ပါတေး နှင့် ကက်စီမဲရို တို့ နှစ်ဦးမှာ ဘယ်သူ ပိုကောင်းသလဲ ဆိုတာ သုံးသပ် ပြောကြားလိုက်တဲ့ ဖာဒီနန်

ခုလက်တစ်လော ပရိသတ်တွေကြားထဲ အငြင်းပွားနေကြတဲ့ အာဆင်နယ် ကွင်းလယ်လူ သောမက်စ် ပါတေး နှင့် မန်ယူနိုက်တက် ကွင်းလယ်လူ ကက်စီမဲရို တို့ နှစ်ဦးမှာ ဘယ်သူ ပိုကောင်းသလဲ ဆိုတဲ့ deebate နဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖာဒီနန် က ဆွေးနွေး ပြောဆို လိုက်ပါတယ် ။

ကွင်းလယ် ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ပါတေး နှင့် ကက်စီမဲရို တို့ဟာ ဒီရာသီ မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေကြသူတွေ ဖြစ်ပြီး အသင်းကို အများကြီး အကျိုုးပြုထားနိုင်သူတွေ ဖြစ်ပါတယ် ။ ပါတေး နှင့် ကက်စီမဲရို တို့နှစ်ဦးစလုံးဟာ ရာသီကုန် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာပါဝင်ဖို့ အားကောင်းနေကြသူတွေ ဖြစ်ပြီး ဘယ်သူ ပါဝင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ ။

သူတို့ နှစ်ဦးသာ မရှိရင် အာဆင်နယ် နဲ့ မန်ယူနိုက်တက် နှစ်သင်းစလုံး ခုရပ်တည်နေတဲ့ အဆင့် မှာ ရှိမနေနိုင်လောက်တဲ့ အထိ အသင်းအတွက် အရေးပါ အခရာကျသူတွေ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရပ်တည်နေတဲ့ အသင်း ဖြစ်ပြီး မန်ယူနိုက်တက် ကတော့ အာဆင်နယ် နဲ့ ၉ မှတ်အကွာ အဆင့် ၄ မှာ ရပ်တည် နေတဲ့ အသင်းပါ ။

ဒီတစ်ပတ်မှာလည်း ပါတေး ရဲ့ အာဆင်နယ် နှင့် ကက်စီမဲရို ရဲ့ မန်ယူနိုက်တက် တို့ ထိပ်တိုက် တွေ့ဆုံဖို့ ရှိနေတာကြောင့် ပရိသတ်တွေကြားထဲ ရှိနေတဲ့ ဘယ်သူ ပိုကောင်းသလဲ ဆိုတဲ့ မေးခွန်း က အဖြေပေါ်တော့မှာ ဖြစ်ပါတယ် ။ ဖာဒီနန် ကတော့ နှစ်ယောက်စလုံးဟာ တကယ်ကောင်းတဲ့သူတွေ ဖြစ်တယ်လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

” သူ(ပါတေး) က တကယ် ကောင်းတဲ့ ပေးပို့မှုတွေ လုပ်နေခဲ့တာပါ ၊ သူ အဲ့လို လုပ်နိုင်စွမ်း ရှိမှန်း ကျနော် အမှန်တကယ် မသိခဲ့ပါဘူး ၊ အက်သလက်တီကို မက်ဒရစ် မှာ တုန်းက သူ အဲ့လို ပေးပို့မှုတွေ လုပ်တာ ခင်ဗျားတို့ မြင်ဖူး ကြသလား ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာကော မြင်ဖူးကြလား ပြောပါဦး ။ ”

” ဘယ်သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားလဲလို့ ငြင်းခုန်ကြမယ်ဆိုရင် နှစ်သင်းစလုံး အတွ​က် ကောင်းကောင်း ငြင်းခုန်လို့ ရပါတယ် ။ အချက်အလ​က် မှတ်တမ်းတွေ အရ ယှဉ်မယ်ဆို ကက်စီမဲရို က ပါတေး ထက် အပြတ်အသတ် အသာ ရနေမှာပါ ။

” ပါတေး က ကက်စမဲရို လို ခံစစ် တာဝန် ကို ​ကောင်းကောင်း ထမ်းဆောင်ထားနိုင်တယ်လို့တော့ မထင်ပါဘူး ။ မန်ယူနိုက်တက် ခံစစ် အပေါ် ကက်စမဲရို ရဲ့ အကျိုးသက်ရောက်မှု က အတော်လေး ကြီးမားပါတယ် ၊ ပါတေး ထက် အဲ့အပိုင်း ပိုသာပါတယ် ။ ”

” On the ball မှာတော့ ပါ​တေး က ကက်စမဲရို ထက် ပိုကောင်းအောင် လုပ် နိုင်ပါတယ် ။ သူက အာဆင်နယ် အတွက် လုံးဝ ပေးဆပ် ကစားပြီး ပွဲ ရဲ့ tempo ကို ထိန်းချုပ် ကစားပေးနေသူ ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM