မန်ချက်စတာ ဒါဘီပွဲအပြီး ချီးကျူးမှု သိပ်မရခဲ့တဲ့ ယူနိုက်တက် ကြယ်ပွင့် တစ်ဦးကို ချီးကျူးလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါလ် စခိုးလ် က ဒီရာသီ ပုံစံကောင်းတွေ ပြသနေခဲ့တဲ့ လူငယ် ကြယ်ပွင့် တိုက််စစ် ကစားသမားလေး ဂါနာချိုဟာ ကွင်းထဲ ဝင်ရောက်တိုင်း အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြနိုင်ခဲ့တယ်လို့ ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင််းနဲ့ မန်ချက်စတာ ဒါဘီပွဲ ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ််နဲ့ ရှုံးနိမ့်နေခဲ့ချိန် ၊ ပွဲချိန် 72 မိနစ်မှာ ဂါနာချို က အဲရစ်ဆင်ရဲ့ နေရာမှာ လူစားဝင် ကစားပေးခွင့် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် 6 မိနစ် အကြာမှာပဲ ယူနိုက်တက်တို့ ခြေပဂိုး ရရှိခဲ့ကြပါတယ် ။ ဒီဂိုးမှာတော့ ရပ်ရှ်ဖို့ ရဲ့ ပါးနပ်မှု ဘရူနို ဖာနန်ဒက်စ် ရဲ့ မြန်ဆန် တိကျမှုတွေက ချီးကျူးမှုတွေ ရရှိိခဲ့ပါတယ် ။ ဒါ့အပြင် ဒုတိယမြောက် ဂိုးမှာလည်း လူ မကျွံအောင် အနောက်ပြန်ဆုတ်ပြီးမှ ရှေ့ပြန်တက် ဂိုးသွင်းနိုင်ခဲ့တဲ့ ရရှိခဲ့တဲ့ ရပ်ရှ်ဖို့ ပဲ ချီးကျူးခံခဲ့ရပါတယ် ။

ဒါပေမဲ့ အဆိုပါ မိနစ်တွေမှာ ယူနိုက်တက် တိုက်စစ်ပိုင်း ကစားပုံကို ပိုမိုကောင်းမွန်အောင် အများဆုံး ပုံဖော်ပေးခဲ့တာကတော့ ဂါနာချိုသာ ဖြစ်ခဲ့ရပါတယ်။ အရင်ကတည််းက ဘောလုံးကိုင် ကစားရချိန်မှာ ပြိုင်ဖက်တွေကို ကျော်ဖြတ်ပြဖို့ အားသန်ခဲ့တဲ့ တိုက်စစ် ကစားသမားလေးဟာ ဒီပွဲမှာလည်း ပုံစံတူ ကစားခဲ့ပါတယ် ။

သူ ပထမအကြိမ် ဖြတ်တင်ပေးပို့တာ ပြိုင်ဖက်ကို ထိပြီး ဘောလုံး သူ့ဆီ ပြန်လာချိန်မှာ တွေဝေမနေပဲ တစ်ချက်ဖိန့်ခဲ့ပြီး ဘောလုံးကို ရပ်ရှ်ဖို့ ရှိရာဆီ အလိုက်သင့် မျှောထိုးပေးခဲ့တာပဲ ဖြစ်ပါတယ် ။ သူ အဲ့ဒီလို တစ်ချက်ကလေး ကောင်းပြလိုက်တာက ယူနိုက်တက်တို့ကို အနိုင်ဂိုး ရရှိစေဖို့ လုံလောက်သွားစေခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲအပြီးမှာတော့ ပရိသတ်တွေနဲ့ သတင်းသုံးသပ််သူတွေက ရပ်ရှ်ဖို့ ၊ ဘရူနို ၊ ဖရက်ဒ် ၊ ဘစ်ဆာကာ ၊ VAR အကြောင်းတွေချည်း အများဆုံး ပြောဆိုနေခဲ့ချိန်မှာ ပေါလ် စခိုးလ် က ပွဲအဖြေ ပြောင်းလဲအောင် လုပ်ဆောင်ပေးခဲ့တဲ့ ဂါနာချို ကို မမေ့မလျော့ ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဒီပွဲမှာ ဂါနာချို ရဲ့ နာမည်ကိုလည်း ထည့်ပြောရမယ်လို့ ထင်မိပါတယ် ။ သူက ကွင်းထဲဝင်လာတိုင်း ထူးထူးကဲကဲ ခြေစွမ်းပြနိုင်ခဲ့တာချည်းပါပဲ ။ သူဟာ အန်တိုနီ ထက် ပိုပြီးတော့ အသင်းအပေါ် လွှမ်းမိုးမှု ရှိနိုင်ခဲ့တယ်လို့ ကျွန်တော့်ဖက်က ပြောဆိုငြင်းခုံချင်ပါတယ် ”

” သူဟာ ကွင်းထဲကို ဝင်ရောက်လာတဲ့ အခါတိုင်းမှာ အမြဲလိုပဲ လျှင်လျှင်မြန်မြန် သွက်သွက်လက်လက် ကစားပေးခဲ့တာချည်းဖြစ်ပြီး သူ့ကြည့်ရတာ ဂိုးသွင်းယူတော့မဲ့ ပုံစံမျိုး အမြဲတမ်း ပေါ်လွင်နေခဲ့ပါတယ် ။ သူဟာ အချိန်တိုင်း ပြေးလွှားနေခဲ့ပြီး အန္တရာယ်ပေးနိုင်မယ့်ပုံ ပေါ်နေခဲ့တာချည်းပါပဲ ”

” ကျွန်တော် သူ့ကို ကြည့်ခဲ့တဲ့အခါတိုင်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တာချည်းပါပဲ ။ သူဟာ တတယ့် ထိုးဖောက် မွှေနှောက်နိုင်သူ တစ်ဦးပါ ။ သူဟာ အန်တိုနီထက် အရင် ဒီအသင်းအတွက် ကစားခွင့် ရခဲ့သင့်တယ်လို့တောင် ထင်မိပါတယ် ။ ကျွန်တော် ပြောတာကို အထင်မလွဲလိုက်ပါနဲ့ ”

” သူဟာ တိုက်ရိုက် ကစားသူပါ ။ အကြောက်အရွံ့ ကင်းမဲ့ပြီး ဘာကိုမှ ဂရုမစိုက်တဲ့ လူငယ်လေးပါပဲ ။ သူဟာ ဂိုးတွေ သွင်းယူနိုင်သလို ဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်ပါတယ် ။ သူဟာ အဲ့တာထက်ပိုပြီး လုပ်ပြနိုင်စွမ်းရှိတဲ့ ကစားသမားပါပဲ ” လို့ စခိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar