ချဲလ်ဆီး အသင်းရဲ့ကာလရှည်ကြာ ပစ်မှတ်ကို နွေရာသီမှာ ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်း သွားမယ့် အာဆင်နယ်

 

ဝက်စ်ဟမ်း အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို ရာသီကုန်မှာ ရောင်းထုတ်တော့မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီကလန်ရိုက်စ် ကို သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်း ဌာနတွေက တစ်ညီတစ်ညွှတ်တည်း ဖော်ပြ လာခဲ့ကြပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ရိုက်စ် ကို လိုချင်တဲ့ အသင်းတွေ့အနေနဲ့ ပေါင် သန်း ၁၀၀ အထိ ပေးဖို့ လိုအပ်ကြောင်း ပြောကြား နေခဲ့တာ ဖြစ်ပါတယ် ။ အခု အခါမှာတော့ ဝက်စ်ဟမ်း အသင်းဟာ ရိုက်စ် အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ကို အနည်းငယ် လျှော့ပေးတော့ မှာ ဖြစ်ပြီး မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ အာဆင်နယ် အသင်း တို့ အနေနဲ့ ပေါင် ၇၀-၇၅ သန်း ဝန်းကျင် နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိလာ ခဲ့ပြီ ဖြစ်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ နိုင်ငံ အသင်းဖော်တွေ ချန်ပီယံလိဂ် ကစားနေကြတာကို မြင်ရတဲ့ အခါမှာ မနာလို ဖြစ်မိကြောင်း ဝန်ခံထားပြီး အသင်း ပြောင်းဖို့ ကို နွေရာသီ မှာ စဉ်းစား ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။ ရိုက်စ် ရဲ့ အသင်းသစ်ဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်း ဖြစ်ဖို့ များနေပါတယ် ။

အာဆင်နယ် အသင်းဟာ အသက် အရွယ် ကြီးရင့်လာတဲ့ ပါတေး နှင့် ရှာကာတို့ နေရာ အစားထိုးဖို့ရာ ကွင်းလယ်လူ ခေါ်ယူ လိုနေပြီး ရိုက်စ် ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရိုက်စ် နဲ့ ပတ်သက်ပြီး စုံစမ်း ဆက်သွယ်မှုတွေတောင် လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

သတင်းတွေ အရတော့ ရိုက်စ် ဟာ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် အာဆင်နယ် နဲ့ ချဲလ်ဆီး မှာ အခွင့်အရေးများနေပါတယ် ၊ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ သူတို့ရဲ့ ပစ်မှတ် ဖီးလစ် ၊ မူဒရစ် တို့ နှစ်ဦးကို ချဲလ်ဆီး အသင်းထံ လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်းထက်စာရင် ရိုက်စ် ကို ပိုပြီး လိုချင်နေတဲ့ အသင်းပါ ။ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း ဘက်က သတ်မှတ်မယ့် ဈေးဟာ လာမယ့် နွေရာသီ တုန်းကထက်စာရင် ပိုပြီး လက်တွေ့ဆန်တာကြောင့် ရိုက်စ် ကို စိတ်ဝင်စား လာခဲ့တာ ဖြစ်ပါတယ် ။

ရိုက်စ် ဟာ ပြီးခဲ့တဲ့ အာဆင်နယ် ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အာတီတာ နှင့် အာဆင်နယ် အသင်းကို ချီးကျူး ထားခဲ့ဖူးပါတယ် ။ လက်ရှိ အမှတ်ပေး ဇယား ရပ်တည်မှု အရတော့ အာဆင်နယ် အသင်းဟာ ရိုက်စ် ကစားချင်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ နှင့် ပိုပြီး နီးစပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ် ။

SM