နံနက်ခင်းအားကစားသတင်းများ ( ကလပ်နဲ့ အပြောင်းအရွှေ့သတင်းများ )

မနေ့ညက ကစားခဲ့တဲ့ FA Cup ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက အဲဗာတန် အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ရက်ဖို့ဒ် ခြေစွမ်းပြခဲ့ပြီး ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီး ခဲ့သလို ကော်နာ ကိုဒီ ရဲ့ Own Goal ဟာလည်း ရက်ဖို့ဒ် ရဲ့ ဖြတ်တင်ဘောကနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပေါ်တူဂီ အသင်းဖော် ပီပီ ကို ခေါ်ယူဖို့ အယ်လ်နက်ဆာ အသင်းကို တိုက်တွန်း ခဲ့ကြောင်း ကြားသိရပါတယ် ။

ဒေးဗစ် ဘက်ခမ်း ရဲ့ သားဖြစ်သူ ရိုမီရို ဘက်ခမ်း ဟာ ဘရန့်ဖို့ဒ် ဘီ အသင်းထံ ရာသီကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ လာခဲ့ပြီလို့ သိရပါတယ် ။

အာဆင်နယ် နည်းပြ မီကေး အာတီတာ ဟာ နယူးကာဆယ် နဲ့ သရေကျခဲ့တဲ့ ပွဲက အပြုအမူတွေကြောင့် FA ရဲ့ စွဲချက်တင်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ် ။

ဆောက်သမ်တန် အသင်းကတော့ ဒိုင်နမို ဇာဂရပ် အသင်းရဲ့ တိုက်စစ်မှူး ခရိုအေးရှား လက်ရွေးစင် မီဆလပ် အိုဆစ် ကို ပေါင် ၆ သန်း အကုန်ကျခံကာ ခေါ်ယူ ခဲ့တယ်လို့ သိရှိရပါတယ် ။

အက်စတွန် ဗီလာ နည်းပြ အမ်မရီ ဟာ ခံစစ်ကို ပိုမို အားဖြည့်ဖို့ ဆန္ဒရှိနေပြီး ရီးရဲ ဘက်တစ် နောက်ခံလူ အဲလကစ် မိုရီနို ကို ခေါ်ယူဖို့ စိတ်ကူးနေသလို တိုက်စစ်အတွက်လည်း ဒယ်လိုဖူ ကို မျက်စိကျနေတယ်လို့ သိရှိရပါတယ် ။

လက်စတာ စီးတီး အသင်းဟာ ပြင်သစ်ကလပ် လိုးရီးရင့် မှာ ကစားနေတဲ့ အသက် ၂၀ အရွယ် တောင်ပံ ကစားသမားလေး ဒန်ဂို အောက်တာရာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။

အဲဗာတန် ကွင်းလယ်လူ အဲလက်စ် အီဝိုဘီ ဟာ မနေ့ညက မန်ယူနိုက်တက် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိသွား ခဲ့ပြီး ဆောက်သမ်တန်နဲ့ ပွဲကို လွဲချော်ဖို့ အလားအလာ များသွားပြီလို့ သိရပါတယ် ။

PSG နောက်ခံလူ မာကွင်ဟို့စ် က သူဟာ ပြင်သစ် ကလပ်မှာ ဆက်ကစားဖို့ ဆန္ဒရှိပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ၊ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိကြောင်းလည်း ပြောပြခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ လက်စတာ ခံစစ်မှူး ဆိုရန်ကူ နဲ့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာ လက်စတာ အသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်တော့မယ်လို့ သိရပါတယ် ။

SPORTS MYANMAR