အာဆင်နယ် အသင်း ဒီနှစ် အမှတ်ပေး ချန်ပီယံ မဖြစ်နိုင်တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ အိုဝင်ဟားဂရေဗ့်စ်

 

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ကစားသမားဟောင်း အိုဝင် ဟားဂရေဗ့်စ် က ဒီရာသီ အာဆင်နယ် အသင်း ရဲ့ စွမ်းဆောင်ရည် ဟာ အထင်ကြီးစရာ ကောင်းလွန်းပေမယ့် အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်တဲ့ လူစာရင်း အင်အားမျိုးတော့ မရှိသေးကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

၂၀၀၄ ခုနှစ် နောက်ပိုင်းကတည်းက အမှတ်ပေး ချန်ပီယံဆု နဲ့ အလှမ်းဝေး နေခဲ့တဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူ နိုင်မယ့် အလားအလာကောင်းကို ပိုင်ဆိုင် ထားပါတယ် ။ အာဆင်နယ် အသင်း ဟာ လက်ရှိ မှာ ဒုတိယနေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် အထိ ဖြတ်ထားတာ ဖြစ်ပါတယ် ။

အိုဝင်ဟားဂရေဗ့်စ် ကတော့ အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ် ဖလား ရစေချင်ပေမယ့် ရဖို့တော့ လမ်းမမြင်ကြောင်း talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။ ” အာဆင်နယ် က ကျနော် အထင်ကြီးအောင် စွမ်းဆောင် ပြထားနိုင်ပါတယ် ။ ကျနော်ကတော့ သူတို့ ဒီတစ်ပတ် နိုင်ပွဲ ဆက်ပြီး တော့တင်ဟမ် ကို ၂-၁ နဲ့ အနိုင်ရလိမ့်မယ်လို့ ထင်ပါတယ် ။ ”

” သူတို့ အမှတ်ပေး ချန်ပီယံ ဖြစ်မယ်လို့တော့ မထင်ပါဘူး ၊ သူတို့က လက်စတာ စီးတီး ဖြစ်ခဲ့တဲ့ ပုံစံနဲ့ အနည်းငယ် ဆင်ပါတယ် ၊ မတ်လ ဧပြီလ နှောင်းပိုင်းအထိ သူတို့ ချန်ပီယံ ဖြစ်မယ်လို့ မယုံကြည် ခဲ့ကြပါဘူး ၊ အာဆင်နယ် အသင်းရဲ့ ဒီရာသီ ခံစစ် စွမ်းဆောင်ရည်က မယုံနိုင်လောက်အောင်ကို ကောင်းပါတယ် ။ ”

” အာဆင်နယ် အသင်းက ချန်ပီယံ ဖြစ်နိုင်စွမ်း ရှိပါတယ် ၊ ဒါပေမယ့် ချန်ပီယံ ဖြစ်လိမ့်မယ်လို့တော့ မထင်မိပါဘူး ၊ သူတို့ အမှတ်ပေး ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် လူခေါ်ဖို့ လိုအပ်ပါတယ် ၊ ကျနော်ကတော့ သူတို့ လူခေါ်ဖို့ မျှော်လင့်ပါတယ် ။ ”

” အာဆင်နယ်ပရိသတ်တွေ စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာ ခံစားနေခဲ့ရတာ နှစ်ကာလ ရှည်ကြာ ရှိနေခဲ့ပါပြီ ။ ပရီးမီးယားလိဂ် ဖလားသာ ရလိုက်ရင် သူတို့ အတွက် သိပ်ကောင်း သွားပါလိမ့်မယ် ၊ ကစားသမား တစ်ဦးဦးသာ ဒဏ်ရာ ရသွားရင် အဆင်သင့်အစားဝင်နိုင်တဲ့ ကစားသမား အင်အားမျိုး အာဆင်နယ် မှာ ရှိမနေပါဘူး ။ ”

” ဆာကာ ၊ မာတင်နယ်လီ ၊ အော်ဒီဂတ် တို့ ကစားတာကို ကြည့်ရတာ တကယ် မိုက်ပါတယ် ၊ သူတို့ရဲ့ကစားပုံက ကြည့်ရတာ စိတ်ကျေနပ်မှု အပြည့်ပေးစွမ်းနိုင် ပါတယ် ၊ အာဆင်နယ် သာ ချန်ပီယံ ဖြစ်ရင် ကြီးကျယ် ခမ်းနားတဲ့ story တစ်ခု ဖြစ်လာမှာပါ ၊ ဒါပေမယ့် အာဆင်နယ်မှာ ချန်ပီယံ ဖြစ်ဖို့ ကစားသမား အင်အား တောင့်တင်းမှု ရှိမနေပါဘူး ။ ”

” မန်ချက်စတာ စီးတီး နှင့် လီဗာပူး အသင်း တို့ရဲ့ အရန် ကစားသမား အင်အားကို ကြည့်ကြည့်ပါ ၊ တကယ့်ကို ရူးလောက်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM