စပါး ကစားသမား ၂ ဦးပဲ ပါဝင်ခဲ့တဲ့ ဆီဗက်စတာ ရဲ့မြောက်လန်ဒန် ဒါဘီ အကောင်းဆုံး အသင်း

အာဆင်နယ် အသင်း ရဲ့ နောက်ခံလူဟောင်း ဆီဗက်စတာ ​ဟာ ဒီတစ်ပတ် မြောက်လန်ဒန် ဒါဘီ ပွဲ မတိုင်မှီ North London Combined XI ကို ရွေးချယ် ပေးလိုက်ပြီး စပါး အသင်းမှ ကစားသမား ၂ ဦး ပဲ ပါဝင် လာခဲ့ပါတယ် ။

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အာဆင်နယ် နဲ့ တော့တင်ဟမ် နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲရှိနေပြီး တော့တင်ဟမ် အသင်းရဲ့ အိမ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ အမ်းမရိတ်မှာတုန်းကတော့ တော့တင်ဟမ် အသင်းကို ၃-၁ နဲ့ အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အသင်းတွေလည်း ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် အထိ ဖြတ်ထား နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အသင်း ဖြစ်ပါတယ် ။ အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းကြား အမှတ်ကွာဟချက်ဟာ ၁၁ မှတ် အထိ ရှိနေပါတယ် ။

အာဆင်နယ် နောက်ခံလူဟောင်း ဆီဗက်စတာ ​ကတော့ bettingexpert မှာ ” ကျနော့်ရဲ့ combined XI ကတော့ အာဆင်နယ် + ဟယ်ရီကိန်းပါပဲ ။ လက်ရှိ ခြေစွမ်းအရ ဆွန် ကိုတော့ ထည့်လို့ မရပါဘူး ။ ဂျေးဇု က ဒဏ်ရာ ရနေတော့ တိုက်စစ်မှာ အက်ဒီ အစား ဟယ်ရီကိန်း ကို ထည့်ရမှာပေါ့ဗျာ ။ ”

” ဟယ်ရီကိန်း က လွဲရင် တခြား စပါး ကစားသမားတွေ အတွက် နေရာ မရှိပါဘူး ။ နောက်တန်းမှာတော့ ရိုမဲရိုး နဲ့ ဂါဘရီရယ် ပေါ့ဗျာ ၊ လက်ရှိ ပြသနေတဲ့ စွမ်းဆောင်ရည် အရပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆီဗက်စတာ ရဲ့မြောက်လန်ဒန် ဒါဘီ အကောင်းဆုံး အသင်း
******************************************************
ဂိုး – ရမ်စ်ဒေးလ် ။
နောက်တန်း – ဘန်ဝှိုက် ၊ ရိုမဲရိုး ၊ ဂါဘရီရယ် ၊ ဇင်ချန်ကို ။
အလယ်တန်း – ပါတေး ၊ ရှာကာ ၊ အော်ဒီဂတ် ။
ရှေ့တန်း – ဆာကာ ၊ ဟယ်ရီကိန်း ၊ မာတင်နယ်လီ ။

SM