ဂါရက်ဘေးကို ဗြိတိန်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်လို့ မရတဲ့ အကြောင်းရင်းကို ချပြလိုက်တဲ့ ဒန်နီမာဖီ

 

ဒန်နီမာဖီက ဂါရက်ဘေးဟာ ဗြိတိန်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဘေးဟာ တော့တင်ဟမ် ရီးရဲယ်မက်ဒရစ် တို့မှာ အထူးကို ကောင်းမွန်တဲ့ career ကို ဖန်တီးနိုင်ခဲ့ကာ ဘာနေဗျူးမှာ ချန်ပီယံလိဂ်ဖလား ငါးကြိမ် ၊ လာလီဂါ အမှတ်ပေးဖလား ၃ ကြိမ် အပါအ၀င် အခြား ဆုဖလားများစွာကို ရယူနိုင်ခဲ့ပါတယ်။

၎င်းရဲ့ ဥရောပ အောင်မြင်မှုကို ဘယ်ဗြိတိန် ကစားသမားကမှ လိုက်မှီနိုင်ခြင်း မရှိဘဲ ဘေး အနားယူခဲ့ပြီးနောက် အင်္ဂလန် မီဒီယာတွေကြားမှာ ဘေးဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်မဖြစ် ဆိုတာကို အငြင်းအခုန်တွေ လုပ်နေကြပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ် နဲ့ လီဗာပူး ကွင်းလယ်လူဟောင်း မာဖီက ဘေးဟာ ဗြိတိန် သမိုင်းတစ်လျှောက် အကောင်းဆုံး ဆိုတဲ့ မှတ်ချက်တွေ အပေါ် သဘောမတူခဲ့ဘဲ ဝေးလ်စတားဟာ ထိပ်တန်း အဆင့်မှာ ကာလရှည် ရပ်တည်နိုင်ခဲ့သူ မဟုတ်တာကြောင့်လို့ ဆိုလိုက်ပါတယ်။

မာဖီက “ဂါရက်ဘေးဟာ ဗြိတိန် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား မဟုတ်တဲ့ အကြောင်းရင်း ကတော့ သူ့ရဲ့ အကောင်းဆုံး ကာလဟာ ၅ ရာသီ ၆ ရာသီ လောက်ပဲ ရှိခဲ့တာ မို့လို့ပါ။ သူဟာ စပါးဟာ အရမ်းကို ကောင်းတဲ့ ၂ နှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် ရီးရဲမက်ဒရစ်ကို ထွက်ခွာ သွားခဲ့ပါတယ်။ အဲဒီနောက် သူဟာ မက်ဒရစ်မှာ ၂၂ ဂိုး ၊ ၁၇ ဂိုး ၊ ၁၉ ဂိုးနဲ့ ၂၁ ဂိုး သွင်းနိုင်ခဲ့တဲ့ ရာသီတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် သူဟာ ရီးရဲယ်မက်ဒရစ်မှာ ပုံမှန် ကစားခွင့်ရပြီး ဂိုးတွေ အများကြီး သွင်းယူကာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ လေးနှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ကို မပြောင်းရွေ့မီ တော့တင်ဟမ် ကစားသမား ဘ၀ နောက်ဆုံး ၂ နှစ်တာ ကာလမှာ သူဟာ Player of the Season ကို ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ တကယ့်ကို ပြောင်မြောက်လှတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

ဒ့ါကြောင့် သူဟာ အကောင်းဆုံး အရာတွေ လုပ်ပြခဲ့တဲ့ ၆ နှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့တယ်လို့ ကျွန်တော် ပြောသွားရမှာပါ။ ဒါပေမယ့် အကောင်းဆုံး ကစားသမားတွေဟာ ဒီလိုမျိုး အရာတွေကို ၁၂ နှစ်လောက် လုပ်ပြခဲ့ကြတာပါ။ ဒါဟာ ခြားနားသွားချက်ပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘေးဟာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ၁၆ နှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး ဆောက်သမ်တန်မှာ ဘယ်နောက်ခံလူ အဖြစ် ကစားသမား ဘ၀ကို စတင်ကာ တော့တင်ဟမ်ကို ပြောင်းရွေ့ခဲ့ပြီးနောက် တိုက်စစ်ပိုင်းကို ပြောင်းရွေ့ ကစားခဲ့ပါတယ်။ ဘေးရဲ့ ကစားသမား ဘ၀ ကနေ အနားယူမှု သတင်းဟာ ဝေးလ်နဲ့ အတူ ကမ္ဘာ့ဖလား အုပ်စု အဆင့်ကနေ ထွက်ခွာပြီး ရက်သတ္တပတ် အနည်းငယ်မှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ် နောက်ပိုင်း ဝေးလ်ရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလား ယှဉ်ပြိုင်မှု ဖြစ်ခဲ့ပြီး ဘေးဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဝေးလ်ကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ထိ ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဘေးဟာ ဝေးလ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဆိုတာ ကတော့ အငြင်းပွားစရာ မရှိဘဲ the Dragons တို့အတွက် ၁၁၁ ပွဲမှာ ၄၁ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။

SM