အခုလို ရလဒ်ကောင်းတွေ ရရှိစေနိုင်ရေးအတွက် နောက်ကွယ််မှ ကူညီပေးခဲ့သူကို ချီးကျူးလိုက်တဲ့ တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ အသင်းဆီ ရောက်ရှိလာခဲ့တာ လပိုင်းမျှသာ ရှိနေခဲ့သေးပြီး အကောင်းဆုံး အကူအညီတွေ ပေးဆောင်သွားနိုင်ခဲ့တဲ့ နည်းပြ အဖွဲ့ဝင် တစ်ဦးကို အမွှမ်းတင် ချီးကျူး သွားခဲ့လိုက်ပါတယ် ။

တန်ဟတ် ချီးကျူးလိုက်တဲ့သူက အခြားသူတော့မဟုတ်ပါဘူး ၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည််းပြ အဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဘန်နီ မက္ကာသီပဲ ဖြစ်ပါတယ် ။ သူဟာ ယခင်က တောင် အာဖရိက လက်ရွေးစင် တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ် ။

သူဟာ လက်ရှိအချိန်အထိ တောင် အာဖရိက ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် သွင်းဂိုး 31 ဂိုးနဲ့ ဦးဆောင််နေဆဲပဲ ဖြစ်ပါတယ် ။ အခုလည်း သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တိုက်စစ်မှူးတွေနဲ့ပဲ အနီးကပ် အလုပ််လုပ်နေခဲ့ရတာပဲ ဖြစ်ပါတယ် ။

ရလဒ်တစ်ခုအနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ ဒီရာသီ မားကပ်စ် ရပ်ရှ်ဖို့ တောက်ပလာနိုင််ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ အခုတော့ အင်တာဗျူး အစီအစဥ်မှာ မက္ကာသီ အကြောင်း အမေးခံလိုက်ရချိန်မှာ တန်ဟတ် က အမွှမ်းတင် ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ရဲ့ နည်းပြ အဖွဲ့ဝင်ထဲမှာ ခံစစ်မှူးဟောင်းတွေနဲ့ ကွင်းလယ် ကစားသမားဟောင်းတွေ များပြားလှပါတယ် ။ ဒီအတွက် ကျွန်တော်ဟာ ပိုမိုကောင်းမွန်တဲ့ ဟန််ချက် တစ်ခုကို ရရှိချင်ခဲ့ပါတယ် ။ သူ (မက္ကာသီ) ဆိုတာက တိုက်ခိုက်လိုစိတ်များတဲ့သူ တစ်ဦးပါ ”

” သူဟာ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးတယ်လေ ။ သူက အသင်းအတွက် သီးသန့် လိုအပ်ခဲ့သူတစ်ဦး ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော် ဒီနေရာမှာ မကစားခဲ့ဖူးဘူးလေ ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ နည်းပြ အဖွဲ့ဝင်တွေထဲ ဒီနေရာမှာ ကစားပေးသူ တစ်ဦး လိုချင်ခဲ့ပါတယ် ”

” သူ့ကို ရရှိခဲ့တဲ့အတွက် ကျွန်တော် ကံကောင်းတယ်လို့ ခံစားရပါတယ် ။ ဘောလုံးဆိုတာ ဂိုးတွေ သွင်းယူခြင်းပဲလေ ။ ပြီးတော့ အသင်းများ ဂိုးနည်းပြကောင်း တစ်ဦးကိုလည်း လိုအပ်လှပါတယ် ။ ပြီးတော့ တိုက်စစ်ဆင်စေလိုသူလည်း ရှိရပါ့မယ် ”

” ကျွန်တော်တို့ အသင်းမှာ ဂိုးသွင်း လေ့ကျင့်ပေးသူ တစ်ဦး ရှိနေခဲ့ပါပြီ ။ သူ့အနေနဲ့ ကစားသမားတွေနဲ့ ခင်မင် ရင်းနှီးဖို့ လိုအပ်လှပါတယ် ။ ပြီးရင် အသင်းသားတွေကို စုစည်းပေးဖို့ လိုအပ်ပါတယ် ။ သူဟာ ခမ်းနားတဲ့ အလုပ်ကို လုပ်ခဲ့သူပါပဲ ” လို့ တန်ဟတ် က ချီးကျူးသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar