ရိုနယ်ဒို ရဲ့ ပွဲဦးထွက် ၊ အောက်ကြေးနှိုက်တဲ့စပါး ၊ နှုတ်ဆက်ရနိုင်တဲ့ သရဲနီ ၂ ယောက်နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဘရိုက်တန် မှာ နည်းပြ ဒီဇာဘီ နဲ့ အဆင်မပြေ ဖြစ်နေပြီး လူစာရင်း ကနေ ချန်လှပ် ခံထားရတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် လီယန်ဒရို ထရိုဆတ် ကို ပေါင် ၁၂ သန်း တည်းနဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဘရိုက်တန် ဘက်က ငြင်းဆို သွားခဲ့ ပါတယ် ။

စပါး တိုက်စစ်မှူး ရစ်ချလီဆင် ကတော့ မြောက်လန်ဒန် ဒါဘီ က သူ့ရဲ့ လုပ်ရပ် အတွက် ဖြေရှင်းချက် ပေးခဲ့ပြီး အာဆင်နယ် ဂိုးသမား ရမ်းစဒေး က စပါး ပရိသတ်တွေရှေ့မှာ အောင်ပွဲခံ နေမှုဟာ လေးစားမှု မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ယူဆတာကြောင့် သွားရောက် ပြောဆိုရာကနေ အချင်းများခဲ့တာ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ဟာ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ PSG အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် ဆော်ဒီ All-Star ( အယ်လ်နက်ဆာ + အယ်လ်ဟီလေ ) အသင်းကို အသင်းခေါင်းဆောင် အဖြစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

 

လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ ကတော့ အသင်းရဲ့ ရလဒ်တွေ ဆိုးရွား နေသည့်တိုင် အန်ဖီးလ် ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိကြောင်း ၊ ဘယ်သူမှလည်း သူ့ကို ထွက်သွားဖို့ စကားပင် မစကြကြောင်း ဖြေကြား သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဒါဝင်နူညက်ဇ် ပြန်ကစား နိုင်ဖိ့ုလည်း နီးစပ်မှု ရှိနေပြီ ဖြစ်ပေမယ့် ဝုဗ် နဲ့ FA Cup ပွဲစဉ် ကိုတော့ ပါဝင်ဖို့ မသေချာဘူးလို့ ကလော့ က ပြောဆိုခဲ့ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းကတော့ ဘရာဇီး ကလပ် ပါးမေးရပ်စ် အသင်းကစားသမား ဒါနီလို ကို ၂၀၂၉ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ ပါတယ် ။

PSG ရဲ့ စပိန် လက်ရွေးစင် ပါဘလို ဆာရာဘီယာ ဟာ ဒီကနေ့ မှာ ဝုဗ် အသင်းနဲ့ ဆေးစစ်မှု ပြုလုပ်ဖို့ ချိန်းဆို ထားပြီ ဖြစ်ကာ အခု အပတ်ထဲမှာ အသင်းသားသစ်အဖြစ် ကြေညာဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

ဂျာမန်ကလပ် ဒေါ့မွန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် တိုက်စစ်သမားလေး အန်တိုနီ အီလန်ဂါ ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အဲဗာတန် ကလည်း အီလန်ဂါ ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ စကော့ မက်တော်မီနေး ဟာလည်း အသင်းမှာ ကစားခွင့် နည်းပါး နေတာကြောင့် အနာဂါတ် ကို စဉ်းစားနေပြီ ဖြစ်ကာ နယူးကာဆယ် က တော်မီနေး ရဲ့ အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

အက်စတွန် ဗီလာ ဟာ မေဂျာလိဂ် မှာ ကစားနေတဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဂျွန်ဒူရန် အတွက် အမေရိကန် ဒေါ်လာ ၁၈ သန်း ကို ပေးချေ ကာ ခေါ်ယူသွားမယ်လို့ သိရှိရ ပါတယ် ။

ဒေါ့မွန် အသင်းဟာ လူငယ် တိုက်စစ်မှူးလေး ယူဆူဖာ မိုကူကူ အတွက် စာချုပ်သစ် ကမ်းလှမ်း ထားပြီး ဖြစ်ကြောင်း နဲ့ ကစားသမား ဘက်က ဆုံးဖြတ်ရမယ့် အပိုင်းသာ ကျန်ရှိတော့ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး ဟာ စပို့တင်း လစ္စဘွန်း ရဲ့ ပေါ်တူဂီ ညာနောက်ခံလူ ပက်ဒရို ပေါ်ရို ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာပြီ လို့လည်း ကြားသိရ ပါတယ် ။

ဒါ့အပြင် စပါး နည်းပြ ကွန်တီ ဟာ ရာသီအကုန်မှာ လန်ဒန် ကနေ ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြန် ပါတယ် ။

လီဗာပူး ရဲ့ ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ် ဒီယာ့ဇ် ကတော့ အားကစားခန်းမ ထဲမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ဆောင် နိုင်ပြီလို့ ပရိသတ်တွေ ကို အသိပေး သွားခဲ့ ပါတယ် ။

ဒီယာ့ဇ် ဟာ အောက်တိုဘာလောက် တည်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိပြီး လီဗာပူး နဲ့ ကင်းကွာနေရသူ ဖြစ်ပါတယ် ။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ရဲ့ ဖူလ်ဟမ် နဲ့ ပွဲက ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိဘဲ ရက်သတ္တပတ် အနည်းငယ်ခန့်သာ အနားယူရနိုင်တယ်လို့လည်း ကြားသိရ ပါတယ် ။

ယူကရိန်း ကလပ် ရှက်တာဒိုးနက် ဟာ မူဒရစ်ခ် ကို ချဲလ်ဆီး အသင်းဆီ ရောင်းချရာကနေ ရရှိတဲ့ ပြောင်းရွှေ့ကြေး ထဲက ဒေါ်လာ ၂၅ သန်း ကို ယူကရိန်း စ-စ်သားတွေ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အတွက် ထောက်ပံ့ပေးအပ် သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ ပါတယ် ။

ဒါ့အပြင် ဒီအပြောင်းအရွှေ့ အတွက် ချဲလ်ဆီး ဟာ ရှက်တာဒိုးနက် အသင်းနဲ့ ယူကရိန်းမြေပေါ်မှာ ခြေစမ်းပွဲ ကစားဖို့လည်း သဘောတူခဲ့ကြောင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR