ဟာလန်းထက် ပိုကောင်းနိုင်မယ့် ကစားသမားကို ခေါ်ယူဖို့ ငွေတွေ ထုတ်သုံးလိုက်တော့လို့ ယူနိုက်တက်ကို တိုက်တွန််းလိုက်တဲ့ ပေါလ် မာဆင်

 

အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အားလင်း ဟာလန်း ထက် ပိုကောင်းနိုင်မယ့် ပြိုင်ဖက်တိုက်စစ်မှူးကို ခေါ်ယူဖို့ ငွေတွေ ထုတ်သုံးလိုက်သင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

အားလင်း ဟာလန်း ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက ဒေါ့မွန် အသင်းမှ မန်စီးတီး အသင်းဆီ ပေါင် 51 သန်းနဲ့ ရောက််လာခဲ့တာဖြစ်ပြီး မန်ချက်စတာ အခြေစိုက် ကလပ်ဆီ ရောက်ရောက်ချင်းမှာပဲ အထူးပုံစံကောင်းတွေကို ပြသရင်း ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ကြည့်ရုံနဲ့ သတင်း သုံးသပ်သူ အချိုက သူ့ကိုသာ ရွှေဖိနပ်ဆု ပေးလိုက်ပါတော့ ၊ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ််ဆု အပြင် ငွေဖိနပ်ဆုပါ ထားသင့်ပြီ ဆိုတဲ့ အထိ မှတ်ချက်တွေ ပေးရလောက်အောင် နော်ဝေသားဟာ ထူးကဲ ကောင်းမွန်ခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ အမျိုးသား ဘောလုံး အားကစား လောကမှာ အားလင်း ဟာလန်းထက် ပိုပြီး ယုံကြည်စိတ််ချလို့ ရနိုင်တဲ့ တိုက်စစ်မှူး ပြပါဆိုရင် မရှိဘူးလို့ပဲ ပြောရဖို့ ရှိနေပါတော့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ပရီးမီးယားလိဂ်မှာ 16 ပွဲ ကစားပြီး 21 ဂိုးထိ သွင်းယူထားနိုင်ခဲ့လို့ပါပဲ ။

ဒါပေမဲ့ အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် က အကယ်လို့ မန်စီးတီး တို့သာ ဟာလန်း အရင် စိတ်ဝင်စားခဲ့ဖူးကြတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း ကို ခေါ်ယူနိုင်ခဲ့ရင် အင်္ဂလန်သားဟာ တူညီိတဲ့ ဂိုးသွင်း စွမ်းရည်အပြင် ဖန်တီးမှုတွေပါ လုပ်ဆောင််ပြနိုင်ခဲ့လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှူး တစ်ဦး လိုအပ်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို လိုက်မီဖို့ ဟယ်ရီကိန်း ကို အရ ခေါ်ယူသင့်ကြောင်း ၊ လေးငါးနှစ်လောက် ကစားပေးနိုင်တဲ့ သူ့ကို ပေါင် သန်း 100 – 150 လောက် ပေးပြီး ခေါ်ယူလိုက်တာက သွင်းဂိုး 100 လောက် အားမခံချက် ပေးနိုင်းမှာ ဖြစ််ကြောင်း တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

” အသင်းတွေဟာ ငွေတွေကို စိတ်ကြိုက် သုံးစွဲနေကြတဲ့ ခေတ်မျိုး ၊ တိုက်စစ်မှူးကောင်း တစ်ဦးကို ရရှိနိုင်ဖို့ ခက်ခဲတဲ့ ခေတ်မျိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူ ရရှိနိုင်ဖို့ ငွေတွေ ထုတ်မသုံးလိုက်ရင် ကျွန်တော် အရမ်းပဲ အံ့အားသင့်မိမှာပါ ”

” ခင်ဗျား ကမ္ဘာကြီးကို လှည့်ပတ်ကြည့်လိုက်၊ ခေါင်းသုံးပြီး အသင်းရဲ့ကွန်ယက်မှန်သမျှကို ဖြန့်ကျက်ကြည့်လိုက် ၊ အဖြေက ခင်ဗျားတို့ရဲ့ အရှေ့မှာပဲ ရှိနေပါလိမ့်မယ် ။ လက််ရှိ စျေးကွက်ထဲ ခေါ်ယူလို့ ရနိုင်တဲ့ ကစားသမားတွေထဲမှာ ကိန်းလောက်နီးနီး ကောင်းတဲ့ ကစားသမား တစ်ဦးကိုမှ ခေါ်လို့ မရနိုင်ပါဘူး ”

” အကယ်လို့ ယူနိုက်တက်တို့ မန်စီးတီးကို ဖမ်းမိချင်ရင် ဟယ်ရီကိန်းကို ခေါ်ယူလိုက်သင့်ပါတယ် ။ လူတိုင်းက တိုက််စစ်မှူးကောင်း တစ်ဦး ရယူချင်နေပြီး ကမ္ဘာ့ အနှံ့လိုက််ရှာနေခဲ့ကြပါတယ် ။ ဒါပေမဲ့ တကယ့် တိုက်စစ်မှူးက သူတို့ အားလုံးရဲ့ အရှေ့မှာ နှစ်စဥ်နှစ်တိုင်း ပုံစံကောင်းတွေ ပြသနေခဲ့တယ်လေ ”

” သူက ဘာဆိုဘာမှ ရယူဆွတ်ခူးနိုင်မှာ မဟုတ်တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းအတွက် ကစားပေးနေခဲ့တာပါ ။ ဒါ့ကြောင့် သိပ်မကြာခင် အချိန်အတောအတွင်းမှာပဲ သူဟာ အသင်းပြောင်းဖို့တွေးတောတော့မှာ သေချာလွန်းလှပါတယ် ။ ဒီနေရာမှာ ကျွန်တော် ဘာ​မေ့နေလဲဆိုတာကို မသိပါဘူး ”

” အကယ်လို့ သူ့ကို ရရှိဖို့ ပေါင် သန်း 150 ကုန်ကျတယ် ဆိုပါစို့ ၊ သူ့ကို လေးငါးနှစ် စာချုပ်နဲ့ ခေါ်ယူနိုင်မယ်ထားပါတော့ ။ အဲ့တာဟာ သွင်းဂိုး 100 ကျော် ဝယ်ယူလိုက်ခြင််းပဲ ဖြစ်သွားရပါလိမ့်မယ် ။ ခင်ဗျားတို့ အသင်းအတွက် ဒီလို လုပ်ပေးနိုင်မယ့်သူ နောက်ထပ် ဘယ်သူတွေများ ရှိနိုင်ဦးမှာလဲ ? ”

” လူတွေက အားလင်း ဟာလန်း အကြောင်းချည်း ပြောဆိိုနေခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ ဟယ်ရီ ကိန်းသာ ဒီ မန်စီးတီး အသင်းမှာ ကစားပေးရရင် တူညီတဲ့ သွင်းဂိုး ပမာဏကို သွင်းယူပေးနိုင်မှာ သေချာလွန်းလှပါတယ် ။ ဒါ့အပြင် သူဟာ ဂိုးဖန်တီးမှုတွေကိုပါ လုပ်ဆောင်ပေးနိုင်ဦးမှာပါပဲ ”

” ကျွန်တော့်ကို မိုက်မဲတယ် ပြောရင် ပြောလိုက်ပါ ၊ ကျွန်တော့် အတွက်တော့ ကိန်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် ဖလားကိုတောင် ရအောင် ကူညီပေးနိုင်မယ့်သူလို့ပဲ မြင်မိပါတယ် ။ သူဟာ ဂိုးသွင်းစက် တစ်လုံးပါ ။ တော့တင်ဟမ် က သူ့ကြောင့် ဒီနေရာမှာ ရှိနေခဲ့တာပါ ။ သူက ခြားနားမှုတွေ လုပ်ပေးသူပါပဲ ” လို့ မာဆင်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar