ယခင်နှစ်တွေတုန်းက ယူနိုက်တက်တို့ လုပ်ဆောင်ကြခဲ့တဲ့ အပြောင်းအရွှေ့တွေကို ခေါင်းစဥ်တပ် ဝေဖန်လိုက်ပြီး သတိပေးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က ယခင်နှစ်တွေက ယူနိုက်တက် တို့ လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို သာမန်ပါပဲလို့ ခေါင်းစဥ်တပ်လိုက်ပြီး ကစားသမားတွေကို သတိပေးမှုပါ ပြုလုပ်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဲရစ်တန်ဟတ် ကို နည်းပြသစ် အဖြစ် ခေါ်ယူခဲ့တဲ့နောက် သူ့ရဲ့ ပထမဆုံး အပြောင်းအရွှေ့မှာ မာတီနက်ဇ် ၊ အဲရစ်ဆင် ၊ ကာစီမီရို ၊ မာလာစီယာ ၊ အန်တိုနီ ၊ ဒူဗရက်ကာ (အငှား) တို့ 6 ဦးကို ခေါ်ယူဖို့ ပေါင် 225 သန်း သုံးစွဲခဲ့ရပါတယ် ။

အခုတော့ ဒူဗရက်ကာ ဟာ နယူးကာဆယ် အသင်းဆီ ပြန်သွားခဲ့ရပြီ ဖြစ်တဲ့အတွက် ယူနိုက်တက်တို့ အစားထိုး အဖြစ် ဂျက် ဘတ်လန်း ကို ခေါ်ယူခဲ့ရပါပြီ ။ ဒီမတိုင်ခင်တုန်းကတော့ ယူနိုက်တက် ကစားသမားသစ်တွေအနက် ကာစီမီရို ၊ မာတီနက်ဇ် နဲ့ အဲရစ်ဆင် တို့ဟာ ပရိသတ် အချစ််တော် ဖြစ်ခဲ့ကြပါတယ် ။

ဒါ့အပြင် မာလာစီယာနဲ့ အန်တိုနီတို့လည်း ပွဲထွက်ကစားခွင့်တွေ မကြာခန ရယူနိုင်ခဲ့ကြပါတယ် ။ အထူးသဖြင့် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခေါ်ယူခဲဲ့တဲ့ ကစားသမားသစ်တွေကြောင့် ရလဒ်ကောင်းတွေ ပိုင််ဆိုင်နိုင်ခဲ့တာလို့ ပြောရင် မမှားပါဘူး ။

အခုတော့ အဲရစ် တန်ဟတ် က ပြီးခဲ့တဲ့ ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လူတွေ ရှိန်လောက််တဲ့ fear factor မျိုး မရှိခဲ့ကြောင်း ပြောကြားရင်း ဒါကို အပြင်လူ တစ်ယောက်အဖြစ် ရှိနေခဲ့စဥ်ကတည်းက သိရှိခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ် ။

” ပြီးခဲ့တဲ့ ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် မှာ fear factor မရှိခဲ့ပါဘူး ။ စိတ်ဓါတ် ခံယူချက်တွေလည်း မကောင်းခဲ့ပါဘူး ။ အသင်းမှာ ပေါက်ကွဲအားတွေ မရှိခဲ့သလို စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှု ဟာလည်း နိမ့်ပါးနေခဲ့ရပါတယ် ”

” ဒါကို အပြင်လူ ဖြစ်ခဲ့စဥ်ကတည်းက ကျွန်တော် သိရှိခဲ့တာ ဖြစ်ပြီး ဒီရောက်ရောက်ချင်း ပထမ အပါတ်မှာ ကတည််းက သတိပြုမိခဲ့ပါတယ် ။ အဲ့ဒီတုန်းက အသင်းရဲ့ ယဥ်ကျေးမှုတွေကို လိုက်ကြည့်ရင်း ‘ မန်ချက်စတာ ယူနိုက်တက်် အသင်း ဘာကြောင့် ဒီလောက်ထိ ခမ်းနားနေရတာလဲ ‘ ဆိုတာကို မေးခွန်းထုတ် ဖြစ်ခဲ့ပါတယ် ”

” အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ကစားသမားတွေ အများကြီးပဲ ခေါ်ယူဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့တွေဟာ လုံလောက်စွာ မကောင်းမွန်ခဲ့ကြပါဘူး ။ သူတို့ ခေါ်ခဲ့တဲ့ ကစားသမား အများစုက သာမန် အတန်းအစားပဲ ဖြစ်ခဲ့ရပါတယ် ”

” ယူနိုက်တက်မှာ သာမန်ဆိုတာက ဘောင်မဝင်ဘူးလေ ။ ယူနိုက်တက် ဂျာစီရဲ့ အလေးချိန်က များလွန်းပါတယ် ။ တကယ့်ကို personality ကောင်းလွန်းတဲ့ ဖိအားဒဏ်တွေကို ခံနိုင်တဲ့ ကစားသမားတွေကသာ ဒီလိုအသင်းအတွက် ကစားပေးခွင့် ရရှိကြမှာပါ ” လို့ တန်ဟတ် က သတိပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar