ခရစ္စတယ် ပဲလေ့စ် အသင်းကို သရေသာ ကစားနိုင်ခဲ့တာနဲ့ ပတ်သက်လို့ စိတ်ပျက်မိတဲ့အချက်ကို ထုတ်ပြောလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်အပြီးနောက် ဂိုးပေါက် အရှေ့မှာ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာတွေ အပေါ် စိတ်ပျက််မိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ဆဲလ် ဟာ့စ် ပါ့ခ် ကွင်းထဲ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီသာ သွင်းယူနိုင်ခဲ့ကာ နိုင်ပွဲဆက်နေမှု မှတ်တမ်းကောင်း ရပ်တန့် သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ဘောလုံး ပိုင်ဆိုင်မှုတွေ အသာစီး ရယူပြီး ကစားပြသွားနိုင်ခဲ့ပေမဲ့ ဂိုးပေါက် အရှေ့မှာတော့ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ နောက်ဆုံးတော့ ပွဲချိန် 43 မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖန်တီးမှုကို ဘရူနိုက ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ ပွဲစဥ်ကို လွှမ်းမိုး ကစားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပွဲစဥ်ကို အဆုံံးသတ်လို့ ရနိုင်မယ့် ဒုတိယမြောက် နဲ့ နောက်ထပ် သွင််းဂိုးတွေကို သွင််းယူနိုင်ဖို့ အတွက်တော့ အခက်တွေ့ ရုန််းကန်ခဲ့ကြရပါတယ် ။

အဲ့ဒီနောက် ပွဲကစားချိန် မိနစ် 90 ပြီးဆုံးလို့ နာကျင်ချိန်ပို တစ်မိနစ်မှာ ရရှိခဲ့တဲ့ ဖရီးကစ် ကန်ချက်ကို ပဲလေ့စ် အသင််းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မီချယ် အိုလိုက်စ် က ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ပြိုင်ဖက် ဂိုးပေါက် အရှေ့မှာ အခွင့်အရေးတွေ အသုံးမချနိုင် ဖြစ်ခဲ့ရတာနဲ့ ရလဒ်အပေါ်ကို စိတ်ပျက်မိကြောင်း ထုတ်ပြောသွားခဲ့လိုက််ပါတယ် ။

” ဒီကွင်းထဲ ကစားရတာက ခက်ခဲမှန်း ကျွန်တော်တို့ သိခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဒီပွဲကိုရှုံးမလိုတောင် ဖြစ်နိုင်ခဲ့ကြသေးတယ်လေ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ အခုလို သရေ တစ်မှတ်ပဲ ရခဲ့တာကိုတော့ ကျွန်တော်တို့ ဘယ်နည်းနဲ့မှ မပျော်ရွှင်နိုင်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ အနေနဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံံးချပြီး ပွဲစဥ်ကို စောစောစီးစီး အပြီးသတ်လိုက်ခဲ့သင့်ပါတယ် ။ သူတို့ဟာ အဆုံးသတ်မှာ ခမ်းနားတဲ့ ဂိုးတစ်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပါတယ် ။ အခုတော့ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရနိုင်တော့ပါဘူး ”

” အခု ကျွန်တော်တို့ ရှေ့ဆက်ဖို့ ရှေးရှုကြရပါတော့မယ် ။ နောက်ထပ်ပွဲတွေ လာတော့မယ်လေ ။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အရာတွေကို လုပ်နိုင်ဆဲပါ ။ ရလဒ်အတွက် မကျေမနပ် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ နောက်တစ်ပွဲက နီးနေပါပြီ ။ အဲ့ဒီအတွက် ပြင်ဆင်ကြရပါတော့မယ် ” လို့ ဘရူနို က ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar