ဒီတစ်ပါတ် မန်ချက်စတာ ဒါဘီပွဲ ကစားရမှာနဲ့ ပတ်သက်လို့ ဝန်ခံမှုတစ်ခု ပြုလုပ်လိုက်တဲ့ မန်စီးတီး ကွင်းလယ်လူ

 

ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် 2 သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ဟာ စနေညမှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲ မန်ချက်စတာ ဒါဘီ ပွဲစဥ်ကို ကစားသွားကြရဖို့ ရှိနေပါပြီ ။ ဒီပွဲက ရင်ခုန်ရနိုင်ခြေ များနေခဲ့ရပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ အီတီဟတ်မှာ မန်စီးတီး အသင်းကို ရင်ဆိုင်ခဲ့ရစဥ်ကလို ခြေစွမ်းဆိုးရွားနေတာ မဟုတ်တော့ပဲ ကမ္ဘာ့ ဖလား ပြိုင်ပွဲပြီးနောက် ကစားခဲ့ရတဲ့ ပွဲစဥ်တိုင်း အနိုင် ကစားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ကစားသမားတွေဟာ မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ယုံကြည်မှု ပြည့်ဝနေကြမှာ အသေအချာပါပဲ ။ အဲ့ဒီထဲမှာတော့ ယူနိုက်တက် တိုက်စစ်် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ဟာ ပွဲဆက် ဂိုးတွေသွင်းပြီး ယုံကြည်မှု မြင့်တက်နေခဲ့ရပါတယ် ။

အကယ်လို့ သူသာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက် အတွက် အိမ်ကွင်းမှာ ပွဲဆက် ဂိုးသွင်း အများဆုံး ဒုတိယမြောက် ကစားသမား ဖြစ်လာမှာ ဖြစ်တဲ့အတွက် စနေညမှာ အစွမ်းကုန်် ကြိုးစားသွားဖို့ ရှိနေပါတယ် ။

အခြားတဖက်မှာတော့ ချဲလ်ဆီးကို နှစ်ပွဲဆက် အနိုင်ကစားနိိုင်ခဲ့တဲ့ မန်စီးတီး အသင်းဟာ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ဆောက်သမ်တန် အသင်းကို အံ့ဖွယ် ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲမှာ ထွက်ခွာသွားခဲ့ရပါတယ် ။ လက်ရှိ အချိန်မှာ မန်စီးတီး ကစားသမားတွေ စိတ်ပျက်နေမှာ အသေအချာပါပဲ ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ မန်စီးတီး ဆိုတာ အရှုံးတွေကနေ အမြန်ဆုံး ရုံးထွက်ပြနိုင်တဲ့ အသင်းမျိုး ဖြစ်ပြီး ဘယ်လို ပွဲစဥ်မျိုးကိုမဆို အနိုင်ကစားနိုင်စွမ်းရှိတဲ့ အသင်းဖြစ်နေတာကြောင့် ဒီပွဲမှာ ယူနိုက်တက်တို့ဟာ ခက်ခဲတဲ့ ပွဲစဥ်ကို ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဂန်ဒိုဂမ် က ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာလာခဲ့ရတဲ့နောက်် ရှုံးပွဲက ထွက်လာချိန် ယုံကြည်မှု ပြည့်ဝဖို့ မလွယ်ကူကြောင်း ၊ ယူနိုက်တက်ဟာ ပိုကောင်းလာခဲ့ပြီ ဖြစ်ကြောင််း ဝန်ခံသွားခဲ့လိုက်ပါတယ် ။

 

” ဒီလို ကြီးမားတဲ့ ဒါဘီ ပွဲစဥ် မတိုင်ခင်မှာ ရှုံးပွဲ တွေ့ကြုံခဲ့ရတာက ယုံကြည်မှု ပြန်ရဖို့ တကယ်ပဲ မလွယ်ကူစေနိုင်ပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခဲ့ဖူးကြပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ ဒီနေရာမှာ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ် ”

” ဒါပေမဲ့ အခု မန်ချက်စတာ ယူနိုက်တက် အသင်းကလည််း ကျွန်တော်တို့ ရင်ဆိုင် ကစားခဲ့ဖူးတဲ့ ပြီးခဲ့တဲ့ နှစ်တွေက အသင်းတွေနဲ့ ခြားနားသွားခဲ့ပြီလို့ ခံစားနေခဲ့ရပါတယ် ။ သူတို့တွေဟာ ယုံကြည်မှု ပြည့်ဝနေခဲ့ပြီး ဘောလုံးကိုလည််း ကောင်းကောင်း ကစားပြနိုင်ခဲ့ကြပါပြီ ”

” မန်ချက်စတာ ဒါဘီပွဲမှာတော့ ကျွန်တော်တို့ဟာ ဒီနေ့ထက် ပိုပြီး ကောင်းလွန်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကြိုးစား အားထုတ်ရတော့မှာ အသေအချာပါပဲ ” လို့ ဂန်ဒိုဂမ် က ထုတ်ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar