စံချိန်ချိုးတဲ့ ကိုဟာလန်း ၊ အသင်းသစ်ပြောင်းသူ သက်တမ်းတိုးသူ ကမ်းလှမ်းချဥပ်းကပ်သူတွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာ စီးတီး ဟာ လိဒ်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၂ နေရာကို ပြန်လည် ရယူ သွားခဲ့ ပါတယ် ။

မန်စီးတီး အတွက် ရိုဒရီ က အဖွင့်ဂိုး သွင်းပေး ခဲ့ပြီး အာလင်း ဟာလန်း က ဒုတိယပိုင်းမှာ ၂ ဂိုး ထပ်မံ သွင်းယူ ပေးခဲ့ ပါတယ် ။

ဒီဂိုးတွေကြောင့် ဟာလန်း ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်မြောက် သွားခဲ့ ပါတယ် ။ နော်ဝေသားဟာ ဒီ ဂိုး ၂၀ ကို ၁၄ ပွဲတည်းနဲ့ ရယူ ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုး ၂၀ အမြန်ဆုံး ပြည့်သူ အဖြစ် မှတ်တမ်းသစ် ရေးထိုး သွားနိုင်ခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ စထရာဘော့ဂျ် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ PSG အတွက် မာကွင်ဟိုစ့် က အဖွင့်ဂိုး သွင်းခဲ့ပြီး သူ့ရဲ့ O.G ကြောင့် ၁ ဂိုးစီ သရေ ဖြစ်နေချိန်မှာ ဘာပေ က ၉၀+၆ မိနစ်မှာ ပင်နယ်တီ ကနေ အနိုင်ဂိုး သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

နေမာ ကတော့ ဒီပွဲမှာ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

PSV ရဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး ကိုဒီ ဂတ်ပို ကတော့ မနေ့က ညပိုင်းမှာ လီဗာပူး အသင်းကို ရောက်ရှိ လာခဲ့ပြီး ဆေးစစ်မှု ပြီးမြောက်ကာ ၂၀၂၈ အထိ သက်တမ်းရှိမယ့် စာချုပ်ကို လက်မှတ်ထိုး ချုပ်ဆို သွားခဲ့ ပါတယ် ။

ဂတ်ပို ဟာ လီဗာပူး အသင်းမှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းကလည်း မိုဒီ မှာ ကစားနေတဲ့ တိုက်စစ်မှူး အိုင်ဗရီကိုစ့် တိုက်စစ်မှူးလေး ဒေးဗစ် ဒတ်ထရို ဖိုဖာနာ ကို ပေါင် ၈ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ ကြေညာ သွားခဲ့ ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ဟာ ရစ်ဆီ ဂျိမ်းစ် ဒဏ်ရာ ရရှိမှုကြောင့် ညာနောက်ခံလူသစ် အရှာထွက် နေပြီး ကမ္ဘာ့ဖလား မှာ ခရိုအေးရှား နဲ့ ပုံစံကောင်းတွေ ပြခဲ့တဲ့ ဆဲလ်တစ် နောက်ခံလူ ဂျူရာနိုဗစ် ကို စိတ်ဝင်စားနေတယ်လို့ ကြားသိရ ပါတယ် ။

PSG ကတော့ ဝါရင့် ကွင်းလယ် ကစားသမားကြီး မာကို ဗာရက်တီ ကို ၂၀၂၆ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ကြောင်း ကြေညာသွားခဲ့ ပါတယ် ။

အဲဗာတန် ၊ ဘရန့်ဖိုဒ့် ၊ ဖူလ်ဟမ် နဲ့ ဝုဗ် အသင်းတို့ဟာ ချန်ပီယံရှစ် မှာ ကိုဗင်ထရီ စီးတီး အသင်း အတွက် ဂိုးတွေ သွင်းပေး နေတဲ့ တိုက်စစ်မှူး ဗစ်တာ ဂျွိုင်ရိုကီရက်စ် ကို ခေါ်ယူဖို့ အပြိုင် စောင့်ကြည့် နေတယ်လို့လည်း သိရပါတယ် ။

ကမ္ဘာ့ဖလားနဲ့ အောင်ပွဲ ခံနေတဲ့ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက် ဟာ မနက်ဖြန် မှာ အက်စတွန် ဗီလာ အသင်းထံ ပြန်လည် ပူးပေါင်းမယ်လို့ သိရပါတယ် ။

အာဂျင် နောက်ခံလူ လီဆန်ဒရို မာတီနက် ကတော့ အသင်းဖော် တာဂလီဖီကို ရဲ့ မင်္ဂလာဆောင်ကို မတက်ရောက် ဖြစ်တော့ဘဲ မနေ့က မန်ချက်စတာ ကို ပြန်ရောက် လာကာ ယူနိုက်တက် နဲ့ လေ့ကျင့်မှု ပြုလုပ် နေပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဆွတ်ခူး ခဲ့တဲ့ အန်ဇို ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ဘင်ဖီကာ အသင်းနဲ့ ဆွေးနွေး ပြောဆို နေပြီလို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘရာဇီး တောင်ပံ ကစားသမား လူးကပ် မော်ရာ ဟာ တော့တင်ဟမ် ဟော့စပါး ကနေ ထွက်ခွာပြီး ငယ်စဉ်က ကစားခဲ့တဲ့ ဆာအိုပေါ်လို အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

ဒါပေမယ့် ဆာအိုပေါ်လို အနေနဲ့ စပါး အသင်းထံကနေ မော်ရာ ကို ဝယ်ယူရာမှာ အခက်အခဲ ရှိနိုင်တယ်လို့လည်း သိရှိရ ပါတယ် ။

နယူးကာဆယ် ဟာ ကွင်းလယ်လူ ရှယ်ဗေး ရဲ့ ဒဏ်ရာ အခြေအနေကြောင့် ကွင်းလယ်ကို ထပ်မံ အားဖြည့်ဖို့ စိတ်ကူး ထားပြီး ချဲလ်ဆီး နဲ့ စာချုပ်ကုန်တော့မယ့် ဂျော်ဂျင်ဟို ၊ လက်စတာ ကွင်းလယ်လူ တီလေမန်းစ် တို့ကို စောင့်ကြည့် အကဲခတ်နေတယ်လို့ သိရပါတယ် ။

ဘုန်းမောက် နဲ့ လက်စတာ စီးတီး တို့ကတော့ အီတလီ မှာ ကစားနေတဲ့ ချဲလ်ဆီး လူငယ် တိုက်စစ်မှူးဟောင်း ဂျရမီး ဘိုဂါ ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR