တန်ဟတ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မှတ်ချက်ပေးရင်း မော်ရင်ဟိုရဲ့ ယူနိုက်တက် နည်းပြ ဘဝနဲ့ နှိုင်းယှဥ်လိုက်တဲ့ ဖာဒီနန်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ထက် ပိုပြီး အခက်အခဲတွေ ကြုံတွေ့ရနိုင်ဖွယ် ရှိလိမ့်မယ်လို့ သုံးသပ်သွားခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ်ဟာ ရဲ့လ်ဖ် ရန်းဂနစ် ရဲ့ နေရာကို ဆက်ခံံခဲ့ရတဲ့နောက် အသင်းသားတွေ အတွက် သူ့ စိတ်ကြိုက် စည်းမျဥ်းစည်းကမ်း ထုတ်ခဲ့ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက် အချို့ကို ချမှတ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲ နာမည်ကြီိး ကစားသမားတွေကို ကိုင်တွယ်ရေး ပါဝင်ခဲ့ပါတယ် ။

သူဟာ ပြီးခဲ့တဲ့နွေတုန်းက အသင်းမှထွက်ခွာဖို့ သတင််းကြီးနေခဲ့တဲ့ ပေါ့ဂ်ဘာ နဲ့ ဂျက်စီ လင်ဂတ် တို့လို ကစားသ မားတွေကို စာချုပ်သစ် ချုပ်ဖို့ မတွေးတောခဲ့ပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသီးသီးထွက်ခွာခွင့် ပေးဆောင်သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ စူပါ စတား ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဟယ်ရီ မက်ဂွားယား တို့လို ကစားသမား နှစ်ဦးကို ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ််ဖို့ အထိတောင် အရဲစွန့်ခဲ့သေးတာဖြစ်ပြီး လက်တွေ့မှာလည်း အလုပ်ဖြစ်ခဲ့ရပါတယ် ။

ဒါ့အပြင် သူဟာ အသင်းအတွက် ရှေ့ဆက် ကောင်းနိုင််ခြေ မရှိတော့တဲ့ ရော်နယ်ဒို နဲ့ လမ်းခွဲဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ် ။ အခုတော့ ဖာဒီနန် က တန်ဟတ်လို ဖိအားမျိုး ကြုံရတဲ့ နည်းပြ သိပ်ရှိမှာ မဟုတ်ကြောင်း ၊ လုပ်ချင်တာ လုပ်ခွင့်ရခဲ့တဲ့ တန်ဟတ်ဟာ မော်ရင်ဟိုထက် ပိုပြီး ဖိအားများသွားဖို့ရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အဲရစ် တန်ဟတ် နည်းပြ ဘဝ ကြုံတွေ့ရတဲ့ အစောပိုင်း ကာလအတွင်းမှ ဖိအားတွေလိုမျိုး ဖိအားများခဲ့ရတဲ့ နည်းပြ သိပ်များမယ် မထင်မိပါဘူး ။ ရော်နယ်ဒို ဆိုတာ ကမ္ဘာ နဲ့ ချီးပြီး ကြီးကျယ်ခမ်းနားတဲ့ စူပါ စတား တစ်ယောက်ပါ ။ သူ့ကို ကိုင်တွယ်ရေးဆိုတာက အရမ်းကို ခက်ခဲလွန်းတဲ့ အရာပါပဲ ”

” အဲ့ဒီနောက် သူဟာ ရပ်ရှ်ဖို့ ရဲ့ စည်းကမ်း မလိုက်နာတဲ့ ကိစ္စကို လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ် ။ သူဟာ လိုချင််တဲ့ ကစားသမားတွေကို ရရှိခဲ့ပြီး ဒီအတွက် ငွေကြေး အများကြီး သုံးခဲ့ရပါတယ် ။ အဲ့တာတွေက ကိုယ့်အတွက် ကိုယ်တိုင် ဖိအားတွေ ဖန်တီးခြင်းပါပဲ ”

” ဟယ်ရီ မက်ဂွားယားလည်း ပါဝင်ခဲ့ပါသေးတယ် ။ သူ့ရဲ့ အနေအထားက လစ်လိုက်တော့ ၊ မင်းက အသင်းထဲ မပါဘူး ‘ ဆိုသလိုမျိုး ဖြစ်ခဲ့ရပါတယ် ။ ဒီလို လုပ်ရတာတွေက ကြီးမားလွန်းတဲ့ ဆုံးဖြတ်ချက် ချမှတ်ရခြင်းတွေပါပဲ ။ ဒါပေမဲ့ ရလဒ်တွေက ပိုအရေးကြီးတယ်လေ ”

” မော်ရင်ဟို ရဲ့ အနေအထားတွေက တန်ဟတ်ထက် ပိုပြီး ခက်ခဲခဲ့တယ်လို့ ခင်ဗျား ပြောလို့မရနိုင်ပါဘူး ။ ဟိုဆေး မလာခင်တုန်းကထိ ပေါ့ဂ်ဘာ နဲ့ ပတ်သက်တဲ့ ပြသနာ မရှိခဲ့ပါဘူး ။ အဲ့တာက ပုဂ္ဂိုလ်ရေးပြသနာ မဟုတ်ခဲ့ရပါဘူး ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar