လီဗာပူးရဲ့ အပြောင်းအရွေ့ပစ်မှတ်ဟာ ကူကူရယ်လာ လိုမျိုး ဖြစ်သွားနိုင်တယ်လို့ သတိပေးလိုက်တဲ့ အန်နရီကေး

လီဗာပူး နောက်ခံလူဟောင်း ဂျိုဆေးအန်နရီကေးက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ကွင်းလယ်ပစ်မှတ် ဖြစ်တဲ့ မွိုက်စ်ကိုင်ဆီဒိုကို မခေါ်ယူရန် သတိပေးလိုက်ပြီး အက်ကွေဒေါစတားဟာ ချဲလ်ဆီးက မက်ကူကူရယ်လာ လိုပဲ အလုပ်မဖြစ်တဲ့ အပြောင်းအရွေ့ ဖြစ်သွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီက ဘရိုက်တန် ကနေ ချဲလ်ဆီးကို ပေါင်သန်း ၆၀ ကျော်နဲ့ ပြောင်းရွေ့ခဲ့ပေမယ့် အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးမှာ ရုန်းကန်နေရပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒို ကလည်း လက်ရှိ အချိန်မှာ လီဗာပူး အပြင် ချဲလ်ဆီးရဲ့ စိတ်၀င်စားမှုကို ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် အသင်းဘက်က ကိုင်ဆီဒို အတွက် အနည်းဆုံး ပေါင်သန်း ၇၀ အလိုရှိနေတာကြောင့် ဒီဇန်နဝါရီမှာ အပြောင်းအရွေ့ ဖြစ်ပေါ်လာဖို့တော့ ခဲယင်းပါတယ်။

အပြောင်းအရွေ့ expert ဖြစ်သူ ဖာဘရီဇီယိုရိုမာနိုက “ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ မွိုက်စ်ကိုင်ဆီဒိုကို တောက်လျှောက် စောင့်ကြည့်နေခဲ့ကြတာပါ။ အခုဆိုရင် သူဟာ အေးဂျင့် အပြောင်းအလဲ လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပိုမို သိရလာဖို့ အတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး ဘယ်နောက်ခံလူဟောင်း အန်နရီကေး ကတော့ the Reds တို့ အနေနဲ့ ကိုင်ဆီဒိုကို ခေါ်ယူရန် ကြိုးပမ်းမှု ပြိုင်ပွဲထဲကနေ ထွက်ခွာလာသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အန်နရီကေးက “ကျနော့်ရဲ့အမြင် အရ လီဗာပူးတို့ လက်ရှိ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ကတော့ သူတို့ဟာ ကွင်းလယ် ကစားသမား တစ်ချို့ လိုအပ်နေတာပါ။ ကွင်းလယ်လူ တစ်ဦးတည်း မဟုတ်ပါဘူး။ အကယ်၍ သူတို့ အပိုင် ခေါ်ယူသွားရမယ့် ကစားသမား တစ်ဦးကို ပြောပါလို့ ခင်ဗျားတို့ ကျနော့်ကို မေးမြန်းလာခဲ့မယ် ဆိုရင် လီဗာပူးတို့ နွေရာသီမှာ ဂျူ့ဘယ်လင်ဟမ်ကို အရ ခေါ်ယူသွားဖို့ ကြိုးပမ်းလိုက်ပါ လို့ပဲ ကျနော် ပြောသွားမှာပါ။ လီဗာပူးရဲ့ လက်ရှိ အနေအထား အရ ဒီအပြောင်းအရွေ့ဟာ သိပ်ပြီး လက်တွေ့ မဆန်ပါဘူး။ ကျနော် မှားပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ် လက်တွေ့မကျပါဘူး။

ဒါဆို မွိုက်စ်ကိုင်ဆီဒိုလား? ဒီလိုမျိုး ကစားသမား ကလည်း လက်တွေ့မကျဘူးလို့ ကျနော် ထင်ပါတယ်။ ခင်ဗျား အနေနဲ့ သူ့အတွက် ပေါင်သန်း ၁၀၀ နီးပါးလောက် မသုံးသင့်ပါဘူး။ ဘရိုက်တန် ကတော့ တက်နိုင်သမျှ အမြင့်ဆုံး ပြောင်းရွေ့ကြေးကို ရဖို့ ကြိုးပမ်း သွားမှာပါ။ ကျနော်သာ ဆိုရင်တော့ သူနဲ့ ပက်သက်ပြီး စွန့်စားသွားမှာ မဟုတ်ပါဘူး။ စျေးကွက်ထဲမှာ အခြား ကစားသမားတွေ အများကြီး ရှိပါတယ်။

လီဗာပူးနဲ့ နောက်ထပ် သတင်းထွက်နေတဲ့ ကစားသမား ကတော့ မီလန်ရဲ့ ဘန်နာဆာ ဖြစ်ပါတယ်။ သူဟာ စီးရီးအေ ချန်ပီယံ အတွက် ကစားပေးနေသူပါ။ သူဟာ ပရီးမီးယားလိဂ်မှာ တစ်ခါမှ မကစားခဲ့ဖူးပါဘူး။ ဒါပေမယ့် သူဟာ အမြင့်ဆုံး အဆင့်မှာ ကစားနေသူပါ။ အခုလက်ရှိ ချဲလ်ဆီးမှာ မက်ကူကူရယ်လာ ဖြစ်တွေ ဖြစ်နေသလဲဆိုတာ ကြည့်လိုက်ပါ။ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိနေတာတောင် အသင်းလေးက ကစားသမားကို ခေါ်ယူတဲ့ အခါ ဒါမျိုး ဖြစ်တက်ပါတယ်။ ကမ္ဘာ့အကြီးကြယ်ဆုံး ကလပ် အတွက် ကစားပေးနေရတာနဲ့ အသင်းလေး အတွက် ကစားပေးရတာဟာ လုံး၀ တူညီမှု မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM