အာဆင်နယ် အသင်း ကို ချီးကျူးရင်း ဂန်းနားတို့ရဲ့ ချန်ပီယံ အိပ်မက် အတွက် အရေးပါတဲ့ ပွဲ ၃ ပွဲကို ရွေးချယ်ပေးလိုက်တဲ့ ပေါလ်မာဆင်

ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်း အိမ်ကွင်းမှာ အမှတ်လျော့ ခဲ့ရမှုကို အာဆင်နယ် အသင်း အခွင့်အရေး ထပ်မံ ရယူ နိုင်ခဲ့ပြန်ပါပြီ ။ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဘရိုက်တန် အသင်းကို ၂-၄ ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံး ကနေ ၇ မှတ် ဖြတ် ဦးဆောင် လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် Boxing Day မှာရော နှစ်သစ်ကူး အကြို နေ့မှာပါ နိုင်ပွဲ ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဂန်းနားဟောင်း ပေါလ်မာဆင် ကတော့ အာဆင်နယ် အသင်းကြောင့် ကျန်တဲ့ အသင်းကြီး လေးသင်း ဟာ ချန်ပီယံ လမ်းကြောင်း ကနေ နှုတ်ဆက် ထွက်ခွာ ခဲ့ရပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ အဆင့် လေးနေရာက မန်ချက်စတာ ယူနိုက်တက် အသင်းကို ၁၁ မှတ် အထိ ဖြတ်ထား နိုင်တာ ဖြစ်ပါတယ် ။ ပေါလ်မာဆင် က ” အာဆင်နယ် အသင်း ရဲ့ လက်ထဲမှာပဲ ရှိပါတယ် ၊ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်တော့တဲ့ အသင်းကြီးတွေ ရှိပါတယ် ၊ ချဲလ်ဆီး စပါး မန်ယူနိုက်တက် နှင့် လီဗာပူး တို့ပေါ့ဗျာ ။ ”

” ကျနော် ကတော့ အာဆင်နယ် နှင့် မန်စီးတီး လုရလိမ့်မယ်လို့ ထင်ပါတယ် ။ တခြား အသင်းတစ်သင်းက ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် တစ်ခါမှ မကြုံဖူးတဲ့ မယုံနိုင်လောက်အောင် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူ နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတာက လွဲရင်ပေါ့ ၊ လက်ရှိမှာ အာဆင်နယ် အသင်းကို ရပ်တန့် နိုင်မယ့် အသင်း တစ်သင်းမှ မတွေ့မိပါဘူး ။ ”

” အာဆင်နယ် ကစားတာ အတော်လေး ကောင်းပါတယ်၊ ကြက်ကန်း ဆန်အိုးတိုးတာမျိုး မဟုတ်ပါဘူး ၊ အိုးထရက်ဖိုဒ့်မှာ သွားကစားရတဲ့ ပွဲမှာ ရှုံးပွဲ တွေ့ခဲ့ပေမယ့် သူတို့ ခြေစွမ်းက အရှုံးရလဒ် နဲ့ မထိုက်တန် ခဲ့ပါဘူး ၊ ရှုံးပွဲ တွေ့တဲ့ အခါမျိုးမှာ သူတို့ ပြန်လည် တုန့်ပြန်ပီး နိုင်ပွဲတွေ ပြန်ယူပြခဲ့ပါတယ် ။ ”

” ရှေ့ပွဲမှာဆို လည်း ဝက်စ်ဟမ်း ကို ၁-၀ နဲ့ ရှုံးနေရာကနေ ပြန်လာပြီး ဂိုးပြတ် နိုင်ပွဲ ယူ ခဲ့ပါတယ် ။ သူတို့က အဆင့် ၁ မှာ ထိုက်ထိုက်တန်တန် ရပ်တည် နေတာပါ ၊ မေးခွန်းထုတ်စရာ မရှိပါဘူး ၊ အာဆင်နယ် က အရမ်းကောင်းတဲ့ ဘောလုံး အသင်း တစ်သင်း ဖြစ်နေတာကြောင့် ထိပ်ဆုံးမှာ ရပ်တည် နေနိုင်တာ ဖြစ်ပါတယ် ။ ”

” အာဆင်နယ် က အမှတ်ကွာဟချက် ရှိအောင် စွမ်းဆောင်ထားတော့ အမှတ် ဆုံးရှုံး ခံနိုင်တဲ့ အနေအထားလည်း ရှိပါတယ် ။ မန်စီးတီးကလည်း ပွဲတိုင်း အနိုင်ရမယ့် အသင်း မဟုတ်ပါဘူး ၊ အာဆင်နယ် အသင်း နဲ့ ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ်တွေ အများကြီး မပြောချင်ပါဘူး ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲက အပြောင်းအလဲတွေ သိပ်မြန်တာကြောင့်ပါ ။ ”

” အာဆင်နယ် အနေနဲ့ နယူးကာဆယ် ၊ စပါး ၊ ယူနိုက်တက် တို့နဲ့ ဆက်တိုက် ကစားရဖို့ ရှိပါတယ် ။ နယူးကာဆယ် ကိုသာ နိုင်ရင် စပါး ၊ မန်ယူနိုက်တက် တို့ကို ဆက်လ​က် အနိုင်ယူဖို့ စိတ်အား တက်ကြွသွားမှာပါ ၊ နယူးကာဆယ် ကိုသာ မနိုင်လိုက်ရင် စပါး နဲ့ ယူနိုက်တက် ကိုလည်း အနိုင်ရဖို့ မျှော်မှန်းလို့ မရနိုင်ပါဘူး ၊ Domino Effect ပေါ့ဗျာ ၊ အခုအချိန်မှာ အာဆင်နယ် လုပ်ပြနေတဲ့ အရာအားလုံးက ကောင်းမွန် မှန်ကန် နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM