ဂိုးပြတ်နိုင်ပွဲအပြီး ကစားသမားအချို့ကို ချီးကျူးလိုက်ပေမဲ့ မပျော်မရွှင် ဖြစ်မိတဲ့အချက်ကို ထုတ်ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချာလ်တန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 3 ဂိုးပြတ် နိုင်ပွဲ ရယူကာ ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ တန်ဟတ် က ဂိုးပေါက်မှာ တွဟီတန် ၊ ခံစစ်မှာ ဒါးလော့ ၊ မက်ဂွားယား ၊ မာတီနက်ဇ် နဲ့ မာလာစီယာ ၊ ကွင်းလယ်မှာ ဖရက်ဒ် ၊ တော်မီနေး ၊ တိုက်စစ်မှာ အန်တိုနီ ၊ မိုင်နူး ၊ ဂါနာချို နဲ့ အီလန်ဂါ တို့ကို ထည့်သွင်းကာ အပြောင််းအလဲ လုပ်ဆောင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ဖိအားပေး ကစားနိုင်ခဲ့ပြန်ပြီး ပွဲချိန် 21 မိနစ်မှာ ဖရက်ဒ် ရဲ့ ဖန်တီးပေးမှုကတဆင့် အန်တိုနီ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် မကြာခင်မှာပဲ ဒါးလော့ ဒဏ်ရာရသွားခဲ့တဲ့အတွက် ဘစ်ဆာကာ ဝင်ရောက် ကစားပေးခဲ့ရပါတယ် ။

ဒါပေမဲ့ ရလဒ် မထူးခြားခဲ့တာကြောင့် ပွဲချိန် 60 မိနစ်မှာ တန်ဟတ်ဟာ မိုင်နူး ၊ အန်တိုနီ ၊ ဖရက်ဒ် တို့ကို ထုတ်ပြီး ကာစီမီရို ၊ ရပ်ရှ်ဖို့ ၊ အဲရစ်ဆင် တို့ကို ထည့်သွင်းခဲ့သလို 85 မိနစ်မှာ အီလန်ဂါ အစား ဖာကွန်ဒို ပယ်လီစထရီ ကို ပွဲကစားခွင့် ပေးဆောင်သွားခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 90 နဲ့ 94 မိနစ်တွေမှာ ပယ်လီစထရီ ၊ ကာစီမီရို ရဲ့ ဖန်တီးမှုတွေကို ရပ်ရှ်ဖို့ က ဂိုးအဖြစ် ပြောင််းလဲပေးနိုင်ခဲ့ပြီး 3 ဂိုးပြတ် နိုင်စေခဲ့ပါတယ် ။ အဆိုပါ ပွဲစဥ် အပြီးမှာတော့ တန်ဟတ် က လူငယ်တွေကို ချီးကျူးရင််း မပျော်မရွှင် ဖြစ်မိတဲ့ အချက်ကို ထုတ်ပြောသွားခဲ့လိုက််ပါတယ် ။

” အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် ကျေနပ်မိတယ်လို့ ထင်မိပါတယ် ။ ဒီနေ့ ကွင်းထဲမှာ ဂါနာချို တို့လို ကောင်လေးတွေ ပါဝင်ခဲ့ကြတယ်လေ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက သူ့ကို မကြာခန မြင်တွေ့ခဲ့ရပြီး အခုလည်း သူ ပါဝင်လာခဲ့ရပါတယ် ”

” သူဟာ ပြိုင်ဖက် အသင်းကို မကြာခန ထိုးဖောက်ပြနိုင်ခဲ့ပါတယ် ။ သူဟာ ပြိုင်ဖက်တွေနဲ့ တစ်ဦးချင်း တွေ့ဆုံတဲ့ အခါတွေမှာလည်း ထူးကဲပြနိုင်ခဲ့တယ်လေ ။ ခင်ဗျားတို့လည်း ဒီလို ကစားသမားမျိုးကို နှစ်သက်ကြမှာ သေချာလှပါတယ် ”

” ကော့ဘီ မိုင်နူးလည်း ပထမဆုံး အကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။ ပယ်လီစထရီ ဟာလည်း အသင်းအတွက် ပထမဆုံး အကြိမ် ကစားခွင့် ရရှိခဲ့ပြီး တကယ့်ကို ကောင်းကောင်း ကစားပြသွားနိုင်ခဲ့ပါတယ် ”

” သူ့ရဲ့ action တွေ ၊ ရပ်ရှ်ဖို့ အတွက် ဖန်တီးပေးမှုတွေ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ် ။ အဲ့တာကြောင့် ပထမဆုံး မိနစ် 30 အတွင်းမှာ ကျွန်တော် တကယ်ပဲ ပျော်ရွှင်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကစားသမားတွေရဲ့ ဂိုးသွင်းစွမ်းရည် တိကျသေချာမှု မရှိတဲ့အပေါ်တော့ ကျွန်တော်မပျော်မရွှင် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ ပိုပြီးတော့ အဆုံးသတ် ကောင်းခဲ့သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိုင်းအတွင်းမှာ ကျွန််တော်တို့ အခွင့်အရေး ပိုပြီး ဖန်တီးနိုင်ခဲ့ကြလို့လေ ။ ဒါးလော့ ၊ ဖရက်ဒ် ၊ ဖရီးကစ် ကန်ချက် ၊ ပြီးတော့ ဂါနာချို လည်း ပါဝင်ခဲ့တာပေါ့ဗျာ ”

” အန်တိုနီကြောင့် ကျွန်တော်တို့ ခမ်းနားတဲ့ဂိုး ရရှိနိုင်ခဲ့ပါတယ် ။ ဒါဟာ အသင်းလိုက် သွင်းဂိုး ဖြစ်ခဲ့ရပြီး အန်တိုနီ ရဲ့ ကောင်းမွန်လှတဲ့ အဆုံးသတ် စွမ်းရည်လည်း ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်လို့ ထင်မိပါတယ် ”

” ဒုတိယပိုင်းမှာ ဂါနာချိုရဲ့ ကောင်တာတိုက်စစ်ဆင်မှုကို ဂိုးသမား အကောင်းဆုံး ကာကွယ်ပြ သွားနိုင်ခဲ့ပါတယ် ။ အချို့ အနေအထားတွေမှာဆိုရင် ကျွန်တော်တို့ ဘောလုံး ပေးပို့မှု ပိုပြီး လုပ်ဆောင်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ကြပါဘူး ”

” အဆုံးသတ်အထိ နိုင်ပွဲရဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ရပါတယ် ။ သူတို့ ကောင်းမွန်တဲ့ အခွင့်အရေး မဖန်တီးနိုင်ခဲ့ကြဘူးလို့ ထင်မိပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန််တော်တို့ နောက်ဆုံးချိန်ထိ အဖြေကောင်း ရဖို့ ကြိုးစားရမယ်ဆိုတာ သိခဲ့ကြပါတယ် ” လို့ တန်ဟတ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar