တိုက်စစ်မှူး လိုအပ်နေတာနဲ့ ပတ်သက်လို့ ဝန်ခံမှု တစ်ခု ပြုလုပ်သွားတဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က ရာသီဝက်မှာ တိုက်စစ်မှူး တစ်ဦးလိုအပ််ကြောင်း ဝန်ခံလိုက်ပေမဲ့ ဒီအချိန်မှာ တိုက်စစ်မှူး တစ်ဦးကို ရရှိနိုင်ဖို့ စျေးအကြီးကြီးပေးရလိမ့်မယ်လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ဟာ ဒီလအစမှာပဲ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် တိုက်စစ်မှူး တစ်ဦးကို အလိုရှိနေကြောင်း အတည်ပြုစကား ပြောဆိုခဲ့ဖူးပါသေးတယ် ။

တကယ်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ရှိနေခဲ့စဥ် ကတည်းက တိုက်စစ်မှူး တစ်ဦးကို လိုအပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် 14ပွဲ ကစားပြီးချိန်မှာ ဂိုးခြားနားချက်် zero ဖြစ်နေခဲ့လို့ပါပဲ ။

အခုတော့ နော်တင်ဟမ် ဖောရက်စ် အသင်းကို နိုင်ပြီးမှ ဂိုးခြားနားချက် +3 ဖြစ်သွားခဲ့ရပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 တုန်းက တရုတ် စူပါလိဂ် မှ တိုက်စစ်မှူး အိုဒီယံ အစ်ဂ်ဟာလို ကို ကာလတို အငှားနဲ့ ခေါ်ယူခဲ့ဖူးပါသေးတယ် ။

ဒါဟာ အသင်းအတွက်လည်း အကျိုး ဖြစ်ထွန်းခဲ့ရပါတယ်် ။ အခုလည်း ကိုဒီ ဂတ်ပို ကို လီဗာပူး အသင်းဆီ ဆုံးရှုံံးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာလတို အဖြေကို ဆက်လက် ရှာသွားဖွယ်ရှိကြောင်း တန်ဟတ််က ပြောခဲ့လိုက်ပါတယ် ။

” ဒါဟာ အမြဲတမ်း ခက်ခဲလှပါတယ် ။ တိုက်စစ်မှူးတွေက စျေးကြီးကြတယ်လေ ။ အထူးသဖြင့် ဆောင်းရာသီ စျေးကွက်မှာပေါ့ဗျာ ။ ကျွန်တော်တို့ limitတွေ အမြင့်ကြီး ထားဖို့ လိုအပ်ပါတယ် ။ အခု အဲ့တာမျိုး လုပ်နိုင်ဖို့တော့ ရှေးရှုနေပါတယ် ”

” ဒီအတွက် ကျွန်တော်တို့ ဖန်တီးနိုင်မှု စွမ်းရည် ရှိနေဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပြဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါပဲ ။ ကျွန်တော်တို့ အနေနဲ့ တိုက်စစ်ပိုင်း ဟန်ချက်ညီစေမဲ့ မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်နိုင်ဖို့ အရေးကြီးပါတယ် ”

” ကျွန်တော်တို့ အနေနဲ့ လူခေါ်တဲ့အခါ timing ကိုက်ဖို့ ၊ ခေါ်ယူလို့ ရနိုင်မလားဆိုတာ သိနေဖို့လိုအပ်လှပါတယ် ။ ခေါ်မယ့်သူကလည်း အတိုင်းအတာ တစ်ခုအထိ အသင်းလိုက် ကစားပေးနိုင်ဖို့ လိုအပ်လှပါတယ် ။ ဒါကို မျှမျှတတ ပြောကြရအောင် ၊ အခု အချိန် စောပါသေးတယ် ။ လူခေါ်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ် ” လို့ တန်ဟတ််က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar