တိုက်စစ်မှူးသစ် ဝဂ်ဟော့စ် ဆီက အံ့ဖွယ် အရည်အသွေးတွေ မြင်ရလိမ့်မယ်လို့ ထုတ်ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က ဘန်လေ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဝေါက် ဝဂ်ဟော့စ် ကို ဘာကြောင့် ရာသီကုန် အထိ အငှား စာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့တာလဲ ဆိုတာကို ရှင်းပြသွားခဲ့လိုက်ပါတယ် ။

ဘန်လေ အသင်း တန်းဆင်း သွားခဲ့တဲ့နောက် တိုက်စစ်မှူး ဖြစ်သူ ဝဂ်ဟော့စ် ဟာ ပထမ ရာသီဝက် ကို ဘက်ဆစ်တပ် အသင်းမှာ အငှား ကစားသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီမှာတော့ သူဟာ 18 ပွဲ ကစားခဲ့ပြီး 9 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အသက် 30 အရွယ် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ််သက်လို့ လူတွေအံ့အားသင့်သွားတာကတော့ 2022 ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာပဲ ဖြစ်သွားခဲ့ရပါတယ် ။ အဆိုပါ ပြိုင်ပွဲမှာ သူဟာ အာဂျင်တီးနား အသင်းဖက်ကို 2 ဂိုး သွင်းယူခဲ့ပြီး ဘာတွေ လုပ်နိုင်လဲဆိုတာ ပြသသွားနိုင်ခဲ့ပါတယ် ။

အစပိုင်းတုန်းကတော့ ဘက်ဆစ်တပ် အသင်းဟာ တိုက််စစ်မှူး ဖြစ်သူကို ဘန်လေဆီ လက်လွှတ်မခံလိုခဲ့တဲ့ အတွက်် ယူနိုက်တက်တို့ ခေါ်ယူရရှိဖို့ ရုန်းကန်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ မန်ချက်စတာ ဒါဘီပွဲ ကစားတဲ့နေ့မှာတော့ သူဟာ ယူနိုက်တက်ရဲ့ တရားဝင် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဝဂ်ဟော့စ် ဟာ ဘန်လေ က လွဲရင် ကစားပေးခဲ့တဲ့ အသင်းတိုင်းမှာ အံ့ဖွယ် စွမ်းဆောင််ရည် ပြသထားနိုင်ခဲ့ကြောင်းဖွင့်ဟသွားခဲ့လိုက်ပြီး သူ့ကို စောင့်ကြည့်နေခဲ့တာ ကြာပြီ ဖြစ်ကြောင်းပါ ဝန်ခံသွားခဲ့လိုက်ပါတယ် ။

” ဝဂ်ဟော့စ် ဟာ ဘန်လေ က လွဲရင် ကစားပေးခဲ့တဲ့ အသင််းတိုင်းမှာ အံ့ဖွယ် စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့တယ််လို့ ထင်မိပါတယ် ။ သူ ခြေစွမ်းကောင်း မပြနိုင်ခဲ့တဲ့ အချိန်ကလည်း တကယ့်ကို အချိန်တိုလေး တစ်ခုပဲ ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့တာ ကြာလွန်းလှပါပြီ ။ သူ အသက် 16 နှစ် အရွယ် ကတည်းက ကျွန်တော် သူ့ကို သိခဲ့တယ်လေ ။ သူဟာ ကစားတဲ့ အသင်းတိုင်းမှာ အံ့ဖွယ် စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ် ”

” ဟုတ်ပါတယ် ၊ သူဟာ အရင်ထဲက ကျွန်တော့်ဖက်က ကင်းထောက်နေခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ အသင်းတိုင်းကို တောင့်တင်းစေနိုင်တယ်ဆိုတာ ပြသထားနိုင်ခဲ့ပြီးပါပြီ ။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ကလည််း မယုံကြည်နိုင်ဖွယ်ပါပဲ ”

” ကုန်ကုန်ပြောရရင် သူဟာ ခံစစ်ပိုင်းအရတောင် အသင််းကို လိုက်ပါ ကူညီပေးနိုင်စွမ်း ရှိနေတဲ့ တိုက်စစ်မှူး တစ်ဦးပဲ ဖြစ်နေပါတယ် ” လို့ တန်ဟတ် က ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar