မူဒရစ် ကို ခေါ်ပြီးရင် ချဲလ်ဆီး ကစားသမားဟောင်းကို ဆက်ခေါ်ဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ကမ်းဘဲလ်

 

အာဆင်နယ် အသင်း အနေနဲ့ ရှက်တာဒိုးနက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား မိုင်ခိုလို မူဒရစ် ကို သာ ခေါ်ယူ ပြီးပါက ချဲလ်ဆီး အသင်း တိုက်စစ်မှူးဟောင်း အေဘရာဟမ် ကို ခေါ်ယူ သင့်တယ်လို့ ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် က ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီမနက်မှာ မူဒရစ် အတွက် ရှက်တာဒိုးနက် အသင်းထံ တတိယ အကြိမ်မြောက် ကမ်းလှမ်းမှု တရားဝင် ပြုလုပ်လိုက်ပြီ ပဲ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့တတိယ အကြိမ် ကမ်းလှမ်းမှု ဟာ ရှက်တာ လိုချင်နေတဲ့ လက်ငင်း ငွေသား ယူရို သန်း ၇၀ ဝန်းကျင် ဖြစ်တယ်လို့ သိရပြီး ကလပ် နှစ်သင်းကြား အပိုဆုကြေး နဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေး ညှိနှိုင်း နေပါတယ် ။

ကာယကံရှင် မူဒရစ် နဲ့ အာဆင်နယ် အသင်း ကြား သဘောတူညီမှု ရဖို့က လုံးဝ မခက်ခဲတဲ့ အနေအထား ရှိပြီး ယူကရိန်းသားဟာ အမ်းမရိတ်မှာ လာရောက် ကစားချင်ကြောင်း အရိပ်အမြွက်တွေ တောက်လျှောက် ပြသ နေခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ကီဗင် ကမ်းဘဲလ် ကတော့ မူဒရစ် ဟာ အသင်း အတွက် great addition ဖြစ်ပေမယ့် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ် နေတာကိုလည်း မေ့မထားဖို့ သတိပေး သွားခဲ့ပါတယ် ။

ကမ်းဘဲလ် က Sky Sports မှာ ” ဂါဘရီရယ် ဂျေးဇု က ဒဏ်ရာ ရသွားပြီး အသင်း အတွက် ကာလ အတန်ကြာ မကစားပေးနိုင် ဖြစ်နေပါတယ် ၊ ဒီ အချိန်မှာ ဂျေးဇု နေရာ အစားဝင် ကစားတဲ့ အန်ကီးတီးယား က သူ့အလုပ်ကို သူ ကောင်းကောင်း လုပ်ပြ ထားနိုင်ပါတယ် ။ ”

” ဒါပေမယ့် အများ ပြောနေကြသလို အာဆင်နယ် အသင်းတိုက်စစ်မှာ ကစားသမား အင်အား နည်းပါးနေဆဲပါ ၊ အရန်လူစာရင်းကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ၊ အမ်မလီ စမစ်ရို ပြန်ကစား နိုင်တာက အသင်း အတွက် သတင်းကောင်းပါ ၊ ဒါပေမယ့် လူအင်အား က လုံလောက်မှု မရှိသေးပါဘူး ။ ”

” မိုင်ခိုလို မူဒရစ် က သိပ်ကောင်းတဲ့ အင်အား ဖြည့်တင်းမှု ဖြစ်ပါလိမ့်မယ် ၊ ဒါပေမယ့် အာဆင်နယ် အသင်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးတယ်လို့ ကျနော်ကတော့ တွေးပါတယ် ၊ ကောလာဟလ တွေအရတော့ အာဆင်နယ် က အေဘရာဟမ် ကို စိတ်ဝင်စားနေတယ်လို့ တွေ့ရပါတယ် ။ ”

” အေဘရာဟမ် က အာဆင်နယ် အတွက် ကောင်းမွန်တဲ့ option တစ်ခု ဖြစ်မှာပါ ၊ သူ့ကိုသာ ခေါ်လိုက်နိုင်ရင် ကစားသမားတွေကို အလှည့်ကျ အဆင်ပြေသလို သုံးလို့ ရပါပြီ ၊ ကစားရမယ့် ပွဲတွေက အများကြီး ရှိနေသေးတော့ ကစားသမားတွေ ပွဲဆက် မများအောင် သုံးလို့ ရတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM