တန်ဟတ်ဟာ မက်ဂွားယားနဲ့ ပတ်သက်လို့ လိမ်ညာနေတယ်လို့ ထုတ်ပြောလိုက်တဲ့ ပေါလ် ပါကား

နော်တင်ဟမ် ဖောရက်စ် အသင်းကို 3 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်အပြီးနောက် မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်သူ ပေါလ် ပါကား က အဲရစ် တန်ဟတ် ဟာ ခံစစ်မှူး မက်ဂွားယား နဲ့ ပတ်သက်လို့ လိမ်ညာခဲ့တယ်လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့်တွေ ဆုံးရှုံးခဲ့ရပေမဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့နောက် ပွဲထွက်ခွင့်တွေ ပြန်လည် ရနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ နော်တင်ဟမ်ဖောရက်စ် အသင််းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာတော့ မက်ဂွားယားဟာ ပွဲထွက်ခွင့် မရရှိခဲ့ပဲ အရန်လူ အဖြစ်သာ ပါဝင်ခဲ့ရပါတယ် ။ အဲ့ဒီ နေရာမှာတော့ ဘယ်နောက်ခံလူ လုခ်ရှောဟာ ဗာရန်း နဲ့ ပွဲထွက်ခွင့် ရရှိသွားခဲ့ရပါတယ် ။

ဒီပွဲစဥ် မတိုင်ခင်တုန်းကတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က နောက်ခံလူ ဟယ်ရီ မက်ဂွားယား ဟာ ဖျားနာနေခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ဖူးပါသေးတယ် ။ ထို့အတူ မက်ဂွားယားလည်း အသင်းရဲ့ ပွဲစဥ် နှစ်ပွဲလုံးမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်တဲ့ ပေါလ် ပါကားက ဟယ်ရီ မက်ဂွားယားနဲ့ ပတ်သက်လို့ တန်ဟတ် ပြောခဲ့တာတွေက အလိမ်အညာတွေသာ ဖြစ်ကြောင်း ၊ သူ နေမကောင်းရင်း ကစားသမား စာရင်းထဲတောင် ပါဝင်ခွင့် ရခဲ့မှာ မဟုတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” လုခ်ရှောဟာ ဗဟို ခံစစ်မှူး အဖြစ်နဲ့ ကစားတဲ့ အခါမှာ ကစားပုံ တကယ်ပဲ ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ပထမဆုံံး ပြောချင်ပါတယ် ။ သူဟာ အမှားတောင် နည်းနည်းမှ မကျူးလွန်ခဲ့လို့ ကျွန်တော်တို့ ဟယ်ရီ မက်ဂွားယား ကိုတောင် မလွမ်းဆွတ်ခဲ့ကြရပါဘူး ”

” ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဟယ်ရီ မက်ဂွားယား နေမကောင်းဘူးဆိုတဲ့ပုံပြင်ကို ကျွန်တော်တော့မယုံကြည််ပါဘူး ။ ဒါက လုံးဝကို လိမ်ညာမှုတစ်ခုဖြစ်သလို လုပ်ကြံ ပြောဆိုခြင်း တစ်ခုပါပဲ ။ ဒါဟာ ဘယ်နည်းနဲ့မှ အဓိပ္ပါယ်လည်း မရှိလှပါဘူး ”

” မန်ချက်စတာက အေးခဲတဲ့ ရက်စွဲတွေမှာ ခင်ဗျားဟာ နေမကောင်းတဲ့သူကို အရန်ခုံပေါ် ထိုင်ခိုင်းစရာ အကြောင််းကို မရှိပါဘူး ။ သူ အဆင်သင့် ဖြစ်နေခဲ့ပါတယ် ။ ဒါပေမဲဲ့ တန်ဟတ် က လုခ်ရှော ကိုပဲ ပွဲထုတ်ချင်နေခဲ့တာပါ ” လို့ ပေါလ် ပါကား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar