မန်ယူနိုက်တက် နဲ့ ပွဲမှာ အဝါကဒ် မပြခံရအောင် သတိထား ကစားရမယ့် အာဆင်နယ် ကစားသမား (၃) ဦး

 

ဒီရာသီ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ ကလပ် အသင်း ၁၂ သင်းဟာ ၁၉ ပွဲ တိတိ ကစားပြီးပြီ ဖြစ်ပါတယ် ။ ဖူလ်ဟမ် အသင်း ကတော့ ပွဲ ၂၀ အထိ ကစားပြီး ဖြစ်တဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် အသင်းပါ ၊ ဒါကြောင့် အဆိုပါ ကလပ် အသင်း ၁၃ သင်း က ကစားသမားတွေရဲ့ပထမရာသီဝက် စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းတွေကို လက်ကျန်ရာသီဝက်ဆီ ဆက်လက် သယ်ဆောင်သွားတော့ မှာ မဟုတ်ပါဘူး ။

ဒါပေမယ့် ၁၉ ပွဲ ပြည့်အောင် မကစားရသေးတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ် ၊ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဘရိုက်တန် ၊ ခရစ္စတယ်ပဲလေစ့် ၊ လီဗာပူး နှင့် လိဒ်ယူနိုက်တက် တို့ပဲ ဖြစ်ပါတယ် ။ အဆိုပါ ၇ သင်းထဲက အဝါကဒ် ၄ ကဒ် ထိထားပြီး ဖြစ်တဲ့ ကစားသမားတွေအနေနဲ့ ၁၉ ပွဲမြောက်မှာသာ အဝါကဒ် ထပ်ထိ ရင် စုစုပေါင်း အဝါကဒ် ၅ ကဒ် ဖြစ်သွားမှာ ဖြစ်ပြီး တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာပါ ။

ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို ၈ မှတ်ဖြတ်ဦးဆောင်နေသူ အာဆင်နယ် အသင်းမှာ အဝါကဒ် ၄ ကဒ် ထိထားတဲ့ ကစားသမား ၄ ဦး အထိ ရှိနေပါတယ် ။ သူတို့ကတော့ နောက်ခံလူ ဂါဘရီရယ် နှင့် ဆလီဘာ ၊ တောင်ပံ တိုက်စစ် ကစားသမား ဘူကာရို ဆာကာ ၊ တိုက်စစ်မှူး ဂျေးဇု တို့ပဲ ဖြစ်ပါတယ် ။ ဂျေးဇု ကတော့ ဒဏ်ရာ ရနေတာကြောင့် အဝါကဒ် ထိမှာကို စိုးရိမ်စရာ မရှိပါဘူး ။

 

ဂါဘရီရယ် ၊ ဆလီဘာ ၊ ဆာကာ တို့ အနေနဲ့ လာမယ့် မန်ယူနိုက်တက် နဲ့ ပွဲမှာသာ အဝါကဒ် ထိပါက တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ် ခံရမှာ ဖြစ်ပြီး အဲဗာတန် နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ် ။

ဒီတစ်ပတ် ကစားမယ့်ပွဲမှာ တစ်ပွဲပယ် ပြစ်ဒဏ် ချခံရဖို့ risk ရှိနေတဲ့ ကစားသမားတွေကတော့

မန်ယူနိုက်တက် – ကက်စမဲရို ၊ ဖရက်ဒ် ။
ခရစ္စတယ်ပဲလေစ့် – ရှလက်ပ် ၊ ဝက်ဒ် ။
မန်ချက်စတာစီးတီး – မရှိ ။
လီဗာပူး – မရှိ ။
ဘရိုက်တန် – မက်ကာလစ်စတာ ။
လိဒ်ယူနိုက်တက် – ကော်ဂျ့် ၊ ခရစ်တန်ဆန် ၊ ရိုကာ ။
အာဆင်နယ် – ဂါဘရီရယ် ၊ ဆာကာ ၊ ဆာလီဘာ ။

ဒီရာသီ အဝါကဒ် အများဆုံး ထိထားတဲ့ ကစားသမားများ

၇ ကဒ် – ရူဘင်နီဗက်စ် ။
၆ ကဒ် – ဂျိုလင်တန် ၊ ရိဒ် ၊ ဒူကူရေး ၊ ဂေါ်ဒွန် ၊ ဂူဟီ ၊ ပေါလ်လင်ဟာ ၊ တစ်တီ ၊ တိုနေး ။
၅ ကဒ် – ဘန်တန်ကာ ၊ ဘစ်ဆူးမား ၊ ဘရူနို ဖာနန်ဒက်စ် ၊ ကိုင်စီဒို ၊ ဒါလော့ ၊ပါရဲရား ၊ မက်ဒီဆင် ၊ တော်မီနေး ၊ ခရစ်မီဖန် ၊ မီထရိုဗစ် ၊ အိုနားနား ၊ ဟာရစ်ဆန်ရိဒ် ၊ ရောဘင်ဆင် ၊ အဒမ်စမစ် ။

ဒီရာသီ အဝါကဒ် အများဆုံး ပြခံရထားတဲ့ ပရီးမီးယားလိဂ် အသင်းများ
1.Fulham — 49 yellow cards, one red card
2.Manchester United — 46 yellow cards, no red cards
3.Aston Villa — 43 yellow cards, one red card
4.Nottingham Forest — 42 yellow cards, no red cards
5.Crystal Palace — 41 yellow cards, two red cards
6.Everton — 41 yellow cards, no red cards
7.Chelsea — 39 yellow cards, three red cards
8.Wolves — 39 yellow cards, three red cards
9.Leeds — 38 yellow cards, two red cards
10.Tottenham — 37 yellow cards, one red card
11.Newcastle — 34 yellow cards, no red cards
12.Bournemouth — 32 yellow cards, no red cards
13.Arsenal — 32 yellow cards, no red cards
14.Southampton — 31 yellow cards, no red cards
15.Brentford — 26 yellow cards, no red cards
16.Brighton — 26 yellow cards, no red cards
17.West Ham — 25 yellow cards, no red cards
18.Leicester — 24 yellow cards, no red cards
19.Liverpool — 18 yellow cards, one red card
20.Manchester City — 17 yellow cards, one red card

SM