လက်စတာကို နိုင်ခဲ့တဲ့ပွဲက လီဗာပူးစတား တစ်ဦးကို အထူးချီးကျူးလိုက်ပြီး သူတို့ရဲ့ top 4 ပြိုင်ဘက်တွေ ၄ သင်းကို ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မနေ့ညက လီဗာပူးတို့ လက်စတာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ ဒါ၀င်နူးနက်ကို အထူး ချီးကျူးသွားခဲ့ပြီး ဥရုဂွေးစတားဟာ တအားကို ကောင်းပြီး စပယ်ရှယ် ကစားသမားလည်း ဖြစ်တယ်လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံး ပွဲစဉ်မှာ တာထွက်မကောင်းခဲ့ဘဲ ကွင်းလယ်နဲ့ ခံစစ် အမှားကနေ တဆင့် ပွဲအစ ၄ မိနစ်မှာ ဒူဘရူဟောရဲ့ ဦးဆောင်ဂိုး သွင်းသွားခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့် လီဗာပူးဟာ ပထမပိုင်း မပြီးခင် လက်စတာ နောက်ခံလူ ၀က်ဖော့စ်ရဲ့ own goal ၂ ဂိုးနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ဒုတိယပိုင်းမှာ ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဆာလားရဲ့ ကန်ချက်တွေ လွဲချော်နေခဲ့သလို နူးနက်ကလည်း အခွင့်အရေး တစ်ချို့ကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လက်စတာဟာ ချေပဂိုး ပြန်လည် မရှာနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား အပြီး ၂ ပွဲဆက် ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

နူးနက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေး အများဆုံး လွဲချော်တဲ့ ကစားသမား အဖြစ် ထိပ်ဆုံးကနေ ရပ်တည်ပေမယ့်လည်း ပြိုင်ဘက် ခံစစ်ကို ၎င်းရဲ့ pace ၊ တိုးအား ၊ ပါဝါ ၊ ကြံ့ခိုင်မှုတွေနဲ့ ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ကလော့ကလည်း နူးနက်ဟာ သွင်းဂိုးတွေ မရ ဖြစ်နေပေမယ့်လည်း ခြေစွမ်း တိုးတက်နေကာ အသင်းကို နိုင်ပွဲရအောင် ကောင်းကောင်း ကူညီပေးနေတယ်လို့ ဆိုသွားပါတယ်။

ကလော့က “ဒီညမှာလည်း နူးနက်ရဲ့ performance ဟာ တအားကို ကောင်းခဲ့ပါတယ်။ လူတွေကတော့ stat တွေကိုသာ ကြည့်ချင်နေကြတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒုတိယဂိုးက သူ့ရဲ့ ကြိုးပမ်းမှုကနေ တဆင့် ရလာခဲ့တာပါ။ နောက်ဆုံး အခြေအနေတွေမှာ တိုးတက်လာခဲ့တယ် ဆိုရင် ရှင်းလင်းပါတယ်။ သူဟာ ဒီအတိုင်း ကန်ပစ်ခဲ့တာ မဟုတ်ပါဘူး။ ဂိုးသမားကို ကျော်ပြီး သွင်းယူခဲ့ကာ ဒါဟာ တကယ်ကောင်းပါတယ်။

 

ပြီးတော့ သူဟာ မိုအတွက်လည်း အခွင့်အရေးကောင်းတွေ ဖန်တီးပေးခဲ့ပါတယ်။ သူဟာ အဲဒီအခိုက်အတန့်မှာ ပြိုင်ဘက် နောက်ခံလူ ၃ ဦးကို out of the game ဖြစ်သွားစေခဲ့ပါတယ်။ ဒါဟာ စပယ်ရှယ်ပါပဲ။ ဒါဟာ တကယ့်ကို စပယ်ရှယ်ပါပဲ။ ကျွန်တော် သူ့ရဲ့ ကစားပုံ အတွက် တကယ် ပျော်ရွှင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နူးနက်ဟာ လီဗာပူးကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီးနောက် ကလပ် အတွက် ၂၁ ပွဲမှာ ၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် leaders အာဆင်နယ်ကို အမှီလိုက်နိုင်ရန် အခြေအနေ မရှိပေမယ့်လည်း ဗီလာ နဲ့ လက်စတာ တို့ကို ဆက်တိုက်နိုင်ခဲ့တာကြောင့် top 4 မျှော်လင့်ချက်က မြင့်တက်လာခဲ့ပါတယ်။ ကလော့က အာဆင်နယ်နဲ့ မန်စီးတီး တို့ဟာ ထိပ်ဆုံးနေရာတွေကို သိမ်းပိုက်ထားခဲ့တာကြောင့် လက်ကျန် ၂ နေရာအတွက် အသင်း ၄ သင်းက တိုက်ပွဲ၀င်သွားရလ်ိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ကလော့က “ဒီရာသီမှာတော့ ကျွန်တော်တို့ top 7 ကို မြင်တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နယူးကာဆယ်ဟာ အခုဆိုရင် top 4 အတွက် တကယ့်ကို ကြီးမားတဲ့ contenders ဖြစ်နေလို့ပါ။ အသင်း ၄ သင်းဟာ top 4 ၀င်နိုင်မှာပါ။ လက်ရှိ အနေအထားအရ လက်ကျန် ၂ နေရာသာ ကျန်တော့မယ့် ပုံစံပါပဲ။ အာဆင်နယ်ဟာ အရမ်းကို ကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ထားပါတယ်။ စီးတီးကတော့ စီးတီးပါပဲ။ မန်ယူနိုက်တက်ဟာ ပြန်လာနေပြီဆိုတာ ရှင်းလင်းပါတယ်။ တော့တင်ဟမ် ကလည်း အပြင်းအထန် တိုက်ပွဲ၀င်နေပါတယ်။ ချဲလ်ဆီးကိုလည်း မေ့ထားလို့ မရပါဘူး။

ပြိုင်ဘက်တွေရဲ့ အရည်အသွေးကတော့ ရှင်းပါတယ်။ ဒါပေမယ့် အရာတော်တော်များများ ကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြေရှင်းသွားရမှာပါ။ ကျွန်တော်တို့ဟာ ဖိအားတွေ ရှိနေပါတယ်။ ဒါပေမယ့် အခြား အသင်းတွေလည်း ဒီအတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ သူတို့နောက်မှာ အမှတ်အနည်းငယ် အကွာနဲ့ ရှိနေတာကြောင့် ဒါဟာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ကြီးကြယ်တဲ့ ပွဲကောင်းတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို မြင်ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM