ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနေ့နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ကာရာဘောင် ဖလား ကွာတား ဖိုင်နယ် ပွဲစဥ် အဖြစ် ချာလ်တန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ဂိုးပြတ််နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က ဝါရင့် ဂိုးသမား တွမ်ဟီတန် ကို ပွဲထုတ်ခဲ့ပြီး ခံစစ်ပိုင်းမှာ ဒါလော့ ၊ မက်ဂွားယား ၊ မာတီနက်ဇ် နဲ့ မာလာစီယာ ၊ ကွင်းလယ် ခံစစ်မှာ ဖရက်ဒ် ၊ တော်မီနေး ၊ တိုက်စစ်မှာ အန်တိုနီ ၊ မိုင်နူး ၊ ဂါနာချို နဲ့ အီလန်ဂါ တို့ကို ပွဲထုတ်ခဲ့ပါတယ် ။
ဒါဟာ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းကို လုံးဝ ပြောင်းလဲလိုက်ခြင်းပါပဲ ။ ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ လိဂ် ဝမ်း ကလပ် ကို ဖိအားပေး ကစားနိုင်ခဲ့ပေမဲ့ ပွဲချိန် 21 မိနစ်မှ အန်တိုနီ ရဲ့ တစ်လုံးထဲသော ဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပါတယ် ။
အဲ့ဒီနောက် ဒုတိယပိုင်းမှာ တန်ဟတ် က ကာစီမီရို ၊ အဲရစ်ဆင် ၊ ရပ်ရှ်ဖို့ နဲ့ ပယ်လီစထရီ တို့ကို ထည့်သွင်းခဲ့ပြီး ဒီပွဲမှာလည်း ရပ်ရှ်ဖို့ က 90 ၊ 94 မိနစ် တွေမှာ နောက်ကျဂိုးတွေ သွင်းယူရင်း အိမ်ကွင်း 8 ပွဲဆက် ဂိုးသွင်းယူနိုင်သူ ဆိုတဲ့ မှတ်တမ်းကို ရယူသွားနိုင်ခဲ့ပါတယ် ။
ပွဲထွက် ကစားသမားတွေထက် လူစားဝင် ကစားသမားတွေ ပိုပြီး အကျိုးပြုပေးနိုင်ခဲ့ကြပေမဲ့ ဒါးလော့ ဒဏ်ရာရသွားခဲ့တဲ့ အဆိုပါ ပွဲစဥ်မှ အိမ်ရှင််တွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။
တွမ်ဟီတန် (7)
အသက် 36 နှစ် အရွယ် ဂိုးသမားကြီးဟာ ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ရရှိသွားခဲ့ပြီး အမြင့်ဘောတွေကို ဦးယူနိုင်ခဲ့သလို clean sheet လည်း ရယူသွားနိုင်ခဲ့ပါတယ် ။
ဒါးလော့ (6)
အစောပိုင်း မိနစ်တွေမှာ အန်တိုနီ နဲ့ အကောင်းဆုံး ချိတ််ဆက် ကစားနိုင်ခဲ့ပေမဲ့ ဒဏ်ရာရသွားခဲ့တဲ့ အတွက် ပွဲချိန် 35 မိနစ်မှာ လူစားလဲခံခဲ့ရပါတယ် ။
မက်ဂွားယား (6)
ပထမပိုင်းမှာ ယုံကြည်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ပြီး ပုံစံကောင်း ပြသသွားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ သိပ်မကောင်းပြနိုင်ခဲ့ပါဘူး ။
မာတီနက်ဇ် (6)
အသင်းအတွက် ပြန်လည် ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ်မှာ အကောင်းဆုံး ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ clean sheet နဲ့ နိုင်ခဲ့တာက ဟာလန်းနဲ့မတွေ့ခင် ယုံကြည်မှုတွေ တိုးပွားစေခဲ့ပါတယ် ။
မာလာစီယာ (5)
တိုက်စစ်ကို အတော်လေး လိုက်ပါနိုင်ခဲ့ပေမဲ့ ဖြတ်တင်ဘောတွေ ညံ့ခဲ့ပါတယ် ။ ကြိုးကြိုးစားစား ကစားခဲ့ပေမဲ့ အားရစရာ မရှိခဲ့ပါဘူး ။
တော်မီနေး (5)
ဘောလုံး ယှဥ်လုရာမှာ မကြာခန ဆုံးရှုံးခဲ့ရပါတယ် ။ ဒီထက် ပိုကောင်းနိုင်ခဲ့သင့်ပေမဲ့ ပွဲထွက်ခွင့်ကို ကောင်းမွန်စွာ အသုံးမချသွားနိုင်ခဲ့ပါဘူး ။
ဖရက်ဒ် (8)
မက်-ဖရက်ဒ် တွဲကစားတဲ့ ပွဲမှာ ဖရက်ဒ် ကတော့ ထူးကဲ ကောင်းမွန်ပြနိုင်ခဲ့ပါတယ် ။ အဖွင့်ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး မကြာခန တိုက်စစ်ဆင် ကစားပေးခဲ့ပါတယ် ။
မိုင်နူး (6)
ယူနိုက်တက်အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ လူငယ်လေးဟာ ပုံစံကောင်း ပြသသွားနိုင်ခဲ့ပြီး final third မှာ အကျိုးပြုပေးနိုင်ခဲ့ပါတယ် ။
အန်တိုနီ (6)
ယူနိုက်တက် အတွက် 5 ကြိမ်မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တကယ့်ကို ကောင်းမွန်တဲ့ ဂိုး ဖြစ်ခဲ့ရပါတယ် ။ ဒီထက်် ပိုပြီး ကောင်းပြနိုင်ခဲ့သင့်ပါတယ် ။
ဂါနာချို (6)
ကစားပုံ ကောင်းမွန်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု 2ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု တစ်ကြိမ် လုပ်ဆောင်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဂိုးတွေနဲ့ ပတ်သက်နိုင်ခြင်း မရှိခဲ့ပါဘူး ။
အီလန်ဂါ (4)
ဒီပွဲရဲ့ အညံ့ဆုံး ကစားသမား ပါပဲ ။ ရှားရှားပါးပါး ပြန််လည် ပွဲထွက်ခွင့်ရတာကို အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်းမှာ ပျောက်ဆုံးနေမှု ၊ လူကျွံမှုကြောင့် ဂိုးမရခြင်းတွေ ကြုံခဲ့ရပါတယ် ။
လူစားဝင် ကစားသမားများ…
ဘစ်ဆာကာ (6)
အဲရစ်ဆင် (7)
ကာစီမီရို (7)
ရပ်ရှ်ဖို့ (8)
ပယ်လီစထရီ (7)
#Sports_Myanmar