ဘယ်နေရာမှာ အကောင်းဆုံး ကစားပေးနိုင်သလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ရပ်ရှ်ဖို့

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 16 အဖြစ်် နော်တင်ဟမ် ဖောရက်စ် အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် 19 မိနစ်မှ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင်ရဲ့ ထောင့်ကန်ဘော မှတစ်ဆင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့က သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ ဒီရာသီ ရပ်ရှ်ဖို့ရဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်် ပြိုင်ပွဲစုံ 10 ကြိမ်မြောက် သွင်းဂိုးပဲ ဖြစ်သွားခဲ့ရပါတယ် ။ အဲ့ဒီနောက် 3 မိနစ် အကြာမှာပဲ ရပ်ရှ်ဖို့ ဟာ အသင််းဖော် အန်သိုနီ မာရှယ် အတွက် ဂိုးကိုလည်း ဆက်လက်ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ နောက်ပိုင်း မိနစ်တွေမှာ ယူနိုက်တက်တို့ ကစားရ အနည်းငယ် ခက်ခဲသွားခဲ့ရပြီး ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 77 မိနစ်မှာ လူစားဝင်လာခဲ့တဲ့ ဖရက်ဒ် က 10 မိနစ် အကြာမှာပဲ ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက် တို့ကို ဂိုးပြတ်နိုင်ပွဲ ရရှိသွားစေခဲ့ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ မန်ချက်စတာ ယူနိုက်တက် အတွက်် စတင် ကစားပေး ကတည်းက ဘယ်တောင်ပံ တိုက်စစ်် ကစားသမား အဖြစ် ကစားပေးခဲ့ရတာဖြစ်ပြီး နောက်ပိုင််းမှာတော့ အထောင် တိုက်စစ်မှူး အဖြစ်နဲ့ ကစားပေးခဲ့ရတာလည်း ရှိခဲ့ရပါတယ် ။

အဲ့ဒီတုန်းကတော့ ကစားသမား ကိုယ်တိုင်က အထောင် တိုက်စစ်မှူး အဖြစ် ကစားရတာကို နှစ်သက်ကြောင်း ထုတ််ပြောခဲ့ဖူးပါသေးတယ် ။ အခုတော့ ရပ်ရှ်ဖို့ ကိုယ်တိုင်ကပဲ ဘယ် တောင်ပံ တိုက်စစ် နေရာမှာ အကောင်းဆုံး အစွမ််းပြ ကစားနိုင်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” အဲ့တာက ပြိုင်ဖက် အသင်း အပေါ်မှာ ပိုပြီး မူတည်တယ််လို့ ကျွန်တော် ထင်မိပါတယ် ။ ကျွန်တော် ရင်ဆိုင်ရမဲ့ အသင်းက ဘယ်လို အသင်းမျိုးလဲဆိုတာမျိုးပေါ့ ။ အမြဲတမ််းတော့ မဟုတ်ပေမဲ့ ကျွန်တော်ဟာ ဘယ်တောင်ပံတိုက််စစ် နေရာမှာ ကစားပေးရတာကို နှစ်သက်လှပါတယ် ”

” အကယ်လို့ ပြိုင်ဖက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အားနည််းချက် ရှိနေတယ် ၊ သူတို့ရဲ့ ကစားပုံကို ကျွန်တော်ထိုးဖောက်နိုင်မယ် ၊ ကျွန်တော် လွတ်လွတ်လပ်လပ် ကစားခွင့်ရမယ်ဆိုရင် ပိုပြီးတော့ ကြိုးစားချင်စိတ် ဖြစ်တတ်လာပါတယ် ။ ကွင်းထဲမှာ ဘာကို အာရုံခံနိုင်မလဲဆိုတာကို စူးစမ််းရတာ ကျွန်တော် နှစ်သက်လှပါတယ် ”

” ဒီနေ့ပွဲလိုမျိုးမှာ အခုလို ဂိုးတွေ သွင်းရတာ ကျွန်တော် သက်သောင့်သက်သာ ခံစားရပါတယ် ။ ကျွန်တော် ကိုယ်တိုင််က ဂိုးတွေရအောင် အဲ့လို နေရာယူ ကစားရတာကို နှစ််သက်လှပါတယ် ။ ထောင့်ကန်ဘော ကန်တဲ့ အချိန်တွေမှာ ပြိုင်ဖက် ဂိုးဧရိယာထဲနေရတာ ကျွန်တော် သဘောကျပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar