မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်သူ လုခ်ရှော က ကလပ် နဲ့ လက်ရွေးစင် အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ ဟာ ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်နိုင်ဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီလို့ ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။
ရပ်ရှ်ဖို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ကစားပေး ကတည်းက ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ပွဲကြီးပွဲကောင်းတွေမှာပါ ဂိုးတွေ သွင်းယူခဲ့တဲ့အတွက်် တစ်နေ့မှာ ထွန်းတောက်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။
အဲ့ဒီနောက် ရပ်ရှ်ဖို့ ဟာလည်း နှစ်စဥ်နှစ်တိုင်း ပုံစံကောင််းတွေကို ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းကတော့ သူဟာ ဒဏ်ရာပြသနာတွေအကြား ရုန်းကန််ခဲ့ရပြီး တစ်ရာသီလုံးမှာ 5 ဂိုးသွင်း ၊ 2 ကြိမ်သာ ဂိုး ဖန််တီးပေးသွားနိုင်ခဲ့ပါတယ် ။
ဒါပေမဲ့ ဒီနှစ်စမှာ ဒဏ်ရာပြသနာ အနည်းငယ် ရှိနေခဲ့တဲ့ ရပ်ရှ်ဖို့ဟာ ပုံစံကောင်းတွေ ဆက်တိုက် ပြသသွားနိုင်ခဲ့ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး မစတင်မီမှာပဲ ပြီးခဲ့တဲ့ ရာသီက ဂိုး ၊ ဖန်တီးမှု မှတ်တမ်းဆိုးကို ကျော်ဖြတ်ပြသွားနိုင်ခဲ့ပြီး ချီးကျူးမှုတွေ ရရှိခဲ့ပါတယ် ။
ဒါ့အပြင် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာလည််း သူဟာ ပါဝင် ကစားပေးခဲ့ရတဲ့ ပွဲစဥ် လေးပွဲလုံးမှာ 1 ဂိုးစီ သွင်းယူပြသွားနိုင်ခဲ့ပါတယ် ။ အခုတော့ သူဟာ ဒီရာသီ အသင်းအတွက် 12 ဂိုး သွင်းယူ ၊ 4 ကြိမ် ဂိုးဖန်တီး ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။
အခြားတဖက်မှာတော့ သူဟာ အင်္ဂလန် အတွက်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ပုံစံကောင်း ပြသထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ လုခ်ရှော က ရပ်ရှ်ဖို့ ကို အမွှမ်းတင််လိုက်ပြီး အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။
” ဟုတ်ပါတယ် ၊ 100 % သေချာပါတယ် ။ သူ ရပ်ရှ်ဖို့ က 100% ပုံစံကောင်း ပိုင်ဆိုင်နေပါတယ် ။ သူဟာ ယုံကြည်မှု ပြည့်ဝနေသလို အတော်လေး ချွန်ထက်နေခဲ့ပါပြီ ။ ပြီးတော့ သူဟာ ဂိုးတွေ ဘယ်လို သွင်းယူရမလဲဆိုတာကိုပါ ကြိုတင် အနံ့ခံနိုင်စွမ်း ရှိနေခဲ့ပါပြီ ”
” ဘုန်းမောက်နဲ့ ပွဲစဥ်က သူ့ရဲ့ သွင်းဂိုးကို ကြည့်ပြီး ခင််ဗျားတို့ အဲ့တာကို မြင်နိုင်ခဲ့မှာပါ ။ သူဟာ မှန်ကန်တဲ့အချိိန်မှာ မှန်ကန်တဲ့ နေရာဆီ ရောက်နေခဲ့ပါတယ် ။ ပြီးတော့ သူဟာ ပွဲဆက် ဂိုးတွေလည်း သွင်းယူပေးနိုင်ခဲ့ပါပြီ ။ သူဟာ ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်နိုင်မယ့် လမ်းကြောင််းပေါ် ရောက်နေပြီလို့ ထင်ပါတယ် ”
” သူ ဒါကို ဆက်လက် လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ် ။ အခုလို ပွဲစဥ်တွေ ဆက်တိုက် ကစားနေခဲ့ရချိန်မှာ အခုလို အရှိန်အဟုန် တစ်ခု ရယူနိုင်တာက အရမ်းကို ကောင်းမွန်တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ အခု ရှိနေတဲ့နေရာမှာ ပျော်နေကြပြီး ဆက်လက် တိုးတက်ဖို့ ကြိုးစားနေကြပါတယ် ” လို့ ရှော က ပြောခဲ့လိုက်ပါတယ် ။
#Sports_Myanmar