ ကွင်းလယ်လူ ကက်စမဲရိုး ဒီပွဲမှာ အဝါကတ် ထိသွားခဲ့တာကြောင့် တပွဲပယ် ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပြီး အာဆင်နယ် နဲ့ အရေးပါတဲ့ပွဲကို လွဲချော်ရတော့ မှာပဲ ဖြစ်ပါတယ် ။

အီတလီ စူပါဖလား ဗိုလ်လုပွဲ မှာတော့ အင်တာမီလန် ဟာ မြို့ခံ ပြိုင်ဘက် အေစီမီလန် ကို ၃ ဂိုးပြတ် အနိုင် ကစားပြီး အောင်ပွဲဆင် ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

 

ကိုပါ ဒယ်ရေး ဖလားပွဲ မှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ လီဗန်တေး အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။

လိဒ်ယူနိုက်တက် ဟာ ကာဒစ် စီးတီး အသင်းကို အိမ်ကွင်းမှာ ၅-၂ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ကစားပြီး FA Cup စတုတ္ထဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘက်စကွက် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ပြောင်းရွှေ့ ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းက တနှစ် လုပ်ခ ပေါင် ၁၇ သန်း နဲ့ ကမ်းလှမ်းမှု ကို ငြင်းဆန် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဘက်စကွက် ဟာ ရာသီအကုန် မှာ ဘာစီလိုနာ နဲ့ စာချုပ်ပြည့် လမ်းခွဲတော့မှာ ဖြစ်ကာ ဘာဆက်လုပ်မယ် ဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးသူ ဖြစ်ပါတယ် ။

ယူဗင်တပ် ကတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဂျင်တီးနား ကြယ်ပွင့်လေး ဂါနာချို တို့ စာချုပ်သစ် ကိစ္စ အဆင်မပြေမှု ကို အခွင့်ကောင်းယူကာ ဂါနာချို ကို တူရင်ဆီ အရောက်ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကတော့ အက်သလက်တီကို မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီ ခဲ့ပါပြီ ။ အေတီကို ဟာ မမ်းဖစ် အတွက် ယူရို ၃-၄ သန်း ဝန်းကျင် ပေးချေ ရမှာ ဖြစ်ပြီး ၂၀၂၅ ( ၂ နှစ်ခွဲ ) အထိ စာချုပ် ချုပ်ဆို သွားမယ်လိုပ ကြားသိရ ပါတယ် ။

 

ဘာစီလိုနာ ကလည်း အက်သလက်တီကို မက်ဒရစ် ရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကာရက်စ်ကို ကို ပြန်လည် ခေါ်ယူဖို့ ကြိုးစား နေပြီး ဒီပိုင်း ရဲ့ အပြောင်းအရွှေ့ဟာ ကာရက်စ်ကို ကို ခေါ်ယူရေးမှာ အထောက်အကူ ဖြစ်စေ နိုင်တယ်လို့ သုံးသပ် ထားကြပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ ဝုဗ် ရဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား ဂွန်ကာလို ဂွီဒက်စ် ကိုလည်း မျက်စိကျနေတယ်လို့ သိရှိရပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ဂိုးသမား ဟန်ဒါဆင် ဒဏ်ရာ ရရှိသွားမှုကြောင့် ဂိုးသမားသစ် အရှာထွက် လာခဲ့ပြီး PSG ဂိုးသမားကြီး ကေလာ နာဗက်စ် ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဘရာဇီး တောင်ပံ ကစားသမား လူးကပ်စ် မော်ရာ ကို အဲဗာတန် အသင်းထံ ကမ်းလှမ်းထားတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘရာဇီး နဲ့ ဘာစီလိုနာ ဂန္ထဝင် ကစားသမားဟောင်းကြီး ရော်နယ်ဒင်ညို ရဲ့ သား ဖြစ်သူ ဟာ ဘာဆာ လူငယ် အသင်းမှာ ပါဝင်ဖို့ အတွက် အစမ်း လေ့ကျင့်ခဲ့ပေမယ့် ကလပ် အသင်းဘက်က လုံလောက်မှု မရှိသေးဘူးလို့ သတ်မှတ်ကာ ငြင်းဆန်ခဲ့တယ်လို့ သိရှိရ ပါတယ် ။

စီးရီးအေ ကလပ် ဆလာနီတာနာ အသင်းဟာ အတ္တလန်တာ အသင်းကို ၈-၂ နဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ထုတ်ပယ် လိုက်တဲ့ နည်းပြ ဒေးဗစ်ဒီ နီကိုလာ ကို ၄၈ နာရီ အတွင်း ပြန်လည် ဆက်သွယ်ကာ နည်းပြ အဖြစ် ပြန်ခန့်အပ် ခဲ့တယ်လို့လည်း သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR