ယူနိုက်တက်နဲ့ သတင်းကြီးနေတဲ့ ကစားသမားဟာ တန်ဟတ်ရဲ့ အသင်းမှာ အမှန်အကန် အံဝင်လိမ့်မယ်လို့ ပြောလိုက်တဲ့ မြူလန်စတင်း

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း တစ်ဦး ဖြစ်သူ ရီနီ မြူလန်စတင်း က အသင်းဟောင်း နဲ့ သတင်းတွေ ကျယ်လောင်နေခဲ့တဲ့ တိုက်စစ်ကစားသမားဟာ အဲရစ်တန်ဟတ်ရဲ့ ကစားကွက်မှာ အံဝင်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် ရော်နယ်ဒို နဲ့ လမ်းခွဲခဲ့တဲ့နောက် အထောင် တိုက်စစ််မှူး အဖြစ် အန်သိုနီ မာရှယ် တစ်ဦးတည်းကိုသာ ပိုင်ဆိုင််နေခဲ့ရပါတယ် ။ ဒါ့ကြောင့် စျေးကွက်ထဲမှာ ယူနိုက်တက်တို့ တိုက်စစ်မှူး လိုချင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ နွေတုန်းက ငွေတွေ အများကြီး သုံးစွဲထားခဲ့တာကြောင့် ယူနိုက်တက်တို့ ကစားသမားသစ် ခေါ်ယူရေးထက််ပိုပြီး အငှား ခေါ်ယူဖို့ ဦးစားပေး တွေးတောနေခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီမှာပဲ ဘက်ဆစ်တပ်မှာ အငှားကစားနေခဲ့တဲ့ ဘန်လေ တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ သတင်းကြီိးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ရီနီ မြူလန်စတင်း က အသင်းဟောင်းနဲ့ သတင်းကြီးနေတဲ့ အသက် 30 အရွယ် ဘန်လေ တိုက်စစ်မှူးဟာ ခြားနားတဲ့ အရာတွေကို လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း ၊ တန်ဟတ််ရဲ့ အသင်းမှာ အံဝင်နိုင်မှာဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ ဘာလုပ်နေလဲဆိုတာကို တန်ဟတ် ကောင်းကောင်းသိပါတယ် ။ သူ (ဝဂ်ဟော့စ်) ဟာ အသက် 30 ရှိနေပါပြီ ။ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ပိုင်ရှင်အပြောင််းအလဲ ဖြစ်မယ်လို့ သတင်းတွေ ထွက်နေတာ ကြာခဲ့ပါပြီ ။ ဒါ့ကြောင့် တန်ဟတ် အတွက် အငှား ခေါ်လိုက်တာက ဒီချိန် အကောင်းဆုံးပါပဲ ”

” သူ့အနေနဲ့ စျေးကွက်ထဲ တစ်ခုခုတော့ လုပ်ရမှာပါပဲ ။ ဒီလို အနေအထားမှာ အကြောင်းသိတဲ့ ကစားသမားမျိုးကို ရရှိတာ အကောင်းဆုံးပါပဲ ။ ဒါက ကာလရှည်အတွက် ခေါ်ယူတာမျိုး မဟုတ်ရပါဘူး ။ ဒါဟာ ရေတို ပြသနာကို ဖြေရှင်းဖို့အတွက် ခေါ်ယူရခြင်းပဲ ဖြစ်သွားဖို့ ရှိနေခဲ့ရပါတယ် ”

” ယူနိုက်တက် အနေနဲ့ ပွဲပြီးခါနီး ပိုပြီး တွန်းတွန်းတိုက်တိုက်် ကစားဖို့ လိုအပ်တဲ့ အချိန်တွေမှာ သူဟာ အံဝင်နိုင်မယ့်သူပါပဲ ။ သူဟာ ခြားနားတဲ့ ကစားသမား တစ်ဦးပါ ။ ဒါ့ကြောင့် တန်ဟတ်က သူ့ကို ခေါ်ချင်နေတာပါပဲ ။ သူက အခြား ယူနိုက်တက် တိုက်စစ်မှူးတွေမှာ မရှိတဲ့ အရာကို လုပ်ပြနိုင်မယ့်သူပါပဲ ”

” ဒါပေမဲ့ သူဟာ ပွဲစဥ်တိုင်းမှာ ပွဲထွက်ခွင့် ရနိုင်မယ်လို့ ကျွန််တော်တော့ မထင်ပါဘူး ။ သူ အရပ်ရှည် ပါတယ် ။ သူဟာ 6 ပေ 6 လက်မ အရပ်ရှည်သူပါပဲ ။ သူ တိုက်ရိုက် ကစားတဲ့သူ တစ်ဦးပါ ။ ပြိုင်ဖက် ဂိုးဧရိယာထဲမှာ ဒုက္ခပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးပါပဲ ။ သူဟာ ချိတ်ဆက်ကစားတာလည်း ကောင်းတဲ့ ကစားသမား တစ်ဦးပဲလေ ”

” ခင်ဗျား အနေနဲ့ သူ့ကို ဘောလုံးပေး တွဲကစားလို့ ရပါတယ် ။ သူက ကာရိုက်တာ ကောင်းသလို ဆုံးဖြတ်ချက် ပြတ်သားပြီး ကြိုးကြိုးစားစား ကစားသူ တစ်ဦး ပါပဲ ။ သူ့ကို ခေါ်တာက အဓိပ္ပါယ်မဲ့စရာ အကြောင်းကို မရှိပါဘူး ။ သူဟာ အသင်းကို တိုးတက်စေမယ့်သူပါပဲ ” လို့ မြူလန်စတင်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar