နံနက်ခင်းသတင်းများ ( ကလပ် နဲ့ အပြောင်းအရွှေ့အကြောင်းများ )

 

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ၁-၀ နဲ့ အနိုင်ရရှိပြီး ဒုတိယနေရာက ရီးရဲ မက်ဒရစ် ကို ၃ မှတ်ဖြတ်ထား လိုက်ပါတယ် ။
ဘာဆာ အတွက် တလုံးတည်းသော ဂိုးကို ဒမ်ဘီလီ က ၂၂ မိနစ်မှာ သွင်းယူ ပေးခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာဝောာ့ ယူဗင်တပ် ဟာ မီလန် ၂ သင်း နိုင်ပွဲမရချိန်မှာ အခွင့်အရေးကို ဆုပ်ကိုင် နိုင်ခဲ့ပြီး အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါတယ် ။

အေစီမီလန် ကတော့ ရိုးမား နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး အဆင့် ၃ ကို ရောက်သွားခဲ့ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ တော့တင်ဟမ် ဟော့စပါး ဟာ ဝါရင့်ဂိုးသမားကြီး ဟုဂို လိုရိစ် နေရာကို အစားထိုးဖို့ အတွက် ဘရန့်ဖိုဒ့် ရဲ့ စပိန်ဂိုးသမား ဒေးဗစ် ရေရာ ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဟယ်ရီမက်ဂွဲယား ကို အက်စတွန် ဗီလာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းအနီးမှာ တွေ့မြင်ခဲ့ရတာကြောင့် ဗီလာကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ ကောလဟာလ သတင်း တခု ထွက်ပေါ်လာခဲ့ ပါတယ် ။

ဘက်ဆစ်တပ် မှာ အငှား ထွက်ကစား နေတဲ့ ဘန်လေ တိုက်စစ်မှူး ဝက်ဟော့စ် က မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းထွက်လာမှု အတွက် ဝမ်းမြောက်ကြောင်း ၊ အဲရစ်တန်ဟတ် က သူ့ကို ခေါ်ယူလိုတာကို သိထားပြီး သူကလည်း အသင်း ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော် ပြောဆို လာခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ ဘိုင်ယန် ရဲ့ ပြင်သစ် နောက်ခံလူ ဘင်ဂျမင် ပါဗက် ကို လာမယ့် နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ ကြားသိရပါတယ် ။

PSG အသင်းကို ပိုင်ဆိုင်ထားတဲ့ ကာတာ အားကစားရင်းနှီးမြှပ်နှံမှု အဖွဲ့အစည်း ဟာ ပရီးမီးယားလိဂ် ကလပ် တသင်းကို ဝယ်ယူဖို့ စိတ်ကူးရှိနေ ပါတယ် ။
PSG ဥက္ကဌ ခီလိုင်ဖီ ဟာ စပါး အကြီးအကဲ ဒန်နီရယ် လီဗိုင်း နဲ့ တွေ့ဆုံ ခဲ့တယ်လို့လည်း သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

ကိုလိုတိုရေး ကိုင်တွယ်နေတဲ့ ဝီဂန် အသင်းဟာ အင်္ဂလန် နောက်ခံလူဟောင်း စတီဗင် ကော်ကာ ကို ခေါ်ယူဖို့ အစီအစဉ် ရှိနေတယ်လို့ ကြားသိရပါတယ် ။

 

မနေ့ညက ကစားခဲ့တဲ့ FA Cup ပွဲစဉ်မှာတော့ မန်ချက်စတာ စီးတီးဟာ ချဲလ်ဆီး ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားကာ နောက်တဆင့်ကို တက်လှမ်းသွား နိုင်ခဲ့ပါတယ် ။

FA Cup စတုတ္ထဆင့် မဲခွဲမှုမှာတော့ မန်စီးတီး ဟာ အောက်စ်ဖိုဒ့် – အာဆင်နယ် ပွဲက အနိုင်ရမယ့် အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး တော့တင်ဟမ် ဟော့စပါး က ပရက်စတန် နော့ အန့် ၊ မန်ချက်စတာ ယူနိုက်တက် က ရီးဒင်း အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR