ဆန်ချိုနဲ့ ပတ်သက်လို့ စိတ်သိပ်မရှည်တော့ဘူးလို့ ဖွင့်ဟလိုက်တဲ့ တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ တိုက်စစ် ကစားသမားတွေကို လိုအပ်နေချိန်မှာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို အသင်းအတွက် မပါဝင်နိုင်သေးမှုအပေါ် စိတ်မရှည်နိုင် ဖြစ်ရကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

ဂျေဒန် ဆန်ချိုဟာ ဒီတစ်ပါတ်မှာတော့ ကာရင်တန် လေ့ကျင့်ရေးကွင်းဆီ ပြန်လာနိုင်ခဲ့ပြီး အသေးစား လေ့ကျင့်မှုတွေကို စတင် လုပ်ဆောင်သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသင််းဖော် တွမ်ဇီဘီ နည်းတူ အသင်းနဲ့တော့ ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိခဲ့သေးပါဘူး ။

ဆန်ချိုဟာ ချဲလ်ဆီး အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ အောက်တိုဘာ 22 ရက်နေ့နောက်ပိုင််း ယူနိုက်တက် အတွက် ထပ်မံ ကစားပေးနိုင်ခြင်း မရှိခဲ့သေးတာပဲ ဖြစ်ပါတယ် ။ သူဟာ ဝက်စ်ဟမ်း နဲ့ ကစားခဲ့ရတဲ့ အောက်တိုဘာ 30 နေ့က နောက်ဆုံး အဖြစ် အသင်းရဲ့ ကစားသမား စာရင်းထဲ ပါဝင်ခွင့် ရရှိခဲ့ပါတယ် ။

အဲ့ဒီနောက် နိုဝင်ဘာလမှာ ဆန်ချိုဟာ ဆိုရှယ် မီဒီယာ တွေကို သုံးစွဲခြင်း မရှိခဲ့တော့ပဲ နယ်သာလန်ကို ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ကမ္ဘာ့ ဖလား ပြိုင််ပွဲကြီး ကစားနေစဥ်အတွင်းမှာလည်း သူဟာ ယူနိုက်တက် နဲ့ စပိန်မြေကို မလိုက်ပါနိုင်ခဲ့ပါဘူး ။

သတင်းထောက် တစ်ဦးကတော့ သူဟာ ဒဏ်ရာရနေတယ််လို့ ဖော်ပြခဲ့ပါတယ် ။ ဒါ့အပြင် အချို့ကတော့ ဆန်ချိုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်လို့ ဖော်ပြခဲ့ကြသေးတယ် ။ ဒါပေမဲ့ တန်ဟတ် ကတော့ သူဟာ မကြံ့ခိုင်သေးလို့ မပါဝင်နိုင်သေးတာလို့ ဖော်ပြဖြစ်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းမှ ရော်နယ်ဒို ထွက်ခွာခဲ့ပြီ ဖြစ်သလို မာရှယ် ၊ အန်တိုနီ နဲ့ ဗန်ဒီ ဘိခ် တို့ဟာလည်း ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့ကြပါတယ် ။ ဒီလိုအချိန်မှာ စိတ်ရှည်ဖို့ လိုပေမဲ့ ဆန်ချို နဲ့ ပတ်သက်လို့ စိတ်မရှည်နိုင် ဖြစ်နေခဲ့ရကြောင်း တန်ဟတ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

” ဆန်ချို ကစားသမား စာရင်းထဲ အမြန်ဆုံး ပြန်လာရင် နှစ်သက် သဘောကျမိမှာပါ ။ ဒါပေမဲ့ အခုလို အချိန်မျိုးမှာ တွန်းအားပေးတာမျိုးလည်း ကျွန်တော် မလုပ်ချင်ပါဘူး ။ သူ့ရဲ့ process ဆက်ကောင်းမွန်ဖို့ ခွင့်ပြုရပါ့မယ် ။ လက်ရှိအချိန်မှာ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရမှာပါပဲ ”

” အချို့သော process တွေမှာ တွန်းအားပေးလို့ မရနိုင်ပါဘူး ။ ဆန်ချိုရဲ့ အနေအထားက အဲ့ဒီလို ဖြစ်နေခဲ့ရပါတယ် ။ ဒါ့ကြောင့် ကျွန်တော် စိတ်ရှည်နိုင်စွမ်း မရှိတော့ပေမဲ့ စိတ်ရှည်ပေးဖို့ လိုနေပါဦးမယ် ။ ကျွန်တော်တို့ အသင််းရဲ့ တိုက်စစ်မှာ ပရီးမီးယားလိဂ် ကစားပေးနိုင်မယ့် ကစားသမားမျိုး လိုအပ်နေတယ်လေ ”

” ပရီးမီးယားလိဂ်တင် မဟုတ်ပါဘူး ။ အဆင့်အတန်းမြင့် ပြိုင်ပွဲတိုင်းမှာ ကစားပေးနိုင်သူကို လိုအပ်နေခဲ့တာပါ ။ အဲ့ဒီထဲ ဂျေဒန်လည်း ပါဝင်ပါတယ် ။ သူ ပြန်လည် ကြံ့ခိုင််တာနဲ့ အသင်းအတွက် ပါဝင်ရပါလိမ့်မယ် ။ သူကောင်းလာရင် ကျွန်တော်တို့ ရွေးချယ်ခွင့် ပိုရလာမှာဖြစ်ပြီး နိုင်ပွဲတွေ ဆက်လက် ရယူနိုင်ဦးမှာပါ ”

” ကျွန်တော်တို့ လက်ရှိ အနေအထားတွေကို လက်သင့်ခံရပါ့မယ် ။ သူဟာ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုမှာ ရှိနေတယ်လို့ ခံစားနေရပါတယ် ။ ဒါပေမဲ့ ကျွန်တော်ပြောသလိုပါပဲ ၊ ဒီလို အနေအထားမျိုးမှာ သူ့ကို တွန်အားပေးလို့ မရနိုင်ပါဘူး ။ ကျွန်တော် တွန်းအားလည်း ပေးဖြစ်မှာ မဟုတ်ပါဘူး ”

” သူ အသင်းနဲ့ လေ့ကျင့်မယ့် ကစားသမား စာရင်းထဲကို ပြန်လည် ပါဝင်လာနိုင်ရင်တော့ ကျွန်တော် အရမ်းကြီးပဲ ဝမ်းမြောက်မိမှာပါ ။ လက်ရှိ အချိန်မှာတော့ သူ သိပ်ပြီး မကြံ့ခိုင်သေးပါဘူး ။ ရုပ်ပိုင်းဆိုင်ရာပြောတာပါ ။ ဒါပေမဲဲ့ ရုပ်ပိုင်းဆိုင်ရာက စိတ်ပိုင်းနဲ့လည်း ဆက်နွယ်နေတယ်လေ ”

” အခုတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာခဲ့ပါပြီ ။ အဲ့တာက သူ့ကို အကူအညီ ဖြစ်စေမှာပါ ။ သူအမြန်ပြန်လာဖို့ မျှော်လင့်နေပါတယ် ။ ဒါပေမဲ့ သူပြန်လာဖို့ ဘယ်လောက်အထိ ကြာမလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar