မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ချဲလ်ဆီး ကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည် အပေါ် ဝေဖန်လိုက်ကြတဲ့ ဟယ်ဆယ်ဘိန့် နဲ့ ကာရေဂါ

 

ဂျင်မီဖလွိုက်ဟယ်ဆယ်ဘိန့်က မက်ကူကူရယ်လာဟာ မနေ့ညက မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးရဲ့ weakest link ဖြစ်ခဲ့ပြီး စပိန် ဘယ်နောက်ခံလူဟာ မန်နေဂျာ ဂရေဟမ်ပေါ်တာ အတွက် ပြသနာတစ်ခု ဖြစ်နေတယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယနေ့မနက် အစောပိုင်းက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ မန်စီးတီးကို မာရက်ဇ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့အတူ ၁-၀ နဲ့ ကပ်ရှုံးခဲ့ပါတယ်။

ဒါပေမယ့်လည်း ကူကူရယ်လာဟာ ချဲလ်ဆီးတို့ ပေးလိုက်ရတဲ့ ဂိုးမှာ အမှားကျူးလွန်ခဲ့ပြီး ဂိုးသွင်းသွားခဲ့တဲ့ မာရက်ဇ်ရဲ့ run ကို ကောင်းကောင်း track မလုပ်နိုင်ခဲ့ပါဘူး။ ဟယ်ဆယ်ဘိန့်က ကူကူရယ်လာဟာ အလုပ်ကို ကြိုးစားသွားရန် စိတ်အားထက်သန်မှု ရှိနေခဲ့ပေမယ့် စီးတီးနဲ့ပွဲမှာ တကယ့်ကို ရုန်းကန်ခဲ့ရပြီး မန်နေဂျာ ပေါ်တာအတွက် ပြဿနာ တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

 

ဟယ်ဆယ်ဘိန့်က “သူဟာ ဒီပွဲစဉ်မှာ လုံးဝကို ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ သူဟာ ချဲလ်ဆီးရဲ့ weakest link ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ကစားပုံကောင်းခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့်လည်း ကူကူရယ်လာဟာ သူတို့ရဲ့ weakest link ဖြစ်နေခဲ့ပြီး ဒါကို မန်စီးတီးဘက်က ကောင်းကောင်း သတိပြုမိခဲ့ပါတယ်။ ဒါဟာ ပြဿနာပါပဲ။ သူဟာ ဘရိုက်တန်ကနေ ငွေကြေးများစွာနဲ့ ပြောင်းရွေ့လာခဲ့တဲ့သူ ဖြစ်ပြီး ချဲလ်ဆီး ကစားသမား ဘဝကို ကောင်းကောင်း မစတင်နိုင်ခဲ့ပါဘူး။ ဒီနေ့မှာ ခင်ဗျားတို့ မြင်တွေ့ခဲ့ရမှာပါ။

သူဟာ ခံစစ်ကို ကောင်းကောင်း ကစားချင်ကာ ဒီထက်ပိုမို ကောင်းမွန်အောင် လုပ်ချင်တဲ့သူလို့ ကျနော် ထင်နေဆဲပါ။ ဒါပေမယ့်လည်း ဒီလို မြန်မြန် ဖြစ်လာအောင် သူလုပ်သွားရပါမယ်။” လို့ပြောသွားပါတယ်။

စီးတီးတို့ ရရှိသွားခဲ့တဲ့ ဂိုးနဲ့ပက်သက်ပြီး အကဲဖြတ်ခဲ့ရာမှာ ကာရေဂါက “ကျနော် ကူကူရယ်လာရဲ့ defending ကို ကြည့်နေတဲ့အခါမှာ သူဟာ ကနဦးမှာ မာရက်ဇ်ထက် ငါးကိုက်အသာလောက်မှာ ရှိရှိနေပါတယ်။ သူဟာ နောက်ကို ပြန်ပြေးခဲ့ပေမယ့် ရုတ်တရက် ရပ်လိုက်ပါတယ်။ ဂရီလစ်ခ်ျရဲ့ cross က အရမ်းကောင်းခဲ့ပေမယ့်လည်း ဒီနေရာမှာ ကူကူရယ်လာက ရပ်တန့်လိုက်တာကြောင့် မာရက်ဇ်ဟာ လွယ်လွယ်ကူကူနဲ့ ပိတ်သွင်းနိုင်ခဲ့ပါတယ်။

ဂိုးသမားဘက်ကကော ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်သလား? အမှန်ပါပဲ။ သူ လုပ်နိုင်ခဲ့သင့်ပါတယ်။ ကူကူရယ်လာ ကလည်း ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တာကတော့ သေချာပါတယ်။ ကျနော်ဟာ ဒုတိယပိုင်းမှာ ကူကူရယ်လာကို မေးခွန်းထုတ်နေခဲ့တာပါ။ သူဟာ ခံစစ် ကစားချင်ပုံ မရပါဘူး။ အထူးသဖြင့် ပြိုင်ဘက်နဲ့ one v one အခြေအနေတွေပါ။

ချဲလ်ဆီးအနေနဲ့ သူ့အတွက် ဈေးကြီး ပေးကာ ဝယ်ယူခဲ့ရပေမယ့်လည်း သူဟာ defend ကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ခံစစ်ကို မကစားချင်တဲ့သူက ဒီထက် ပိုပြီး ဆိုးရွားပါတယ်။ သူဟာ ပြိုင်ဘက်နဲ့ one v one အခြေအနေတွေကို ရင်ဆိုင်ရတာ မနှစ်သက်တဲ့ပုံပါပဲ။” လို့ဆိုလိုက်ပါတယ်။

SM