ပုံစံကောင်းပြခဲ့တဲ့ ကစားသမားကို အသင်းရဲ့ အနာဂတ်မှာ ပါဝင်သူလို့ ပြောဆိုချီးကျူးလိုက်တဲ့ အဲရစ် တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်မှာ ချာလ်တန် အသင်းကို 3 ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဥ်အပြီး 10 မိနစ် ကစား 1 ဂိုး ဖန်တီိးပေးသွားနိုင်ခဲ့တဲ့ ပယ်လီစထရီ ကို အသင်းရဲ့ အနာဂတ်မှာ ပါဝင်သူလို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဖာကွန်ဒို ပယ်လီစထရီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုလီ ဂန်နား ဆိုးလ်ရှား ကိုင်တွယ်ခဲ့တဲ့ 2020 တုန်းက အသလက်တစ် ပီနာရိုးလ် အသင်းမှာ မန်ချက်စတာ အခြေစိုက် အသင်းဆီ အာမတ် ဒီယာလို နဲ့ အတူ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ သူဟာ ပွဲထွက် ကစားခွင့် မိနစ်တွေ မပိုင်ဆိုင်ခဲ့ရပဲ လာလီဂါ ကလပ် ဒီပို့တီဗို့ အလာဗတ်စ် အသင်းမှာပဲ 2 ရာသီ ဆက်တိုက် အငှားချခံခဲ့ရပါတယ် ။ အခုတော့ သူဟာ အငှား ကစားသမား ဘဝ အဖြစ်မှ မန်ချက်စတာဆီ ပြန်လာနိုင်ခဲ့ပါပြီ ။

ဒါ့အပြင် ချာလ်တန် အသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်် ဖလား ပွဲစဥ်မှာ အသင်းရဲ့ အရန်ခုံပေါ်မှာလည်း ပါဝင်ခွင့် ရရှိခဲ့ပြန်ပြီး ပွဲချိန် 86 မိနစ်မှာ တိုက်စစ်မှူး အဖြစ်နဲ့ ပွဲထွက် ကစားခဲ့ရတဲ့ အန်သိုနီ အီလန်ဂါ ရဲ့ နေရာမှာ လူစားဝင် ကစားခွင့် ရရှိသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် သူဟာ ပွဲချိန် 90 မိနစ်မှာ အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ အနိုင်သေချာစေမဲ့ သွင်းဂိုး ကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ အန်တိုနီ ၊ ရပ်ရှ်ဖို့ (2 ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး အပြီး 6 ပွဲဆက် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြပါပြီ ။ ဒီပွဲတွေမှာ ယူနိုက်တက်တို့ 15 ဂိုး သွင်းယူနိုင်ခဲ့ပြီး 1 ဂိုးသာ ပေးခဲ့ရကာ Clean Sheet 5 ပွဲ အထိ ယူဆောင်ထားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင််းဆီ ရောက်လာတဲ့ နောက်ပိုင်း အငှားချည်း ကစားရလို့ အသင်းပြောင်းဖို့ တိုက်တွန်းခံခဲ့ရတဲ့ ကစားသမား ရဲ့ အနာဂတ် ဟာ မန်ချက်စတာမှာပဲ ဆက်ရှိနေကြောင်း ဖွင့်ဟ သွားခဲ့လိုက်ပါတယ် ။

” သူ့ဆီမှာ အနာဂတ်ကောင်း ရှိနေခဲ့တယ်လို့ ကျွန်တော် မြင်မိပါတယ် ။ သူဟာ တကယ့်ကို ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ပြထားနိုင်ခဲ့ပြီး သူ့အတွက် အကောင်းဆုံးက ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားကြမှာပါ ”

” သူဟာ အဲဗာတန် နဲ့ ပွဲစဥ် မတိုင်မီ ကတည်းက လေ့ကျင့်ရေးကွင်းထဲမှာ ကြိုးကြိုးစားစား ကစားရင်းနဲ့ ပုံစံကောင််းတွေ ပြသထားနိုင်ခဲ့ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ကျွန်တော် တကယ်ပဲ ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ် ”

” ကမ္ဘာ့ ဖလားမှာလည်း သူ့ရဲ့ ကစားပုံကို ကြည့်ပြီး ကျွန််တော် ပျော်ရွှင်ကျေနပ်ခဲ့ရတာပါ ။ အခုလည်း လူစားဝင် ကစားပေးပြီး အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့ပါတယ် ။ ဒါဟာ နောက်တစ်ဆင့် တက်ခြင်းပါပဲ ။ အလုပ် ကောင််းကောင်းလုပ်ခဲ့တယ် ၊ ဆက်ကြိုးစားပါ ” လို့ ကျွန်တော် သူ့ကို ပြောချင်ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar