ရာဖင်ညာ အပါအဝင် ပရီးမီးယားလိဂ် ကစားသမား ၂ ဦးကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ရေးပါလာ

 

ရေးပါလာ က ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် အချိန်ကာလ အတွင်းမှာ ဘာစီလိုနာ အသင်း ရဲ့တောင်ပံ ကစားသမား ရာဖင်ညာ နှင့် ပရီးမီးယားလိဂ် ကစားသမား ၂ ဦး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ရာ ဒီဇန်နဝါရီ မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆန္ဒ ပြင်းပြ နေပါတယ် ။ အာတီတာ ကိုယ်တိုင်က ကစားသမားသစ်တွေ ခေါ်ဖို့ လိုအပ်ကြောင်း ဝန်ခံ ထားပေမယ့် ခုထက်ထိ ကစားသမား တစ်ဦးမှ ခေါ်ယူ နိုင်ခြင်း မရှိသေးပါဘူး ။

အာဆင်နယ် အသင်းဟာ ရှက်တာဒိုးနက် အသင်းရဲ့တောင်ပံ ကစားသမား မူဒရစ် ကို ခေါ်ယူဖို့ နီးစပ်တဲ့ အနေအထား ရောက်ခဲ့ပေမယ့် ချဲလ်ဆီး အသင်းရဲ့ကြားဖြတ် ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ။ ဂန်းနားဟောင်း ပီတစ် ကတော့ ရာဖင်ညာ ဟာ အာဆင်နယ် အတွက် ကောင်းမွန်တဲ့ option တစ်ခု ဖြစ်တာကြောင့် ရအောင် ခေါ်သင့်တယ်လို့ Lord Ping မှာ ပြောကြား သွားခဲ့ပါတယ် ။

 

” အာဆင်နယ် က ရာဖင်ညာ ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ၊ ရာဖင်ညာ က ခု ဘာစီလိုနာမှာ ရုန်းကန်နေရပေမယ့် လိဒ်ယူနိုက်တက် မှာတုန်းက ဘယ်လောက်​တောင် ကောင်းခဲ့သလဲ ဆိုတာ အားလုံး သိကြမှာပါ ၊ ဒါကြောင့် သူက အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာ တစ်ခု ဖြစ်ပါလိမ့်မယ် ။ ”

” ဇန်နဝါရီက အရည်အသွေးမြင့် ကစားသမားတွေ ခေါ်လို့ အရမ်းကောင်းတဲ့ ကာလတော့ မဟုတ်ပါဘူး ၊ ကစားသမား အများစု က စာချုပ် သက်တမ်း ရှိနေကြသေးတာပါ ၊ ဒါကြောင့် ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ဖို့ ဆိုတာကခက်ခဲပါတယ် ၊ ဒါပေမယ့် အငှား သို့မဟုတ် အပြီးသတ် ခေါ်လို့ ရတဲ့ ကစားသမား အချို့ တော့ ရှိပါတယ် ။ ”

” အာဆင်နယ် အသင်း အင်အား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အရာက ဗဟို ကွင်းလယ်ပါ ၊ ကျနော်တို့က ပါတေး ဒဏ်ရာ ရသွားမလား ဆိုတဲ့ စိတ်နဲ့ အမြဲတမ်း စိုးရိမ်တကြီး ကြည့်နေရပါတယ် ၊ သူက အာဆင်နယ် အသင်း ကွင်းလယ်မှာ အကျိုးပြုမူ များပြီး အရေးပါလွန်းတဲ့ ကစားသမား တစ်ဦးပါ ၊ on the ball မှာ သိပ်ကောင်းပြီး နေရာစုံ ရွှေ့လျား ကစားနိုင်ပါတယ် ။ ”

” အဲ့ဒီနေရာ အတွက် တိုင်လီမန်းစ် နဲ့ ပြီးခဲ့တဲ့ နွေရာသီက သတင်းတွေ ထွက်ခဲ့ပါတယ် ၊ နောက်ပီး သူက စာချုပ် သက်တမ်း သိပ်မကျန်တော့တဲ့ ကစားသမားပါ ၊ ဒါကြောင့် အာဆင်နယ် အနေနဲ့ ဈေးနည်းနည်း နဲ့ ကမ်းလှမ်းလို့ ရမှာပါ ၊ တစ်ချိန်တည်းမှာပဲ လက်စတာ ကလည်း တန်းဆင်းဇုန် ပြဿနာနဲ့ ကြုံနေရတဲ့ အသင်းပါ ၊ တိုင်လီမန်းစ် လို သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ဆုံးရှုံးချင်မယ်တော့ မထင်ပါဘူး ။ ”

” နောက်တစ်ယောက်ကတော့ တိုနေးပါ ၊ ကျနော် သူ့အပေါ် လုံးဝ ယုံကြည်မှု ရှိပါတယ် ၊ သူ့ရဲ့ ကစားပုံကိုလည်း လုံးဝ ကြိုက်နှစ်သက်ပါတယ် ၊ ဒီရာသီ သူ ဘရန့်ဖိုဒ့် အသင်း အတွက် အံ့ဖွယ် စွမ်းဆောင်ပြထားတယ်ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ၊ ဘရန့်ဖိုဒ့် ကို မလေးမစား ပြောတာတော့ မဟုတ်ဘူးနော် ။ ”

” အော်ဒီဂတ် ၊ ဆာကာ တို့ရဲ့ ပံ့ပိုးမှုတွေနဲ့သာဆိုရင် တိုနေး က ဂိုးတွေ အများကြီး သွင်းနိုင်မှာပါ ။ တိုနေး ရဲ့တန်ကြေး က ဘယ်လောက် ရှိမလဲ ကျနော် မသိပါဘူး ၊ သူ ကမ္ဘာ့ဖလား မကစားလိုက်ရတာ အတော်လေး ကံမကောင်း ဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM