မာတီနက်ဇ် အစား လုခ်ရှောကို ဘာကြောင့် ပွဲထုတ်ရတာလဲ ၊ မာရှယ် ဘာကြောင့် ပါဝင်လာတာလဲဆိုတာကို ရှင်းပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က မန်ချက်စတာ ဒါဘီပွဲမှာ ဗဟို ခံစစ် နေရာကို လီဆန်ဒရို မာတီနက်ဇ် အစား လုခ်ရှော ကို သုံးခဲ့ရတာက ကြံ့ခိုင်မှု နဲ့ နည်းစနစ်ပိုင်း အရပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့ရတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ နောက်ဆုံး ကြံ့ခိုင်မှု စမ်းသပ်ချက်မှာ အဆင်ပြေနေခဲ့တာကြောင့် ဒီနေ့ပွဲမှာ ပျော်ပျော်ကြီး ထုတ်သုံးခဲ့ရတာပဲ ဖြစ််ကြောင်း တန်ဟတ်က ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မာရှယ်ဟာ ဒီရာသီ ကြွက်သား ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာ ၊ နောက်ကျော ဒဏ်ရာတွေကြောင့် အသင်းရဲ့ ပွဲတွေကို ကစားခွင့် 13 ပါတ် အထိ ဆုံးရှုံးထားခဲ့ရပါတယ် ။ အခုလည်း သူဟာ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေခဲ့တာကြောင့် မပါဝင်လောက်ဖူးလို့ ထင်ခဲ့ရပါတယ် ။

ဒါပေမဲ့ မာရှယ်ဟာ ပွဲစဥ်မတိုင်မီ ကြံ့ခိုင်မှု အနေအထား ကောင်းမွန်နေခဲ့တဲ့ အတွက် ဒီပွဲမှာ ပွဲထွက် လာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါ့​အပြင် အဲရစ် တန်ဟတ်ဟာ ခံစစ်ပိုင်းကို ပိုပြီး ဆင်းကူနိုင်စွမ်းရှိတဲ့ ဖရက်ဒ် ကို ထည့်သွင်း ကစားစေခဲ့ပြီး ခံစစ် ပိုကောင်းတဲ့ ဘစ်ဆာကာကို ထုတ်သုံးခဲ့ပါတယ် ။

အခုတော့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အဲရစ် တန်ဟတ် က ဘာကြောင့် အခုလို ကစားသမား စာရင်းကို ပွဲထုတ်ခဲ့ရတာလဲ ၊ လုခ်ရှော နဲ့ မာရှယ် တို့ဟာ ဘာကြောင့် ပွဲထွက်လာခဲ့ကြတာလဲဆိုတာကို ပရိသတ်တွေဆီ ရှင်းပြသွားခဲ့လိုက်ပါတယ် ။

” သူ (မာရှယ်) ကြံ့ခိုင်နေပါပြီ ။ အဲ့တာကြောင့် ဒီပွဲမှာ ပွဲထွက်လာခဲ့တာပါ ။ သူ့အနေနဲ့ progress တွေ ကောင်းမွန်ဖို့ ပွဲကစားချိန် မိနစ် အခုထက်ပိုပြီး လိုအပ်နေခဲ့ပါတယ် ။ ဒါက ပွဲကြီးပွဲကောင်းဖြစ်ပြီး သူဟာ ဒီလို ပွဲစဥ်တွေမှာ အစွမ််းပြနိုင်ကြောင်း အရင်ထဲက ပြသခဲ့ဖူးတယ်လေ ”

” ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ဗာရန်းနဲ့ လုခ်ရှော တို့ အတူ တွဲဖက် ကစားရင်း Clean Sheet တွေ ရယူပေးနိုင်ခဲ့ကြတယ်လေ ။ ပြီးတော့ လီချာ (မာတီနက်ဇ်) လည်း ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးကနေ ပြန်လာပါပြီ ။ သူဟာ ပွဲချိန််မိနစ်တွေ သိပ်မရသေးဘူးလေ ”

” သူဟာ ချာလ်တန် နဲ့ ပွဲစဥ်မှာ မိနစ် 90 အပြည့် ကစားခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ သူက ပွဲကြီးပွဲကောင်းတွေမှာပါဝင်် ကစားပေးဖို့ လိုအပ်သေးတယ်လေ ။ မိနစ် 90 ကစားရတာက များတယ်လို့ ပြောလို့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူဟာ ပါဝင် ကစားပေးဖို့ အသင့်ရှိနေပါတယ် ”

” ပြီးတော့ နည်းစနစ်ပိုင်းလည်း ပါဝင်ပါသေးတယ် ။ ဒီပွဲမှာ ဟာလန်း ၊ ဒီဘရိုင်း တို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုင််း ယှဥ်ကစားနိုင်ဖို့ ၊ နောက်ခံ အစွန်လူတွေကို ကာဗာလုပ််ပေးနိုင်ဖို့လည့် ထည့်သွင်းစဥ်းစားရပါ့မယ် ” လို့ တန်ဟတ်် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar