ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဝဂ်ဟော့စ်

 

ပရီးမီးယားလိဂ်မှာ ကစားခဲ့စဥ်တုန်းက ဘန်လေ အသင််းအတွက် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဝဂ်ဟော့စ် က မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံး ပုံစံ ပြသသွားနိုင်ဖို့ ဆာလောင်နေပြီ ဖြစ်ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဘက်ဆစ်တပ် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသက် 30 နှစ် အရွယ် တိုက်စစ်မှူး ဝဂ်ဟော့စ် ဟာ ဒီ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရာသီကုန် အထိ အငှား ( အပြီးသတ်် ခေါ်ယူခွင့် ) နဲ့ ရောက်လာခဲ့ပါတယ် ။

သူဟာ တူရကီ အခြေစိုက် ကလပ် အသင်း အတွက် 18 ပွဲ ကစားပေးခဲ့ရာမှာ ကိုယ်တိုင် 9 ဂိုး သွင်းယူ ၊ 4 ဂိုး ဖန်တီိးရင်း ပုံစံကောင်း ပြသသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဘန်လေ အသင်းအတွက် ကစားခဲ့စဥ်တုန်းက သူ ရုန်းကန်ခဲ့ရပါတယ် ။

အခုတော့ သူ ကစားပေးခဲ့စဥ်တုန်းက အကောင်းဆုံး ပုံစံ ပြသထားနိုင်ခဲ့ခြင်း မရှိတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ အကောင်းဆုံး ပုံစံ ပြသနိုင်ဖို့ အတွက် စိတ်အားထက်သန် နေကြောင်း ၊ အခုတော့ သက်သေပြဖို့ ဆာလောင်နေပြီဖြစ််ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော့်အတွက်တော့ ဒါကြီးက မပြီးပြတ်ခဲ့ရပါဘူး ။ ပထမအကြိမ်တုန်းက ကျွန်တော် မျှော်လင့်သလို ဖြစ်မလာခဲ့ရပါဘူး ။ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော် သက််သေပြဖို့ ၊ အသင်းကို ကူညီပေးဖို့ အတွက် ကျွန်တော် ဆာလောင်နေပါတယ် ”

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ အခု ကောင်းမွန်တဲ့ လမ်းကြောင််းတစ်ခုအပေါ် ရောက်ရှိနေခဲ့ကြပါတယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပါတ် ၊ လ,ပိုင်းလောက်ကဆိုရင် ကျွန်တော်တို့တွေ ဒီမှာ အပေါင်း လက္ခဏာတွေ ဆောင်းကျဥ်းခဲ့ရတာချည်းပါပဲ ”

” အခုတော့ ကျွန်တော်ဟာ အသင်းအတွက် ပါဝင် ပတ်သက််လိုပြီး ကျွန်တော့်ရဲ့ အကောင်းဆုံး အရည်အသွေးတွေကို အသင်းအတွက် ​ပေးဆောင်ချင်ပါတယ် ။ ကျွန််တော်တို့ သွားနေတဲ့ လမ်းကြောင်းမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ချင်ပါတယ် ”

” သေချာတာပေါ့ ၊ ကျွန်တော် ဒီမှာ ဂိုးတွေ သွင်းယူချင်ပါတယ် ။ ကျွန်တော်ဟာ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး တိုက််စစ်မှူးတိုင်း ဂိုးသွင်းယူချင်ကြတာကို ကျွန်တော် သိပါတယ် ။ အဲ့တာကို လုပ်နိုင်ဖို့ ကျွန်တော်တို့ တစ်ပါတ်လုံး ကြိုးစား အားထုတ်ခဲ့ကြရပါတယ် ” လို့ ဝဂ်ဟော့စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar